ယခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူဦးရေ (၁၉ဝဝ)ကျော် သေဆုံးခဲ့ပြီး ရန်ကုန်မြို့၌ (၃၁၃)ဦးဖြင့် အများဆုံးသေဆုံး

 595

မျိုးကြီး (NP News) - စက်တင်ဘာ ၂၄

ယခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် လူဦးရေ ၁၉ဝဝ ကျော်သေဆုံးခဲ့ပြီး ရန်ကုန်မြို့တွင် (၃၁၃)ဦးဖြင့် အများဆုံးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတစ်လုံး၌ ယခု ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှုဖြစ် ပွားခဲ့သောအခြေအနေနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ဝ၂၂ ခုနှစ် (၈)လတာကာလအတွင်း၌ ယာဉ်တိုက်မှုပေါင်း (၃၉၂၁)မှုဖြစ်ပွားခဲ့ရာ လူဦး ရေ (၅၃၇၇)ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ (၁၉၃၆)ဦးမှာ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးခဲ့သူ(၁၉၃၆)ဦးအနက် ရန်ကုန်တိုင်းအတွင်း(၃၁၃)ဦးဖြင့် အများဆုံးသေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် ယာဉ်တိုက်မှုကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့သောတိုင်းမှာ မန္တလေးတိုင်းဖြစ်ပြီး (၂၇၄)ဦး သေဆုံးခဲ့ကြောင်း နှင့် ပဲခူးတိုင်းတွင် လူဦးရေ (၂၃၃)ဦးဖြင့် တတိယအများဆုံးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း (၄၅ဝဝ)ဖြစ်ပွားခဲ့ရာ လူဦးရေ (၅၈၆၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ (၂၂၂၉)ဦးမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးထားသည်။

“ယာဉ်တိုက်မှုတွေကတော့ ဖြစ်နေမှာပဲ။ ယာဉ်မဆင်၊ မခြင်မောင်းနှင်တာတွေက များလာတယ်။ လူတွေက စိတ်ရှည်သည်းခံမှုလည်း နည်းလာတယ်။ အဲဒီတော့ ယာဉ်တိုက်မှုတွေက ဖြစ်နေမှာပဲ။ ယာဉ်ထိန်းရဲတွေကလည်း အများပြည်သူထိခိုက်မှုမရှိဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေနဲ့ပတ်သက်လာရင် ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်တယ်”ဟု ယာဉ်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားသည်။

ထို့ပြင် ယခုနှစ် (၈)လတာကာလအတွင်း အမြန်လမ်းပေါ်၌ ယာဉ်တိုက်မှုပေါင်း (၁၁၂)မှုဖြစ်ပွားခဲ့ရာ လူဦးရေ (၁၇၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် (၄၁) ဦးသေဆုံးခဲ့ကြောင်းလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အ လက်များအရ သိရသည်။

zawgyi version
ယခုႏွစ္အတြင္း ယာဥ္တိုက္မႈေၾကာင့္ လူဦးေရ (၁၉ဝဝ)ေက်ာ္ ေသဆုံးခဲ့ၿပီး ရန္ကုန္ၿမိဳ႕၌ (၃၁၃)ဦးျဖင့္ အမ်ားဆုံးေသဆုံး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၄

ယခုႏွစ္အတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ ယာဥ္တိုက္မႈေၾကာင့္ လူဦးေရ ၁၉ဝဝ ေက်ာ္ေသဆုံးခဲ့ၿပီး ရန္ကုန္ၿမိဳ႕တြင္ (၃၁၃)ဦးျဖင့္ အမ်ားဆုံးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံတစ္လုံး၌ ယခု ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွ ၾသဂုတ္လအထိ ယာဥ္တိုက္မႈျဖစ္ ပြားခဲ့ေသာအေျခအေနႏွင့္ပတ္သက္၍ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

၂ဝ၂၂ ခုႏွစ္ (၈)လတာကာလအတြင္း၌ ယာဥ္တိုက္မႈေပါင္း (၃၉၂၁)မႈျဖစ္ပြားခဲ့ရာ လူဦး ေရ (၅၃၇၇)ဦးအထိ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လူဦးေရ (၁၉၃၆)ဦးမွာ ယာဥ္တိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေသဆုံးခဲ့သူ(၁၉၃၆)ဦးအနက္ ရန္ကုန္တိုင္းအတြင္း(၃၁၃)ဦးျဖင့္ အမ်ားဆုံးေသဆုံးခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ယာဥ္တိုက္မႈေၾကာင့္ ဒုတိယအမ်ားဆုံးေသဆုံးခဲ့ေသာတိုင္းမွာ မႏၲေလးတိုင္းျဖစ္ၿပီး (၂၇၄)ဦး ေသဆုံးခဲ့ေၾကာင္း ႏွင့္ ပဲခူးတိုင္းတြင္ လူဦးေရ (၂၃၃)ဦးျဖင့္ တတိယအမ်ားဆုံးေသဆုံးခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလမွ ၾသဂုတ္လအထိ တစ္ႏိုင္ငံလုံး၌ ယာဥ္တိုက္မႈေပါင္း (၄၅ဝဝ)ျဖစ္ပြားခဲ့ရာ လူဦးေရ (၅၈၆၉) ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လူဦးေရ (၂၂၂၉)ဦးမွာ ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးထားသည္။

“ယာဥ္တိုက္မႈေတြကေတာ့ ျဖစ္ေနမွာပဲ။ ယာဥ္မဆင္၊ မျခင္ေမာင္းႏွင္တာေတြက မ်ားလာတယ္။ လူေတြက စိတ္ရွည္သည္းခံမႈလည္း နည္းလာတယ္။ အဲဒီေတာ့ ယာဥ္တိုက္မႈေတြက ျဖစ္ေနမွာပဲ။ ယာဥ္ထိန္းရဲေတြကလည္း အမ်ားျပည္သူထိခိုက္မႈမရွိဖို႔ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေတြနဲ႔ပတ္သက္လာရင္ ထိထိေရာက္ေရာက္အေရးယူဖို႔ လိုအပ္တယ္”ဟု ယာဥ္အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ျပဳထားသည္။

ထို႔ျပင္ ယခုႏွစ္ (၈)လတာကာလအတြင္း အျမန္လမ္းေပၚ၌ ယာဥ္တိုက္မႈေပါင္း (၁၁၂)မႈျဖစ္ပြားခဲ့ရာ လူဦးေရ (၁၇၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ယာဥ္တိုက္မႈမ်ားေၾကာင့္ (၄၁) ဦးေသဆုံးခဲ့ေၾကာင္းလည္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အ လက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.