အငြိမ်းစားသံအမတ်ကြီးနှင့်အတူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု လှိုင်မြို့နယ်တွင်ဖြစ်ပွား

 2279

NP News - စက်တင်ဘာ ၂၄

အငြိမ်းစားသံအမတ်ကြီးနှင့်အတူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ရန် ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၄ ရက်)၊ ညနေ ၃ နာရီအချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ သဘာဝရိပ်ငြိမ်လမ်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ် ကွက်နေသတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အသက်(၇၂)အရွယ်ရှိ ဦးအုန်းသွင်နှင့် ၎င်း၏ သမက်ဖြစ်သူတို့သည် အပြင်မှ ပြန်လာကာ နေအိမ်တံခါးအား ဖွင့်နေစဉ်အချိန်၌ နောက်မှလိုက်ပါလာသည့် ကားတစ်စီးပေါ်မှ အမျိုးသားနှစ်ဦး ဆင်းလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အငြိမ်းစားသံအမတ်ကြီး ဦးအုန်းသွင်နှင့် ၎င်း၏သမက်ဖြစ်သူတို့မှာ နေရာတွင်ပင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ဦးအုန်းသွင်အား ပစ်ခတ်မှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် Inya Urban Force-IUF အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ဦးအုန်းသွင်သည် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သံအမတ်၊ မော်လ်ဒိုက်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းမှုများရှိနေသော်လည်း တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်းမျိုး မရှိသေးပေ။

zawgyi version
အၿငိမ္းစားသံအမတ္ႀကီးႏွင့္အတူ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ လႈိင္ၿမိဳ႕နယ္တြင္ျဖစ္ပြား
NP News - စက္တင္ဘာ ၂၄

အၿငိမ္းစားသံအမတ္ႀကီးႏွင့္အတူ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ ရန္ ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၂၄ ရက္)၊ ညေန ၃ နာရီအခ်ိန္ခန႔္တြင္ လႈိင္ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္၊ သဘာဝရိပ္ၿငိမ္လမ္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရပ္ ကြက္ေနသတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

သီရိလကၤာႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ အသက္(၇၂)အ႐ြယ္ရွိ ဦးအုန္းသြင္ႏွင့္ ၎၏ သမက္ျဖစ္သူတို႔သည္ အျပင္မွ ျပန္လာကာ ေနအိမ္တံခါးအား ဖြင့္ေနစဥ္အခ်ိန္၌ ေနာက္မွလိုက္ပါလာသည့္ ကားတစ္စီးေပၚမွ အမ်ိဳးသားႏွစ္ဦး ဆင္းလာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အၿငိမ္းစားသံအမတ္ႀကီး ဦးအုန္းသြင္ႏွင့္ ၎၏သမက္ျဖစ္သူတို႔မွာ ေနရာတြင္ပင္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ဦးအုန္းသြင္အား ပစ္ခတ္မႈႏွင့္ပတ္သက္၍ ရန္ကုန္အေျခစိုက္ Inya Urban Force-IUF အဖြဲ႕က ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ခဲ့သည္ကို ေတြ႕ရသည္။

ဦးအုန္းသြင္သည္ အၿငိမ္းစား ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္ၿပီး ဘဂၤလားေဒ့ရွ္သံအမတ္၊ ေမာ္လ္ဒိုက္သံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ကို ေမးျမန္းမႈမ်ားရွိေနေသာ္လည္း တစ္စုံတစ္ရာ ျပန္လည္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

Picture

Ko Moe

25/09/2022 12:10

မှတ်ပုံတင် စစ်မရအောင် လုပ်နေကြတာပါ။ ရှင်းပါတယ်။မရှင်းရင် ရှူပ်နေမှာပါပဲ။မဆိုင်ဘူး မထင်နဲ့ လက်စားချေနေတာ

Picture

Khinkyaw Nyo

27/09/2022 05:13

လုံခြုံရေးအရမ်းအားနည်းပါတယ်ထိရောက်စွာကိုင်တွယ်သင့်ပါပြီဦးခင်ညွန့်ကြီးတောင်သတိရမိရပ်ကွက်တိုင်းအပိုင်အလိုက်ပြည်သူ့စစ်ကဲ့သို့အဖွဲ့များဖွဲ့စည်းပေးကာဆယ်အိမ်မှုးရာအိမ်မှုးများမှမိမိအပိုင်များကိုသေချာစွာအုပ်ချုပ်နိုင်လျှင်ယခုလိုဖြစ်ရပ်များကိုတားဆီးနိုင်ပါပြီ

Picture

aung

25/09/2022 00:24

😭

Picture

Wan Jaywan

24/09/2022 20:55

NUG is just terrorist organization. Killing civil servants and retired ambassador is just worst kind of crime.

Picture

Htun Aung Kyaw

25/09/2022 10:46

We condemn such acts of terrorism by NUG/PDF.

Related news

© 2021. All rights reserved.