မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မလေးရှားဝန်ကြီးချုပ် ပြစ်တင်ဝေဖန်

 750

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

မြန်မာနိုင်ငံရေး အခက်အခဲများနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တုံ့ပြန်မှုများအပေါ် မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီယာကွတ်က ဝေဖန်ပြစ်တင်လိုက်တယ်လို့ သိရပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ စက်တင်ဘာ ၂၃ ရက်နေ့က မိန့်ခွန်းပြောဆိုချိန်အတွင်း လုံခြုံရေးကောင်စီကို ဝေဖန်ပြစ်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာ နိုင်ငံရေးအခြေအနေများနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်ခဲ့ကြောင်း၊ လုံခြုံရေးကောင်စီရဲ့တုံ့ပြန်မှုများဟာ စိတ်ပျက်ဝမ်းနည်းစရာဖြစ်စေခဲ့ကြောင်း၊
မလေးရှားဝန်ကြီးချုပ် က ဝေဖန်ပြောဆိုခဲ့ပါတယ်။

၄င်းက "လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်မှုပိုင်းအားနည်းခဲ့တယ်။ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ဖို့ အာဆီယံအဖွဲ့ကို လွှဲပေးထားသလိုဖြစ်နေခဲ့တယ်" လို့ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ်က အာဆီယံဟာ နစက ခေါင်းဆောင်နဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်စေရေး စတဲ့အချက်များ အပါအဝင် သဘောတူညီချက်ငါးချက်ရရှိခဲ့ကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်မှာ အာဆီယံသဘောတူညီချက်ငါးချက်နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ရေးတိုးတက်မှုမရှိတဲ့အပေါ် စိတ်ပျက်မိကြောင်း မလေးရှားဝန်ကြီးချုပ် က ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် က "အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရာမှာ တိုးတက်မှုများမရှိတဲ့အတွက် စိတ်ပျက်မိတယ်။ အာဆီယံသဘောတူညီချက်တွေကို အချိန်အတန်ကြာ ဆက်လက်အသုံးမပြုသင့်တော့ဘူး" လို့ပြောပါတယ်။

မလေးရှားဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှာ နစက အပေါ် မကြာခဏပြစ်တင်ဝေဖန်နေပြီး နစက အပေါ် ချဉ်းကပ်တဲ့နည်းလမ်းပျော့ပြောင်းမှုမရှိတဲ့နိုင်ငံတွေထဲ ဦးဆောင်ပါဝင်နေတဲ့နိုင်ငံဖြစ်ကာ အာဆီယံကို (NUG) နဲ့တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတောင်းဆိုလျက်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီကို မေလးရွားဝန္ႀကီးခ်ဳပ္ ျပစ္တင္ေဝဖန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

ျမန္မာႏိုင္ငံေရး အခက္အခဲမ်ားနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕တုံ႔ျပန္မႈမ်ားအေပၚ မေလးရွားဝန္ႀကီးခ်ဳပ္ အစၥေမးလ္ ဆာဘရီယာကြတ္က ေဝဖန္ျပစ္တင္လိုက္တယ္လို႔ သိရပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ဟာ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာက်င္းပေနတဲ့ ကုလသမဂၢအစည္းအေဝးမွာ စက္တင္ဘာ ၂၃ ရက္ေန႔က မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း လုံၿခဳံေရးေကာင္စီကို ေဝဖန္ျပစ္တင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီဟာ ျမန္မာ ႏိုင္ငံေရးအေျခအေနမ်ားနဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့အေရးယူေဆာင္႐ြက္မႈမ်ား မလုပ္ေဆာင္ခဲ့ေၾကာင္း၊ လုံၿခဳံေရးေကာင္စီရဲ႕တုံ႔ျပန္မႈမ်ားဟာ စိတ္ပ်က္ဝမ္းနည္းစရာျဖစ္ေစခဲ့ေၾကာင္း၊
မေလးရွားဝန္ႀကီးခ်ဳပ္ က ေဝဖန္ေျပာဆိုခဲ့ပါတယ္။

၄င္းက "လုံၿခဳံေရးေကာင္စီဟာ ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္မႈပိုင္းအားနည္းခဲ့တယ္။ ျမန္မာႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး တာဝန္ယူေဆာင္႐ြက္ဖို႔ အာဆီယံအဖြဲ႕ကို လႊဲေပးထားသလိုျဖစ္ေနခဲ့တယ္" လို႔ေျပာပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္က အာဆီယံဟာ နစက ေခါင္းေဆာင္နဲ႔ အၾကမ္းဖက္မႈမ်ားရပ္တန႔္ေရး၊ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျဖစ္ေပၚေစေရး စတဲ့အခ်က္မ်ား အပါအဝင္ သေဘာတူညီခ်က္ငါးခ်က္ရရွိခဲ့ေၾကာင္း၊ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ အာဆီယံသေဘာတူညီခ်က္ငါးခ်က္နဲ႔ပတ္သက္ၿပီး အေကာင္အထည္ေဖာ္ေရးတိုးတက္မႈမရွိတဲ့အေပၚ စိတ္ပ်က္မိေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ က ေျပာပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ က "အာဆီယံသေဘာတူညီခ်က္ငါးခ်က္ အေကာင္အထည္ေဖာ္ရာမွာ တိုးတက္မႈမ်ားမရွိတဲ့အတြက္ စိတ္ပ်က္မိတယ္။ အာဆီယံသေဘာတူညီခ်က္ေတြကို အခ်ိန္အတန္ၾကာ ဆက္လက္အသုံးမျပဳသင့္ေတာ့ဘူး" လို႔ေျပာပါတယ္။

မေလးရွားဟာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားထဲမွာ နစက အေပၚ မၾကာခဏျပစ္တင္ေဝဖန္ေနၿပီး နစက အေပၚ ခ်ဥ္းကပ္တဲ့နည္းလမ္းေပ်ာ့ေျပာင္းမႈမရွိတဲ့ႏိုင္ငံေတြထဲ ဦးေဆာင္ပါဝင္ေနတဲ့ႏိုင္ငံျဖစ္ကာ အာဆီယံကို (NUG) နဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ တိုက္တြန္းေတာင္းဆိုလ်က္ရွိေနတယ္လို႔ သိရပါတယ္။

Picture

Khinkyaw Nyo

27/09/2022 05:06

ကုလမှာတရုတ်နဲ့ရုရှားဗီတိုအာဏာရှိနေသရွေ့လုံခြုံးရေးကောင်စီဘာမှလုပ်မရဘူးဆိုတာသဘောပေါက်

Related news

© 2021. All rights reserved.