ဗဟိုဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စက်သုံးဆီဈေးနှုန်း သတ်မှတ်သည့်အခြေအနေနှင့် ဈေးနှုန်းပြန်လည်မြင့်တက်လာမှုအပေါ် နစကရှင်းလင်း

 2099

မျိုးကြီး (NP News) - စက်တင်ဘာ ၂၅

ဗဟိုဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စက်သုံးဆီဈေးနှုန်း သတ်မှတ်သည့်အခြေအနေနှင့် စက်သုံးဆီဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာမှုအပေါ် နစက၏ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှင်းလင်းအသိပေးထားသည်။

ဝန်ကြီးဌာန၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးအလိုက် နေ့စဉ်စက်သုံးဆီရည်ညွန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိသည်။

အဆိုပါကော်မတီအနေဖြင့် စက်သုံးဆီရည်ညွန်းဈေးနှုန်းများကို ထုတ်ပြန်ပေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS ဈေးနှုန်း၊ Premium ၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ်တို့ကို အခြေခံကာတွက်ချက်ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

စက်သုံးဆီဈေးနှုန်းမှာ တစ်ပတ်အတွင်း တစ်လီတာလျှင် ငွေကျပ် ၃ဝဝ နှင့်အထက် ကျဆင်းသွားခဲ့သော်လည်း ယခုရက်ပိုင်းတွင် အနည်းငယ်ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရသည်။

စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းမြင့်တက်မှုကြောင့် စက်သုံးဆီဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှင်းလင်းအသိပေးထားသည်။

ယခုစက်တင်ဘာလအတွင်း ဓာတ်ဆီ ၈ဝ၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃ဝ၉၅ ဒသမ ၆ဝ စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃၅၉၄ ဒသမ ၆ဝ တန်ကို တင်သွင်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Dong သင်္ဘောသည် ဒီဇယ်ဆီ (၅၁ ဒသမ ၁၇) ဂါလံသန်းနှင့် ပရီမီယံဒီဇယ်ဆီ (၆ဝ ဒသမ ၃၉) ဂါလံသန်း၊ MT Yu Hai သင်္ဘောသည် 92 Ron (၄၂ ဒသမ ၃၃) ဂါလံသန်းနှင့် ဒီဇယ်ဆီ (၉၂ ဒသမ ၂၅) ဂါလံသန်းကို ဆီချလုပ်ငန်းဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထားသည်။

ထို့ကြောင့် ပြည်တွင်း၌ စက်သုံးဆီနှင့်ပတ်သက်၍ ဖူလုံမှုရှိကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထားသည်။

လက်ရှိ နစကအနေဖြင့် ရုရှားနိုင်ငံမှ စက်သုံးဆီများကို ဝယ်ယူတင်သွင်းလျက်ရှိပြီး ၎င်းစက်သုံးဆီများ မြန်မာနိုင်ငံသို့ရောက်ရှိလာပါက ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်မည်ဟုပြောဆိုခဲ့သော်လည်း လတ်တလောအခြေအနေ၌ အနည်းငယ်သာ ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအသုံးပြုသူများအနေဖြင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရလျက်ရှိပြီး စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုနှင့်အတူ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိနေသည်ကို တွေ့ရသည်။

zawgyi version
ဗဟိုဘဏ္ေငြလဲႏႈန္းကို ပုံေသထား၍ စက္သုံးဆီေဈးႏႈန္း သတ္မွတ္သည့္အေျခအေနႏွင့္ ေဈးႏႈန္းျပန္ လည္ျမင့္တက္လာမႈအေပၚ နစကရွင္းလင္း
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၅

ဗဟိုဘဏ္ေငြလဲႏႈန္းကို ပုံေသထား၍ စက္သုံးဆီေဈးႏႈန္း သတ္မွတ္သည့္အေျခအေနႏွင့္ စက္သုံးဆီေဈးႏႈန္း အနည္းငယ္ ျပန္လည္ျမင့္တက္လာမႈအေပၚ နစက၏ စီးပြား ေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ရွင္းလင္းအသိေပးထားသည္။

ဝန္ႀကီးဌာန၏ စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မ တီအေနျဖင့္ တိုင္းႏွင့္ျပည္နယ္အသီးသီးအလိုက္ ေန႔စဥ္စက္သုံးဆီရည္ၫြန္းေဈးႏႈန္းမ်ားကို ထုတ္ျပန္ေပးလ်က္ရွိသည္။

အဆိုပါေကာ္မတီအေနျဖင့္ စက္သုံးဆီရည္ၫြန္းေဈးႏႈန္းမ်ားကို ထုတ္ျပန္ေပးရာတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ေငြလဲႏႈန္းကို ပုံေသထား၍ စင္ကာပူႏိုင္ငံမွ ေန႔စဥ္ထုတ္ျပန္ေသာ MOPS ေဈးႏႈန္း၊ Premium ၊ အေလ်ာ့တြက္၊ အျမတ္ရာခိုင္ႏႈန္း၊ သယ္ယူစရိတ္တို႔ကို အေျခခံကာတြက္ခ်က္ထုတ္ျပန္ေပးျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

စက္သုံးဆီေဈးႏႈန္းမွာ တစ္ပတ္အတြင္း တစ္လီတာလွ်င္ ေငြက်ပ္ ၃ဝဝ ႏွင့္အထက္ က်ဆင္းသြားခဲ့ေသာ္လည္း ယခုရက္ပိုင္းတြင္ အနည္းငယ္ျပန္လည္ျမင့္တက္လာသည္ကို ေတြ႕ရွိရသည္။

စင္ကာပူႏိုင္ငံ၏ MOPS ေဈးႏႈန္းျမင့္တက္မႈေၾကာင့္ စက္သုံးဆီေဈးႏႈန္းအနည္းငယ္ျပန္လည္ျမင့္တက္ခဲ့ျခင္းျဖစ္ေၾကာင္း စီး ပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ရွင္းလင္းအသိေပးထားသည္။

ယခုစက္တင္ဘာလအတြင္း ဓာတ္ဆီ ၈ဝ၄၉၉ တန္ႏွင့္ ဒီဇယ္ဆီ ၁၅၃ဝ၉၅ ဒသမ ၆ဝ စုစုေပါင္း စက္သုံးဆီတန္ခ်ိန္ ၂၃၃၅၉၄ ဒသမ ၆ဝ တန္ကို တင္သြင္းခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း၊ သီလဝါဆိပ္ကမ္းရွိ Terminal မ်ားတြင္ MT Yu Dong သေဘၤာသည္ ဒီဇယ္ဆီ (၅၁ ဒသမ ၁၇) ဂါလံသန္းႏွင့္ ပရီမီယံဒီဇယ္ဆီ (၆ဝ ဒသမ ၃၉) ဂါလံသန္း၊ MT Yu Hai သေဘၤာသည္ 92 Ron (၄၂ ဒသမ ၃၃) ဂါလံသန္းႏွင့္ ဒီဇယ္ဆီ (၉၂ ဒသမ ၂၅) ဂါလံသန္းကို ဆီခ်လုပ္ငန္းေဆာင္႐ြက္ေနေၾကာင္းလည္း ဝန္ႀကီးဌာနက အသိေပးထားသည္။

ထို႔ေၾကာင့္ ျပည္တြင္း၌ စက္သုံးဆီႏွင့္ပတ္သက္၍ ဖူလုံမႈရွိေၾကာင္းလည္း ဝန္ႀကီးဌာနက အသိေပးထားသည္။

လက္ရွိ နစကအေနျဖင့္ ႐ုရွားႏိုင္ငံမွ စက္သုံးဆီမ်ားကို ဝယ္ယူတင္သြင္းလ်က္ရွိၿပီး ၎စက္သုံးဆီမ်ား ျမန္မာႏိုင္ငံသို႔ေရာက္ရွိလာပါက ေဈးႏႈန္းႀကီးျမင့္မႈကို ထိန္းခ်ဳပ္ႏိုင္မည္ဟုေျပာဆိုခဲ့ေသာ္လည္း လတ္တေလာအေျခအေန၌ အနည္းငယ္သာ က်ဆင္းခဲ့သည္ကို ေတြ႕ရွိရသည္။

ျမန္မာႏိုင္ငံအတြင္းရွိ စက္သုံးဆီအသုံးျပဳသူမ်ားအေနျဖင့္ ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကို ခံေနရလ်က္ရွိၿပီး စက္သုံးဆီေဈးႏႈန္း ႀကီးျမင့္မႈႏွင့္အတူ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားမွာလည္း ျမင့္တက္လ်က္ရွိေနသည္ကို ေတြ႕ရသည္။

Picture

Khinkyaw Nyo

27/09/2022 04:54

ပြည်သူတွေကခံဘက်ကချည်းပဲခရိုနီတွေသာကြီးပွားကုန်တာ

Related news

© 2021. All rights reserved.