မြို့နယ်အချို့၌ စက်သုံးဆီများ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိသည့်အတွက် နယ်စပ်ဒေသများမှတစ်ဆင့် တင်သွင်းခွင့်ပြုထား

 798

မျိုးကြီး (NP News) - စက်တင်ဘာ ၂၅

မြို့နယ်အချို့၌ စက်သုံးဆီများ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိသည့်အတွက် နယ်စပ်ဒေသများမှတစ်ဆင့် တင်သွင်းခွင့်ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်းကာ တိုင်းနှင့်ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီ လိုအပ်ချက်များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်ကာ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်ဟုလည်း စီးပွားကူးသန်းဝန်ကြီးဌာနက ဆို သည်။

သို့သော် အချို့သောမြို့နယ်များကို စက်သုံးဆီးဖြန့်ဖြူးရာ၌ စက်သုံးဆီတင်ဘောက်ဆာများနှင့် ဆီတွဲရေယာဉ်များကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှ တိုက်ခိုက်လုယက် မှုများပြုလုပ်လျက်ရှိသည့်အတွက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိသည်ကိုတွေ့ရှိရကြောင်း ဝန်ကြီးဌာနက အသိပေးပြော ဆိုထားသည်။

ထို့ကြောင့် အချို့သော တိုင်းနှင့်ပြည်နယ်များ၏ စက်သုံးဆီလိုအပ်ချက်များ ပြည့်မီနိုင်ရေးအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်များဖြင့် နယ်စပ်ဒေသများမှ စက်သုံးဆီတင်သွင်းမှုများကို ကြီးကြပ်စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စီး ပွားကူးသန်းဝန်ကြီးဌာနက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ရောင်းချသော စက်သုံးဆီ ပရီမီယံဒီဇယ်တစ်လီတာဈေးနှုန်းလျှင်၂၇၃ဝ ကျပ်ဖြစ်ပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၌ ရောင်းချသည့်ဈေးနှုန်းမှာ တစ်လီတာလျှင် ၃၇၃၅ ကျပ်ရှိပြီး ဈေးနှုန်းကွာခြားချက် ၁ဝဝဝ ကျော်ရှိကြောင်းတွေ့ရသည်။

ပြီးခဲ့သောလများအတွင်းက မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီပြတ် လပ်မှုများဖြစ်ပေါ်ခဲ့သည့်အပြင် ဈေးနှုန်းအဆမတန်မြှင့်တင်ကာ ရောင်းချမှုများရှိခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသော ဆီအရောင်းဆိုင်များကို စစ်ဆေးဖော်ထုတ်ကာ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်နေကြောင်းလည်း စီးပွားကူးသန်းဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

zawgyi version
ၿမိဳ႕နယ္အခ်ိဳ႕၌ စက္သုံးဆီမ်ား အခ်ိန္မီမေရာက္ရွိဘဲ ေႏွာင့္ေႏွးလ်က္ရွိသည့္အတြက္ နယ္စပ္ေဒသမ်ားမွတစ္ဆင့္ တင္သြင္းခြင့္ျပဳထား
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၅

ၿမိဳ႕နယ္အခ်ိဳ႕၌ စက္သုံးဆီမ်ား အခ်ိန္မီမေရာက္ရွိဘဲ ေႏွာင့္ေႏွးလ်က္ရွိသည့္အတြက္ နယ္စပ္ေဒသမ်ားမွတစ္ဆင့္ တင္သြင္းခြင့္ျပဳထားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနက ေျပာသည္။

အဆိုပါဝန္ႀကီးဌာနမွ ဖြဲ႕စည္းထားေသာ စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ ငန္းႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ စက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းႏွင့္ပူးေပါင္းကာ တိုင္းႏွင့္ျပည္နယ္မ်ား၏ ၿမိဳ႕နယ္မ်ားအလိုက္ စက္သုံးဆီ လိုအပ္ခ်က္မ်ားကို ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း သိရသည္။

ၿမိဳ႕နယ္မ်ားအလိုက္ စက္သုံးဆီလိုအပ္ခ်က္မ်ားအတြက္ စက္သုံးဆီလက္က်န္အေပၚမူတည္ကာ ခြဲေဝျဖန႔္ျဖဴးေပးလ်က္ရွိသည္ဟုလည္း စီးပြားကူးသန္းဝန္ႀကီးဌာနက ဆို သည္။

သို႔ေသာ္ အခ်ိဳ႕ေသာၿမိဳ႕နယ္မ်ားကို စက္သုံးဆီးျဖန႔္ျဖဴးရာ၌ စက္သုံးဆီတင္ေဘာက္ဆာမ်ားႏွင့္ ဆီတြဲေရယာဥ္မ်ားကို လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕မ်ားမွ တိုက္ခိုက္လုယက္ မႈမ်ားျပဳလုပ္လ်က္ရွိသည့္အတြက္ သက္ဆိုင္ရာစက္သုံးဆီအေရာင္းဆိုင္မ်ားသို႔ အခ်ိန္မီမေရာက္ရွိဘဲ ေႏွာင့္ေႏွးလ်က္ရွိသည္ကိုေတြ႕ရွိရေၾကာင္း ဝန္ႀကီးဌာနက အသိေပးေျပာ ဆိုထားသည္။

ထို႔ေၾကာင့္ အခ်ိဳ႕ေသာ တိုင္းႏွင့္ျပည္နယ္မ်ား၏ စက္သုံးဆီလိုအပ္ခ်က္မ်ား ျပည့္မီႏိုင္ေရးအတြက္ သက္ဆိုင္ရာျပည္နယ္အစိုးရအဖြဲ႕၏ ေထာက္ခံခ်က္မ်ားျဖင့္ နယ္စပ္ေဒသမ်ားမွ စက္သုံးဆီတင္သြင္းမႈမ်ားကို ႀကီးၾကပ္စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း စီး ပြားကူးသန္းဝန္ႀကီးဌာနက ဆိုသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ ေရာင္းခ်ေသာ စက္သုံးဆီ ပရီမီယံဒီဇယ္တစ္လီတာေဈးႏႈန္းလွ်င္၂၇၃ဝ က်ပ္ျဖစ္ၿပီး ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕၌ ေရာင္းခ်သည့္ေဈးႏႈန္းမွာ တစ္လီတာလွ်င္ ၃၇၃၅ က်ပ္ရွိၿပီး ေဈးႏႈန္းကြာျခားခ်က္ ၁ဝဝဝ ေက်ာ္ရွိေၾကာင္းေတြ႕ရသည္။

ၿပီးခဲ့ေသာလမ်ားအတြင္းက ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ စက္သုံးဆီျပတ္ လပ္မႈမ်ားျဖစ္ေပၚခဲ့သည့္အျပင္ ေဈးႏႈန္းအဆမတန္ျမႇင့္တင္ကာ ေရာင္းခ်မႈမ်ားရွိခဲ့ေၾကာင္း ေတြ႕ရသည္။

ထို႔ျပင္ စက္သုံးဆီမ်ားကို သတ္မွတ္ရည္ၫႊန္းေဈးႏႈန္းထက္ ပိုမိုေရာင္းခ်ေသာ ဆီအေရာင္းဆိုင္မ်ားကို စစ္ေဆးေဖာ္ထုတ္ကာ ေရနံႏွင့္ေရနံထြက္ပစၥည္းဆိုင္ရာဥပေဒအရ အေရးယူေဆာင္႐ြက္လ်က္ေနေၾကာင္းလည္း စီးပြားကူးသန္းဝန္ႀကီးဌာနက အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.