သံအမတ်ကြီး နှင်ထုတ်ခံရမှုအတွက် ယူကရိန်းကို တုံ့ပြန်သွားမှာဖြစ်ကြောင်း အီရန်အစိုးရ သတိပေး

 698

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

ယူကရိန်းနိုင်ငံဆိုင်ရာ အီရန်သံတမန်များ နှင်ထုတ်ခံရခြင်းနဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရကို သ့လျော်တဲ့တုံ့ပြန်မှုများ လုပ်ဆောင်သွားမယ်လို့ အီရန်အစိုးရက ကတိပြုပြောဆိုလိုက်ပါတယ်။

အီရန်ဟာ ရုရှားကို ဒရုန်းများ လွှဲပြောင်းရောင်းချခဲ့တယ်လို့ စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီးနောက်မကြာမီ ယူကရိန်းအစိုးရဟာ ယူကရိန်းနိုင်ငံဆိုင်ရာ အီရန်သံတမန်များကို နှင်ထုတ်ဖို့
ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရက အီရန်သံတမန်များကို နှင်ထုတ်ခဲ့တဲ့ ယူကရိန်းရဲ့ဆုံးချက်ချက်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း၊ ယူကရိန်းကို သင့်လျော်တဲ့ လက်တုံ့ပြန်မှုများ လုပ်သွားမှာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကာနာမီက ပြောပါတယ်။

ယူကရိန်းအစိုးရက အီရန်ဟာ ရုရှားကို ဒရုန်းများ ပံ့ပိုးကူညီပေးနေကြောင်း၊ အီရန်ရဲ့လုပ်ရပ်များဟာ ယူကရိန်းနဲ့ အီရန်ကြားဆက်ဆံရေးကိုထိခိုက်စေတဲ့ မိတ်ဆွေမပီသတဲ့လုပ်ရပ်များဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။

အီရန်အစိုးရဟာ ယူကရိန်း နဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ချိန်မှာ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အီရန်အစိုးရက ယူကရိန်းအစိုးရဟာ နိုင်ငံခြားမီဒီယာတွေရဲ့ဝါဒဖြန့်ိမှုများကို ယုံစားပြီး ဆုံးဖြတ်ခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးအသိအမှတ်ပြုလွှာကို ပြန်ရုတ်သိမ်းခဲ့သလို အီရန်သံတမန်များကို အရေအတွက် လျော့ချသွားမယ်လို့ ဆိုခဲ့ပါတယ်။

အီရန်အစိုးရက ၄င်းတို့အနေနဲ့ ယူကရိန်းနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက် ပိုင်ဆိုင်မှုများကိုလေးစားမှုရှိကြောင်း၊ ယူကရိန်း နဲ့ ရုရှားစစ်ပွဲမှာ ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်ခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုပါတယ်။

Zawgyi Version;
သံအမတ္ႀကီး ႏွင္ထုတ္ခံရမႈအတြက္ ယူကရိန္းကို တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း အီရန္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

ယူကရိန္းႏိုင္ငံဆိုင္ရာ အီရန္သံတမန္မ်ား ႏွင္ထုတ္ခံရျခင္းနဲ႔ပတ္သက္ၿပီး ယူကရိန္းအစိုးရကို သ့ေလ်ာ္တဲ့တုံ႔ျပန္မႈမ်ား လုပ္ေဆာင္သြားမယ္လို႔ အီရန္အစိုးရက ကတိျပဳေျပာဆိုလိုက္ပါတယ္။

အီရန္ဟာ ႐ုရွားကို ဒ႐ုန္းမ်ား လႊဲေျပာင္းေရာင္းခ်ခဲ့တယ္လို႔ စြပ္စြဲခ်က္မ်ားထြက္ေပၚလာခဲ့ၿပီးေနာက္မၾကာမီ ယူကရိန္းအစိုးရဟာ ယူကရိန္းႏိုင္ငံဆိုင္ရာ အီရန္သံတမန္မ်ားကို ႏွင္ထုတ္ဖို႔
ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ အီရန္အစိုးရက အီရန္သံတမန္မ်ားကို ႏွင္ထုတ္ခဲ့တဲ့ ယူကရိန္းရဲ႕ဆုံးခ်က္ခ်က္နဲ႔ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္မိေၾကာင္း၊ ယူကရိန္းကို သင့္ေလ်ာ္တဲ့ လက္တုံ႔ျပန္မႈမ်ား လုပ္သြားမွာျဖစ္ေၾကာင္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ နက္ဆာ ကာနာမီက ေျပာပါတယ္။

ယူကရိန္းအစိုးရက အီရန္ဟာ ႐ုရွားကို ဒ႐ုန္းမ်ား ပံ့ပိုးကူညီေပးေနေၾကာင္း၊ အီရန္ရဲ႕လုပ္ရပ္မ်ားဟာ ယူကရိန္းနဲ႔ အီရန္ၾကားဆက္ဆံေရးကိုထိခိုက္ေစတဲ့ မိတ္ေဆြမပီသတဲ့လုပ္ရပ္မ်ားျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။

အီရန္အစိုးရဟာ ယူကရိန္း နဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္ခ်ိန္မွာ ၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ၿပီး ပဋိပကၡမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ တိုက္တြန္းေတာင္းဆိုေနတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။

အီရန္အစိုးရက ယူကရိန္းအစိုးရဟာ ႏိုင္ငံျခားမီဒီယာေတြရဲ႕ဝါဒျဖန႔္ိမႈမ်ားကို ယုံစားၿပီး ဆုံးျဖတ္ခဲ့တာမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။ ယူကရိန္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းႏိုင္ငံဆိုင္ရာ အီရန္သံအမတ္ႀကီးအသိအမွတ္ျပဳလႊာကို ျပန္႐ုတ္သိမ္းခဲ့သလို အီရန္သံတမန္မ်ားကို အေရအတြက္ ေလ်ာ့ခ်သြားမယ္လို႔ ဆိုခဲ့ပါတယ္။

အီရန္အစိုးရက ၄င္းတို႔အေနနဲ႔ ယူကရိန္းႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာပိုင္နက္ ပိုင္ဆိုင္မႈမ်ားကိုေလးစားမႈရွိေၾကာင္း၊ ယူကရိန္း နဲ႔ ႐ုရွားစစ္ပြဲမွာ ၾကားေနႏိုင္ငံအျဖစ္သာ ရပ္တည္ခဲ့ေၾကာင္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန က ဆိုပါတယ္။

Related news

© 2021. All rights reserved.