မလှိုင်မြို့နယ်အတွင်း တပ်မတော်နှင့် PDF အဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွား
2419
NP News - စက်တင်ဘာ၂၅
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်း တပ်မတော်နှင့် PDF အဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
မလှိုင်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာအနီးတွင် PDF များ ရောက်ရှိနေကြောင်းကို ပြည်သူများ၏ သတင်းပေးမှုအရ သိခဲ့ရကြောင်း နစကမှဆိုထားသည်။
ထို့ကြောင့် စက်တင်ဘာလ ၂၃ရက်၊ နေ့လယ်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေပေါ်ကျွန်းကျေးရွာ ကိုင်းတောစပ်အရောက်တွင် PDF များက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှသိရသည်။
ထိုသို့လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အပြန်အလှန်ထိတွေ့မှုများဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးခဲ့ပြီး ၎င်းနေရာရှိ တံတားအောက်ရေမြောင်းအတွင်းမှ PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား ကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
မလႈိင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ PDF အဖြဲ႕ဝင္မ်ားအၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြား
NP News - စက္တင္ဘာ၂၅
မႏၲေလးတိုင္း၊ မလႈိင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ PDF အဖြဲ႕ဝင္မ်ားအၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ရာ PDF အဖြဲ႕ဝင္ အမ်ိဳးသမီးတစ္ဦးဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။
မလႈိင္ၿမိဳ႕နယ္၊ ေရငံေက်း႐ြာအုပ္စု၊ ေ႐ႊေပၚကြၽန္းေက်း႐ြာအနီးတြင္ PDF မ်ား ေရာက္ရွိေနေၾကာင္းကို ျပည္သူမ်ား၏ သတင္းေပးမႈအရ သိခဲ့ရေၾကာင္း နစကမွဆိုထားသည္။
ထို႔ေၾကာင့္ စက္တင္ဘာလ ၂၃ရက္၊ ေန႔လယ္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ေ႐ႊေပၚကြၽန္းေက်း႐ြာ ကိုင္းေတာစပ္အေရာက္တြင္ PDF မ်ားက လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း နစကမွသိရသည္။
ထိုသို႔လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သျဖင့္ အျပန္အလွန္ထိေတြ႕မႈမ်ားျဖစ္ပြားခဲ့ရာ အၾကမ္းဖက္သမားမ်ား ဆုတ္ခြာထြက္ေျပးခဲ့ၿပီး ၎ေနရာရွိ တံတားေအာက္ေရေျမာင္းအတြင္းမွ PDF အဖြဲ႕ဝင္ အမ်ိဳးသမီးတစ္ဦးအား က်ည္ထိမွန္ဒဏ္ရာျဖင့္ ဖမ္းဆီးရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။