တစ်ဖက်နိုင်ငံများတွင် AA စခန်းများအကြောင်း နိုင်ငံတကာမီဒီယာတို့ သတင်းမှောင်ချ

 3333

Htay Oung (NP News) - စက်တင်ဘာ ၂၅

ဘင်္ဂလားဒေ့ရှ်ဘက်ကို နှစ်နိုင်ငံနယ်စပ်အနီချိန်ရွယ်ပြီး မြန်မာဘက်က သေနတ်နဲ့ပစ်ခတ်နေတဲ့အတွက် နိုင်ခေါင် ချာရီနယ်မြေ ဂေါင်းဒုံယူနီယံအတွင်းရှိ တမ်ဘာရူနယ်စပ်မှာ နေထိုင်သူတို့အတွက် အထိတ်တလန့်ဖြစ်ရကြောင်း Dhaka Tribune က ယနေ့ ရေးသားပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့၊ ညမှာ ပြင်းထန်တဲ့ပစ်ခတ်သံများ စတင်ထွက်ပေါ်လာခဲ့ပြီး (ကျည်ပေါက်ကွဲသံကြောင့်) နယ်စပ်အနီး နေအိမ်များမှာလည်း အက်ကြောင်းများ ဖြစ်ပေါ်လာရတယ်လို့ ဒေသခံများက စွပ်စွဲပြောဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခြင်းဟာ မှန်ကန်ကြောင်း အတည်ပြုပေမယ့် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲမှာ ဒီတစ်ကြိမ်တော့ လူထိခိုက် သေဆုံးမှုမရှိဘူးလို့ ဂေါင်းဒုံယူနီယံပရာရှတ်ကောင်စီဥက္ကဋ္ဌ က ဆိုပါတယ်။

စက်တင်ဘာ ၂၃ ရက် ညပိုင်း မြန်မာစစ်ရဟတ်ယာဉ်ဟာ ဘန်ဒါဘန်နယ်မြေ နိုင်ခေါင်ချာရီနယ်စပ်အနီး ဘင်္ဂလား ဒေ့ရှ်ကောင်းကင်ယံမှာ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိတယ်လို့ ဒါကာအခြေစိုက် Daily Star (စက်တင်ဘာလ ၂၄ ရက်) က ယမန်နေ့ ရေးသားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် တမ်ဘာရူရှိ နယ်ခြား လူမဝင်ရကန့်သတ်မြေရှိ ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) စခန်းမှာ မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲမှုရဲ့ကြောင့် မိုဟာ မက်အီဘာ အမည်ရှိ အသက် ၁၇ နှစ်အရွယ် ဘင်္ဂါလီ လူငယ်တစ်ဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ရပါတယ်။

နှစ်နိုင်ငံနယ်ခြားအနီး တစ်ဖက်က ပစ်ခတ်မှုများနဲ့ပတ်သက်လို့ ကုလညီလာခံတက်ရောက်နေတဲ့ ဝန်ကြီးချုပ်ထံမှ ခွင့်ပြုချက်ရယူပြီး မြန်မာဘက်ကို အကြောင်းကြားထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်စ်အမ် ဆိုင်ဖူဒင်အာမက်က ပြောဆိုတယ်လို့ Dhaka Tribune က စက်တင်ဘာ ၂၂ ရက်နေ့ သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်က ဒါကာအခြေစိုက် မြန်မာသံအမတ်ကြီးကိုဆင့်ခေါ်ခဲ့ပြီး နောက်တစ်နေ့မှာ နေပြည်တော်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ဆင့်ခေါ်ခြင်းဖြင့် တုန့်ပြန်ခဲ့ ပါတယ်။

“သူတို့ (မြန်မာ) နဲ့ ဆက်သွယ်နေပါတယ်။ ကျွန်တော်တို့လိုအပ်သလို သတိထားဆောင်ရွက်နေပါတယ်။ ဒီအတွက် ပြည်ပရောက်ရှိနဲ့ ဝန်ကြီးချုပ်ထံ ခွင့်ပြုချက်ရယူပြီး မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပြင်းထန်တဲ့ သတင်းစကားပေးပို့ထားပါတယ်။ သူတို့လက်ချက်မဟုတ်ဘဲ ခွဲထွက်ရေးအုပ်စုတွေက နှစ်နိုင်ငံအကြား တင်းမာမှု ဖြစ်အောင် ဖန်တီးနေခြင်းဖြစ်တဲ့အကြောင်း မြန်မာစစ်တပ်အကြီးအကဲ က ပြန်ကြားလာပါတယ်” တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဒါကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂလားဒေ့ရှ်တပ်မတော်ဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ငြိမ်းချမ်းမှုထိန်းသိမ်ရေးမှာ ပါဝင်လျက်ရှိတဲ့စစ်တပ်ဖြစ် ကြောင်း၊ “လိုအပ်တဲ့အခါတုံ့ပြန်ဖို့ ကျွန်တော်တို့အဆင်သင့်ပါပဲ” လို့ ဆိုကြောင်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်၊ စနေနေ့ ညနေပိုင်းအထိ ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ပစ်ခတ်မှုတွေအပြင် ပေါက်ကွဲ သံကြီးတွေပါ တစ်နေ့လုံး ကြိုကြားကြိုကြား ကြားနေရတယ်လို့ တမ်ဘာရူ နယ်ခြားကန့်သတ်နယ်မြေမှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

နိုင်ခေါင်ချာရီရဲ့ နယ်ခြားမှတ်တိုင် ဘီပီ-၃၄ နဲ့ ဘီပီ-၃၅ တို့မှာ ငြိမ်သက်နေကြောင်း၊ ဒါပေမဲ့အခြားနယ်ခြား မှတ်တိုင်များအကြားမှာ သေနတ်နဲ့ မော်တာပစ်ခတ်သံတွေကြားနေရကြောင်း ဒေသခံကုန်သည်တစ်ဦးက ရှင်းပြ ပါတယ်။

အခုနောက်ဆုံးအကြိမ် ပစ်ခတ်မှုဟာ အချိန်ကြာလာတာနဲ့အမျှ အမြဲတမ်းပုံစံမျိုးဖြစ်လာပုံရကြောင်း၊ ပစ်ခတ်သံ တွေ ရပ်တန့်သွားမယ့် အရိပ်အယောင်တွေ မပြနိုင်တာကြောင့် နယ်စပ်ဒေသနေ သူတို့အားလုံးမှာ အသက် အန္တရာယ်စိုးရိမ်နေကြရတယ်လို့ ဆက်လက်ပြောဆိုပါတယ်။

သတင်းရင်းမြစ်များရဲ့ အဆိုအရ သောကြာနေ့ နံနက် ၈ နာရီ၊ ညနေ ၅ နာရီ ၁ဝ မိနစ်၊ ညနေ ၅ နာရီ ၂၈ မိနစ်နဲ့ ညနေ ၆ နာရီတို့မှာ စုစုပေါင်း ပေါက်ကွဲမှု လေးကြိမ် အသီးသီးဖြစ်ပွားခဲ့တာကို ဒေသခံများလည်း ကြားခဲ့ရကြောင်း သိရှိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်၊ သောကြာနေ့ ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တုန်းက နယ်စပ်မှတ်တိုင်အမှတ် ၃၄ နဲ့ ၃၅ အကြားမှာ မြန်မာဂျက် တိုက်လေယာဉ်တွေက ကျည် ၁ဝ ချက် ၁၅ ချက်ခန့်အထိ ပစ်ခတ်ခဲ့ကြောင်း တမ်ဘာရူ ဒေသန္တရကောင်စီအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ ဒါကာနိုင်ငံခြားရေးဋ္ဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို စတုတ္ထအကြိမ်ဆင့်ခေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ လတ်တလောဖြစ်ပွားခဲ့မှုများနဲ့ ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း ပြသခဲ့ပါတယ်။

သံအမတ်ကြီး ဦးအောင်ကျော်မိုးဟာ နိုင်ငံခြားရေးဌာနမှ ထွက်ခွာစဉ် သတင်းထောက်များကို ရှောင်ကွင်းသွားခဲ့ ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၂-ရက်နေ့မှ စတင်ပြီး ၄ ရက်ကြာ အမေရိကန်ဦးဆောင် အင်ဒိုပစိဖိတ်နိုင်ငံ တပ်မတော် များ စီမံခန့်ခွဲမှုဆိုင်ရာအစည်းအအဝေး IPAMS ကို ဒါကာမြို့မှာ ကျုင်းပခဲ့ပါတယ်။ နှီးနှောဖလှယ်ပွဲတက်ရောက်သူ ၂၄ နိုင်ငံမှ တပ်မတော်ကိုယ်စားလှယ်များဟာ ကော့ခ်ဘဇားဒုက္ခသည်ဘင်္ဂါလီစခန်းကို သွားရောက် ကြည့်ရှုခဲ့ကြပါ တယ်။ ယခုဖြစ်စဉ်များဟာ အဲ့ဒီ IPAMS နှီးနှောဖလှယ်ပွဲနဲ့ ဒုက္ခသည်စခန်းလည်ပတ်မှုအပြီး ဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပြဿနာတွေကို သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးစားနေပေမဲ့ နယ်စပ်မှာ မော်တာပစ်ခတ်နေတာတွေနဲ့ပတ်သက်ပြီး လိုအပ်ပါက ကုလသမဂ္ဂထံ တိုင်ကြားမှာဖြစ်ကြောင်း ဒါကာပြည်ထဲရေးဝန်ကြီး အာဆတ်ဒူဇမန် ခန်ကမဲလ်က ပြောခဲ့ပြီးပါပြီ။

လက်ရှိအချိန်အထိ မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ် နယ်မြေထဲကို မော်တာကျည် ၁၂ လုံး ပစ်သွင်းခဲ့ပြီး ဖြစ်တယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။
(Dhaka Tribune., September 25, 2022,” Firing from Myanmar: Fear grips locals as gunshots continue:Local people allege that the massive sounds of firing began on Friday night” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
တစ္ဖက္ႏိုင္ငံမ်ားတြင္ AA စခန္းမ်ားအေၾကာင္း ႏိုင္ငံတကာမီဒီယာတို႔ သတင္းေမွာင္ခ်
Htay Oung (NP News) - စက္တင္ဘာ ၂၅

ဘဂၤလားေဒ့ရွ္ဘက္ကို ႏွစ္ႏိုင္ငံနယ္စပ္အနီခ်ိန္႐ြယ္ၿပီး ျမန္မာဘက္က ေသနတ္နဲ႔ပစ္ခတ္ေနတဲ့အတြက္ ႏိုင္ေခါင္ ခ်ာရီနယ္ေျမ ေဂါင္းဒုံယူနီယံအတြင္းရွိ တမ္ဘာ႐ူနယ္စပ္မွာ ေနထိုင္သူတို႔အတြက္ အထိတ္တလန႔္ျဖစ္ရေၾကာင္း Dhaka Tribune က ယေန႔ ေရးသားပါတယ္။

စက္တင္ဘာ ၂၃ ရက္ေန႔၊ ညမွာ ျပင္းထန္တဲ့ပစ္ခတ္သံမ်ား စတင္ထြက္ေပၚလာခဲ့ၿပီး (က်ည္ေပါက္ကြဲသံေၾကာင့္) နယ္စပ္အနီး ေနအိမ္မ်ားမွာလည္း အက္ေၾကာင္းမ်ား ျဖစ္ေပၚလာရတယ္လို႔ ေဒသခံမ်ားက စြပ္စြဲေျပာဆိုပါတယ္။ ပစ္ခတ္မႈျဖစ္ပြားျခင္းဟာ မွန္ကန္ေၾကာင္း အတည္ျပဳေပမယ့္ ဘဂၤလားေဒ့ရွ္ပိုင္နက္ထဲမွာ ဒီတစ္ႀကိမ္ေတာ့ လူထိခိုက္ ေသဆုံးမႈမရွိဘူးလို႔ ေဂါင္းဒုံယူနီယံပရာရွတ္ေကာင္စီဥကၠ႒ က ဆိုပါတယ္။

စက္တင္ဘာ ၂၃ ရက္ ညပိုင္း ျမန္မာစစ္ရဟတ္ယာဥ္ဟာ ဘန္ဒါဘန္နယ္ေျမ ႏိုင္ေခါင္ခ်ာရီနယ္စပ္အနီး ဘဂၤလား ေဒ့ရွ္ေကာင္းကင္ယံမွာ ပစ္ခတ္ခဲ့ေၾကာင္း သတင္းရရွိတယ္လို႔ ဒါကာအေျခစိုက္ Daily Star (စက္တင္ဘာလ ၂၄ ရက္) က ယမန္ေန႔ ေရးသားပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၆ ရက္ တမ္ဘာ႐ူရွိ နယ္ျခား လူမဝင္ရကန႔္သတ္ေျမရွိ ဘဂၤါလီ (မူရင္း ႐ိုဟင္ဂ်ာဟု ေဖာ္ျပ) စခန္းမွာ ျမန္မာစစ္တပ္က ပစ္ခတ္လိုက္တဲ့ ေမာ္တာက်ည္ က်ေရာက္ေပါက္ကြဲမႈရဲ႕ေၾကာင့္ မိုဟာ မက္အီဘာ အမည္ရွိ အသက္ ၁၇ ႏွစ္အ႐ြယ္ ဘဂၤါလီ လူငယ္တစ္ဦးေသဆုံးၿပီး အျခားငါးဦး ဒဏ္ရာရရွိခဲ့ရပါတယ္။

ႏွစ္ႏိုင္ငံနယ္ျခားအနီး တစ္ဖက္က ပစ္ခတ္မႈမ်ားနဲ႔ပတ္သက္လို႔ ကုလညီလာခံတက္ေရာက္ေနတဲ့ ဝန္ႀကီးခ်ဳပ္ထံမွ ခြင့္ျပဳခ်က္ရယူၿပီး ျမန္မာဘက္ကို အေၾကာင္းၾကားထားေၾကာင္း၊ ဘဂၤလားေဒ့ရွ္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အက္စ္အမ္ ဆိုင္ဖူဒင္အာမက္က ေျပာဆိုတယ္လို႔ Dhaka Tribune က စက္တင္ဘာ ၂၂ ရက္ေန႔ သတင္းမွာ ေဖာ္ျပပါတယ္။

စက္တင္ဘာ ၁၈ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္က ဒါကာအေျခစိုက္ ျမန္မာသံအမတ္ႀကီးကိုဆင့္ေခၚခဲ့ၿပီး ေနာက္တစ္ေန႔မွာ ေနျပည္ေတာ္က ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္ႀကီးကို ဆင့္ေခၚျခင္းျဖင့္ တုန႔္ျပန္ခဲ့ ပါတယ္။

“သူတို႔ (ျမန္မာ) နဲ႔ ဆက္သြယ္ေနပါတယ္။ ကြၽန္ေတာ္တို႔လိုအပ္သလို သတိထားေဆာင္႐ြက္ေနပါတယ္။ ဒီအတြက္ ျပည္ပေရာက္ရွိနဲ႔ ဝန္ႀကီးခ်ဳပ္ထံ ခြင့္ျပဳခ်က္ရယူၿပီး ျမန္မာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ ျပင္းထန္တဲ့ သတင္းစကားေပးပို႔ထားပါတယ္။ သူတို႔လက္ခ်က္မဟုတ္ဘဲ ခြဲထြက္ေရးအုပ္စုေတြက ႏွစ္ႏိုင္ငံအၾကား တင္းမာမႈ ျဖစ္ေအာင္ ဖန္တီးေနျခင္းျဖစ္တဲ့အေၾကာင္း ျမန္မာစစ္တပ္အႀကီးအကဲ က ျပန္ၾကားလာပါတယ္” တယ္လို႔ ဆိုပါတယ္။

စက္တင္ဘာ ၂၁ ရက္ေန႔ ေဆြးေႏြးပြဲကို တက္ေရာက္လာတဲ့ ဒါကာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘဂၤလားေဒ့ရွ္တပ္မေတာ္ဟာ ကမာၻ႔ကုလသမဂၢရဲ႕ၿငိမ္းခ်မ္းမႈထိန္းသိမ္ေရးမွာ ပါဝင္လ်က္ရွိတဲ့စစ္တပ္ျဖစ္ ေၾကာင္း၊ “လိုအပ္တဲ့အခါတုံ႔ျပန္ဖို႔ ကြၽန္ေတာ္တို႔အဆင္သင့္ပါပဲ” လို႔ ဆိုေၾကာင္း သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

စက္တင္ဘာ ၂၄ ရက္၊ စေနေန႔ ညေနပိုင္းအထိ ပစ္ခတ္သံမ်ား ၾကားခဲ့ရေၾကာင္း ပစ္ခတ္မႈေတြအျပင္ ေပါက္ကြဲ သံႀကီးေတြပါ တစ္ေန႔လုံး ႀကိဳၾကားႀကိဳၾကား ၾကားေနရတယ္လို႔ တမ္ဘာ႐ူ နယ္ျခားကန႔္သတ္နယ္ေျမမွာ ေနထိုင္သူတစ္ဦးက ေျပာျပပါတယ္။

ႏိုင္ေခါင္ခ်ာရီရဲ႕ နယ္ျခားမွတ္တိုင္ ဘီပီ-၃၄ နဲ႔ ဘီပီ-၃၅ တို႔မွာ ၿငိမ္သက္ေနေၾကာင္း၊ ဒါေပမဲ့အျခားနယ္ျခား မွတ္တိုင္မ်ားအၾကားမွာ ေသနတ္နဲ႔ ေမာ္တာပစ္ခတ္သံေတြၾကားေနရေၾကာင္း ေဒသခံကုန္သည္တစ္ဦးက ရွင္းျပ ပါတယ္။

အခုေနာက္ဆုံးအႀကိမ္ ပစ္ခတ္မႈဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် အၿမဲတမ္းပုံစံမ်ိဳးျဖစ္လာပုံရေၾကာင္း၊ ပစ္ခတ္သံ ေတြ ရပ္တန႔္သြားမယ့္ အရိပ္အေယာင္ေတြ မျပႏိုင္တာေၾကာင့္ နယ္စပ္ေဒသေန သူတို႔အားလုံးမွာ အသက္ အႏၲရာယ္စိုးရိမ္ေနၾကရတယ္လို႔ ဆက္လက္ေျပာဆိုပါတယ္။

သတင္းရင္းျမစ္မ်ားရဲ႕ အဆိုအရ ေသာၾကာေန႔ နံနက္ ၈ နာရီ၊ ညေန ၅ နာရီ ၁ဝ မိနစ္၊ ညေန ၅ နာရီ ၂၈ မိနစ္နဲ႔ ညေန ၆ နာရီတို႔မွာ စုစုေပါင္း ေပါက္ကြဲမႈ ေလးႀကိမ္ အသီးသီးျဖစ္ပြားခဲ့တာကို ေဒသခံမ်ားလည္း ၾကားခဲ့ရေၾကာင္း သိရွိရပါတယ္။

စက္တင္ဘာလ ၂၃ ရက္၊ ေသာၾကာေန႔ ည ၁ဝ နာရီ ၄၅ မိနစ္ခန႔္တုန္းက နယ္စပ္မွတ္တိုင္အမွတ္ ၃၄ နဲ႔ ၃၅ အၾကားမွာ ျမန္မာဂ်က္ တိုက္ေလယာဥ္ေတြက က်ည္ ၁ဝ ခ်က္ ၁၅ ခ်က္ခန႔္အထိ ပစ္ခတ္ခဲ့ေၾကာင္း တမ္ဘာ႐ူ ေဒသႏၲရေကာင္စီအဖြဲ႕ဝင္တစ္ဦးက ေျပာျပပါတယ္။

စက္တင္ဘာ ၁၈ ရက္မွာ ဒါကာႏိုင္ငံျခားေရး႒ာနက ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးကို စတုတၳအႀကိမ္ဆင့္ေခၚခဲ့ၿပီး ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္မွာ လတ္တေလာျဖစ္ပြားခဲ့မႈမ်ားနဲ႔ ပတ္သက္ၿပီး ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ျပသခဲ့ပါတယ္။

သံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးဟာ ႏိုင္ငံျခားေရးဌာနမွ ထြက္ခြာစဥ္ သတင္းေထာက္မ်ားကို ေရွာင္ကြင္းသြားခဲ့ ပါတယ္။

လြန္ခဲ့တဲ့ စက္တင္ဘာ ၁၂-ရက္ေန႔မွ စတင္ၿပီး ၄ ရက္ၾကာ အေမရိကန္ဦးေဆာင္ အင္ဒိုပစိဖိတ္ႏိုင္ငံ တပ္မေတာ္ မ်ား စီမံခန႔္ခြဲမႈဆိုင္ရာအစည္းအအေဝး IPAMS ကို ဒါကာၿမိဳ႕မွာ က်ဳင္းပခဲ့ပါတယ္။ ႏွီးေႏွာဖလွယ္ပြဲတက္ေရာက္သူ ၂၄ ႏိုင္ငံမွ တပ္မေတာ္ကိုယ္စားလွယ္မ်ားဟာ ေကာ့ခ္ဘဇားဒုကၡသည္ဘဂၤါလီစခန္းကို သြားေရာက္ ၾကည့္ရႈခဲ့ၾကပါ တယ္။ ယခုျဖစ္စဥ္မ်ားဟာ အဲ့ဒီ IPAMS ႏွီးေႏွာဖလွယ္ပြဲနဲ႔ ဒုကၡသည္စခန္းလည္ပတ္မႈအၿပီး ျဖစ္ေပၚလာေၾကာင္း ေတြ႕ရွိရပါတယ္။

ဘဂၤလားေဒ့ရွ္အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ျပႆနာေတြကို သံတမန္နည္းလမ္းအရ ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ ႀကိဳးစားေနေပမဲ့ နယ္စပ္မွာ ေမာ္တာပစ္ခတ္ေနတာေတြနဲ႔ပတ္သက္ၿပီး လိုအပ္ပါက ကုလသမဂၢထံ တိုင္ၾကားမွာျဖစ္ေၾကာင္း ဒါကာျပည္ထဲေရးဝန္ႀကီး အာဆတ္ဒူဇမန္ ခန္ကမဲလ္က ေျပာခဲ့ၿပီးပါၿပီ။

လက္ရွိအခ်ိန္အထိ ျမန္မာစစ္တပ္က ဘဂၤလားေဒ့ရွ္ နယ္ေျမထဲကို ေမာ္တာက်ည္ ၁၂ လုံး ပစ္သြင္းခဲ့ၿပီး ျဖစ္တယ္ လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။
(Dhaka Tribune., September 25, 2022,” Firing from Myanmar: Fear grips locals as gunshots continue:Local people allege that the massive sounds of firing began on Friday night” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

Wan Jaywan

25/09/2022 15:44

ေမာ္ တာက်ဥ္ ျကည့္ လိုက္ ရင္ ေအ ေအပစ္ တယ္ ဆို တာ အတည္ ျပု ပီးသားျဖစ္ မွာဘဲေလ

Picture

Khinkyaw Nyo

27/09/2022 04:49

မင်းတို့နယ်မြေထဲသူပုန်တွေလက်ခံထားရင်တော့အပစ်ခံရမှာပဲ

Related news

© 2021. All rights reserved.