ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ မီးနဲ့ကစားနေကြောင်း ရုရှားအစိုးရ ဝေဖန်ပြစ်တင်

 601

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

အမေရိကန်အစိုးရဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး မီးနဲ့ကစားနေသလို အာရှဒေသနိုင်ငံများကို လက်အောက်ခံနိုင်ငံများဖြစ်အောင် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး
ဆာဂေးလာရောဗ့် က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ စက်တင်ဘာ ၂၄ ရက်နေ့က ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး က "အမေရိကန်အစိုးရဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး မီးနဲ့ကစားနေတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို ကူညီထောက်ပံ့ပေးမယ်လို့ ကတိတွေပေးနေတာတွေက မီးနဲ့ကစားနေတာဖြစ်တယ်" လို့ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လက ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီလာရောက်ခဲ့မှုအပြင် ထိုင်ဝမ်ကိုကာကွယ်ပေးမယ်လို့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ပြောဆိုချက်တွေက
အမေရိကန်အစိုးရနဲ့ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က ခိုင်ခိုင်မာမာရပ်တည်လျက်ရှိနေတယ်လို့ ဆိုထားပါတယ်။

ရုရှားသမ္မတပူတင် က "ကျွန်တော်တို့ဟာ တရုတ် တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာသွားဖို့ ရည်ရွယ်ထားတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ ဂြိုလ်တုများတပ်ဆင်မှုနဲ့ အမေရိကန်ရဲ့ ရန်စမှုများကို ပြစ်တင်ရှုတ်ချပါတယ်" လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ပြောခဲ့ဖူးပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်အစိုးရဟာ ပိတ်ဆို့မှုများချမှတ်ပြီး ကမ္ဘာကြီးတစ်လုံး နောက်ကြောင်းပြန်ဖို့ကြိုးပမ်းနေကြောင်း ဝေဖန်ခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး က အ‌မေရိကန်ဟာ အာဏာရှင်နိုင်ငံဖြစ်တယ်။ သူတို့ သဘော ထားအတိုင်းမလိုက်ရင် ပိတ်ဆို့မှုချမှတ်ဖို့ ကြိုးပမ်းနေတာမျိုးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရ မီးနဲ႔ကစားေနေၾကာင္း ႐ုရွားအစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

အေမရိကန္အစိုးရဟာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး မီးနဲ႔ကစားေနသလို အာရွေဒသႏိုင္ငံမ်ားကို လက္ေအာက္ခံႏိုင္ငံမ်ားျဖစ္ေအာင္ ႀကိဳးပမ္းေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး
ဆာေဂးလာေရာဗ့္ က ေဝဖန္ေျပာဆိုလိုက္ပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ စက္တင္ဘာ ၂၄ ရက္ေန႔က ကုလသမဂၢမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး က "အေမရိကန္အစိုးရဟာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး မီးနဲ႔ကစားေနတယ္။ အေမရိကန္ဟာ ထိုင္ဝမ္ကို ကူညီေထာက္ပံ့ေပးမယ္လို႔ ကတိေတြေပးေနတာေတြက မီးနဲ႔ကစားေနတာျဖစ္တယ္" လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ၾသဂုတ္လက ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီလာေရာက္ခဲ့မႈအျပင္ ထိုင္ဝမ္ကိုကာကြယ္ေပးမယ္လို႔ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ေျပာဆိုခ်က္ေတြက
အေမရိကန္အစိုးရနဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ပါတယ္။

႐ုရွားသမၼတပူတင္ဟာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရဘက္က ခိုင္ခိုင္မာမာရပ္တည္လ်က္ရွိေနတယ္လို႔ ဆိုထားပါတယ္။

႐ုရွားသမၼတပူတင္ က "ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ တစ္ႏိုင္ငံတည္းမူဝါဒကို လိုက္နာသြားဖို႔ ရည္႐ြယ္ထားတယ္။ ထိုင္ဝမ္ေရလက္ၾကားမွာ ၿဂိဳလ္တုမ်ားတပ္ဆင္မႈနဲ႔ အေမရိကန္ရဲ႕ ရန္စမႈမ်ားကို ျပစ္တင္ရႈတ္ခ်ပါတယ္" လို႔ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းက ေျပာခဲ့ဖူးပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးကလည္း အေမရိကန္အစိုးရဟာ ပိတ္ဆို႔မႈမ်ားခ်မွတ္ၿပီး ကမာၻႀကီးတစ္လုံး ေနာက္ေၾကာင္းျပန္ဖို႔ႀကိဳးပမ္းေနေၾကာင္း ေဝဖန္ခဲ့ပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး က အ‌ေမရိကန္ဟာ အာဏာရွင္ႏိုင္ငံျဖစ္တယ္။ သူတို႔ သေဘာ ထားအတိုင္းမလိုက္ရင္ ပိတ္ဆို႔မႈခ်မွတ္ဖို႔ ႀကိဳးပမ္းေနတာမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.