စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဆက်တိုက်ရှိလာခဲ့ပြီး လူဦးရေ (၂ဝ)နီးပါးအထိရှိလာ

 636

ယွန်း (NP News) - စက်တင်ဘာ ၂၅

မြန်မာနိုင်ငံတွင် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ ဆက်တိုက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက် အလက်များအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုသည် စက်တင်ဘာလအတွင်း သိသိသာသာဖြင့် မြင့်တက်လာခဲ့ပြီး သေဆုံးသူ များသည်လည်း နေ့စဉ်နီးပါးဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရသည်။

စက်တင်ဘာလ (၁)ရက်မှ စက်တင်ဘာလ(၂၄)ရက်အထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာသစ် (၅၉၁၂)ဦးအထိရှိနေပြီး သေဆုံးသူမှာ (၁၇)ဦးအထိရှိလာခဲ့ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အဆိုပါသေဆုံးမှုများထဲတွင် စက်တင်ဘာ(၁၈)ရက်နေ့မှစ၍ သေဆုံးမှုအရေအတွက်မှာ ဆက်တိုက်ရှိလာခဲ့ပြီး (၁၈)ရက်၊ (၁၉)ရက်၊ (၂ဝ)ရက် နှင့် (၂၄)ရက်တို့တွင် သေဆုံးသူ (၂)ဦးစီရှိခဲ့ပြီး (၂၁)ရက်၊ (၂၂)ရက်၊ (၂၃)ရက်တို့တွင် သေဆုံးသူ (၁)ဦးစီရှိခဲ့သည်။

ထို့ပြင် စက်တင်ဘာ (၁)ရက်၊ (၄)ရက်၊ (၅)ရက်၊ (၆)ရက်၊ (၁၃)ရက် နှင့် (၁၄)ရက်တို့တွင် (၁)ဦးစီသေဆုံးခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ(၂၈)ရက်မှ စက်တင်ဘာလ (၂၄)ရက်အထိ သေဆုံးသူ စုစု ပေါင်း(၁၄၅)ဦးရှိခဲ့ပြီး သေဆုံးသူများ၏ (၉၇)ဦး ရာခိုင်နှုန်းအားဖြင့် (၇ဝ)ရာခိုင်နှုန်းမှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါများနှင့် ရောဂါအခံရှိသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သေဆုံးသူများ၏ (၇၉ ဒသမ ၄)ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝမထိုးထားသူများဖြစ်ပြီး၊ (၁၈ ဒသမ ၆)ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံသူများဖြစ်၍ (၂) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ လွန်ခဲ့သောရက်တွင် ထုတ်ပြန်ထားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ စက်တင်ဘာလ(၂၄)ရက်၊ ည(၈)နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ် (၃၈ဝ)ဦးရှိခဲ့ပြီး သေဆုံးသူ(၂)ဦးရှိခဲ့ကြောင်း သိရသည်။

ယခုစက်တင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်မှာ နေ့စဉ်မြင့်တက်လာနေပြီး စက်တင်ဘာလ (၂၁)ရက်တွင် အတည်ပြုလူနာသစ် (၄၆၉)ဦးအထိရှိခဲ့ကြောင်း သတင်းအချက်အလက်များအရသိရသည်။

zawgyi version
စက္တင္ဘာလအတြင္း ကိုဗစ္-၁၉ ၾကာင့္ ေသဆုံးသူဆက္တိုက္ရွိလာခဲ့ၿပီး လူဦးေရ (၂ဝ)နီးပါးအထိရွိလာ
ယြန္း (NP News) - စက္တင္ဘာ ၂၅

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္မွစ၍ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူမ်ား ဆက္တိုက္ရွိလာခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျဖစ္ပြားမႈသည္ စက္တင္ဘာလအတြင္း သိသိသာသာျဖင့္ ျမင့္တက္လာခဲ့ၿပီး ေသဆုံးသူ မ်ားသည္လည္း ေန႔စဥ္နီးပါးျဖစ္ေပၚလ်က္ရွိေၾကာင္း ေတြ႕ရသည္။

စက္တင္ဘာလ (၁)ရက္မွ စက္တင္ဘာလ(၂၄)ရက္အထိ ကိုဗစ္-၁၉ေရာဂါအတည္ျပဳလူနာသစ္ (၅၉၁၂)ဦးအထိရွိေနၿပီး ေသဆုံးသူမွာ (၁၇)ဦးအထိရွိလာခဲ့ေၾကာင္း က်န္းမာ ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါေသဆုံးမႈမ်ားထဲတြင္ စက္တင္ဘာ(၁၈)ရက္ေန႔မွစ၍ ေသဆုံးမႈအေရအတြက္မွာ ဆက္တိုက္ရွိလာခဲ့ၿပီး (၁၈)ရက္၊ (၁၉)ရက္၊ (၂ဝ)ရက္ ႏွင့္ (၂၄)ရက္တို႔တြင္ ေသဆုံးသူ (၂)ဦးစီရွိခဲ့ၿပီး (၂၁)ရက္၊ (၂၂)ရက္၊ (၂၃)ရက္တို႔တြင္ ေသဆုံးသူ (၁)ဦးစီရွိခဲ့သည္။

ထို႔ျပင္ စက္တင္ဘာ (၁)ရက္၊ (၄)ရက္၊ (၅)ရက္၊ (၆)ရက္၊ (၁၃)ရက္ ႏွင့္ (၁၄)ရက္တို႔တြင္ (၁)ဦးစီေသဆုံးခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ(၂၈)ရက္မွ စက္တင္ဘာလ (၂၄)ရက္အထိ ေသဆုံးသူ စုစု ေပါင္း(၁၄၅)ဦးရွိခဲ့ၿပီး ေသဆုံးသူမ်ား၏ (၉၇)ဦး ရာခိုင္ႏႈန္းအားျဖင့္ (၇ဝ)ရာခိုင္ႏႈန္းမွာ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ အသည္း၊ ေက်ာက္ကပ္၊ အဆုတ္၊ ကင္ဆာေရာဂါစသည့္ နာတာရွည္ေရာဂါမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။

ေသဆုံးသူမ်ား၏ (၇၉ ဒသမ ၄)ရာခိုင္ႏႈန္းမွာ ကာကြယ္ေဆးလုံးဝမထိုးထားသူမ်ားျဖစ္ၿပီး၊ (၁၈ ဒသမ ၆)ရာခိုင္ႏႈန္းမွာ ကာကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံသူမ်ားျဖစ္၍ (၂) ရာခိုင္ႏႈန္းမွာ ထပ္ေဆာင္းကာကြယ္ေဆးထိုးထားသူမ်ားျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ လြန္ခဲ့ေသာရက္တြင္ ထုတ္ျပန္ထားခဲ့သည္။

က်န္းမာေရးဝန္ႀကီးဌာနမွ စက္တင္ဘာလ(၂၄)ရက္၊ ည(၈)နာရီထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ေရာဂါ အတည္ျပဳလူနာသစ္ (၃၈ဝ)ဦးရွိခဲ့ၿပီး ေသဆုံးသူ(၂)ဦးရွိခဲ့ေၾကာင္း သိရသည္။

ယခုစက္တင္ဘာလအတြင္း ကိုဗစ္-၁၉ေရာဂါ အတည္ျပဳလူနာသစ္မွာ ေန႔စဥ္ျမင့္တက္လာေနၿပီး စက္တင္ဘာလ (၂၁)ရက္တြင္ အတည္ျပဳလူနာသစ္ (၄၆၉)ဦးအထိရွိခဲ့ေၾကာင္း သတင္းအခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.