လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်(၁၃ဝဝ)ကျော်ထုတ်လုပ်ပေးနိုင်မည့် ရွှေလီ(၃)အပါအဝင်ရေအားလျှပ်စစ်စီမံကိန်း(၆)ခု လာမည့်(၃)နှစ်အတွင်းပြီးစီးမည်

 980

မျိုးကြီး (NP News) - စက်တင်ဘာ ၂၅

ရွှေလီ(၃)အပါအဝင် ရေအားလျှပ်စစ်စီမံကိန်း(၆)ခုမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၃ဝဝကျော်ထုတ်လုပ်နိုင်မည်ဖြစ်ကာ လာမည့်(၃)နှစ်အတွင်း စီမံကိန်းများ ပြီးစီးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဒီးဒုတ်၊ ရွှေလီ(၃)၊ အထက်ရဲရွာ၊ သူဌေး ရေအားလျှပ်စစ်စီမံကိန်း(၄)ခုသည် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရန် သတ်မှတ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသည် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ပြီးစီရန် ရည်ရွယ်ထားပြီး အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသည် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ပြီးစီရန် သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်တွင် ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ် သက်၍ လုပ်ငန်းများဆက်လက်အကောင်အထည်ဖော်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ငွေကျပ် တစ်ဘီလျံသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ဒီးဒုတ်ရေးအားလျှပ်စစ်စီမံကိန်းအတွက် ငွေကျပ်သန်း ၂ဝဝ နှင့် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းအတွက် ငွေကျပ် ၂၂ ဘီလျံကျော် သုံးစွဲကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆက်လက်အကောင်အထည်ဖော်နေကြောင်း သိရသည်။

အလားတူ ယခုနှစ်၌ သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွက် ငွေကျပ် ၆၇ ဘီလျံ၊ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းအတွက် ငွေကျပ် ၃၆ ဘီလျံကျော်နှင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းအတွက် ငွေကျပ် ၇ ဘီလျံ သုံးစွဲကာ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၆၇၁ မဂ္ဂါဝပ်၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းမှ ၁၅၂ မဂ္ဂါဝပ်၊ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းမှ ၆ဝ မဂ္ဂါဝပ်၊ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ၂၈ဝ မဂ္ဂါဝပ်၊ သူဌေး ရေအားလျှပ်စစ်စီမံကိန်းမှ ၁၁၁ မဂ္ဂါဝပ်၊ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ၅၁ မဂ္ဂါဝပ် စုစုပေါင်း လျှပ်စစ် ဓာတ်အား ၁၃၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း၌ မြို့ပေါင်း(၁ဝ၉)မြို့နှင့် ကျေးရွာပေါင်း (၃၅၅၃ဝ) ရွာတွင် နိုင်ငံ တော်ဓာတ်အားစနစ်ဖြင့် မီးလင်းရန်ကျန်ရှိနေသေးကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁၃ဝဝ ေက်ာ္ထုတ္လုပ္ေပးႏိုင္မည့္ ေ႐ႊလီ(၃)အပါအဝင္ေရအားလွ်ပ္စစ္စီမံ ကိန္း(၆)ခု လာမည့္(၃)ႏွစ္အတြင္းၿပီးစီးမည္
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၅

ေ႐ႊလီ(၃)အပါအဝင္ ေရအားလွ်ပ္စစ္စီမံကိန္း(၆)ခုမွ လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ ၁၃ဝဝေက်ာ္ထုတ္လုပ္ႏိုင္မည္ျဖစ္ကာ လာမည့္(၃)ႏွစ္အတြင္း စီမံကိန္းမ်ား ၿပီးစီးမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

ဒီးဒုတ္၊ ေ႐ႊလီ(၃)၊ အထက္ရဲ႐ြာ၊ သူေဌး ေရအားလွ်ပ္စစ္စီမံကိန္း(၄)ခုသည္ ၂ဝ၂၅-၂ဝ၂၆ ဘ႑ာေရးႏွစ္အတြင္း ၿပီးစီးရန္ သတ္မွတ္ထားေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အလယ္ေပါင္းေလာင္းေရအားလွ်ပ္စစ္စီမံကိန္းသည္ ၂ဝ၂၆-၂ဝ၂၇ ဘ႑ာေရးႏွစ္တြင္ ၿပီးစီရန္ ရည္႐ြယ္ထားၿပီး အထက္က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စီမံကိန္းသည္ ၂ဝ၂၄-၂ဝ၂၅ ဘ႑ာေရးႏွစ္တြင္ ၿပီးစီရန္ သတ္မွတ္ထားေၾကာင္း သိရသည္။

လက္ရွိ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္တြင္ ေ႐ႊလီ(၃)ေရအားလွ်ပ္စစ္စီမံကိန္းႏွင့္ပတ္ သက္၍ လုပ္ငန္းမ်ားဆက္လက္အေကာင္အထည္ေဖာ္ေရးအတြက္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ေငြက်ပ္ တစ္ဘီလ်ံသုံးစြဲမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ယခုဘ႑ာႏွစ္အတြင္း ဒီးဒုတ္ေရးအားလွ်ပ္စစ္စီမံကိန္းအတြက္ ေငြက်ပ္သန္း ၂ဝဝ ႏွင့္ အထက္ရဲ႐ြာေရအားလွ်ပ္စစ္ စီမံကိန္းအတြက္ ေငြက်ပ္ ၂၂ ဘီလ်ံေက်ာ္ သုံးစြဲကာ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ဆက္လက္အေကာင္အထည္ေဖာ္ေနေၾကာင္း သိရသည္။

အလားတူ ယခုႏွစ္၌ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းအတြက္ ေငြက်ပ္ ၆၇ ဘီလ်ံ၊ အထက္က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စီမံကိန္းအတြက္ ေငြက်ပ္ ၃၆ ဘီလ်ံေက်ာ္ႏွင့္ အလယ္ေပါင္းေလာင္းေရအားလွ်ပ္စစ္စီမံကိန္းအတြက္ ေငြက်ပ္ ၇ ဘီလ်ံ သုံးစြဲကာ ဆက္လက္အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ႊလီ(၃) ေရအားလွ်ပ္စစ္စီမံကိန္းမွ လွ်ပ္စစ္ဓာတ္အား ၆၇၁ မဂၢါဝပ္၊ အလယ္ေပါင္းေလာင္းေရအားလွ်ပ္စစ္စီမံကိန္းမွ ၁၅၂ မဂၢါဝပ္၊ ဒီးဒုတ္ေရအားလွ်ပ္စစ္စီမံကိန္းမွ ၆ဝ မဂၢါဝပ္၊ အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းမွ ၂၈ဝ မဂၢါဝပ္၊ သူေဌး ေရအားလွ်ပ္စစ္စီမံကိန္းမွ ၁၁၁ မဂၢါဝပ္၊ အထက္က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စီမံကိန္းမွ ၅၁ မဂၢါဝပ္ စုစုေပါင္း လွ်ပ္စစ္ ဓာတ္အား ၁၃၂၅ မဂၢါဝပ္ ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္း၌ ၿမိဳ႕ေပါင္း(၁ဝ၉)ၿမိဳ႕ႏွင့္ ေက်း႐ြာေပါင္း (၃၅၅၃ဝ) ႐ြာတြင္ ႏိုင္ငံ ေတာ္ဓာတ္အားစနစ္ျဖင့္ မီးလင္းရန္က်န္ရွိေနေသးေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Picture

Thant zin Oo

25/09/2022 23:49

မဂ်လာပါ

Related news

© 2021. All rights reserved.