မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ မတူညီတဲ့အမြင်တွေကို ဘေးဖယ်ထားပြီး နိုင်ငံ့ အကျိုးစီးပွားကို အဓိကထားဆောင်ရွက်ရမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

 1264

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

မြန်မာနိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ဖို့ မတူညီတဲ့အမြင်တွေကို ဘေးဖယ်ထားပြီး နိုင်ငံအကျိုးစီးပွားကို အဓိကဦးစားပေးဆောင်ရွက်မယ့်ကြိုးပမ်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွလုပ်ဆောင်ရမှာဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်နန် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ မိန့်ခွန်းပြောဆိုခဲ့ပြီးနောက် စင်ကာပူသတင်းထောက် Nam Yunzhou (LHZB) နဲ့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများကြား စေ့စပ်ဆွေးနွေးမှုတွေ၊
ယုံကြည်ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင်ကြိုးပမ်းရမှာဖြစ်ကြောင်း၊ အဆိုပါတွေ့ဆုံဆွေးနွေးမှုများထဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရမှာဖြစ်သလို အခြားတစ်ဖက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်များ နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ခေါင်းဆောင်တွေ ပါဝင်ရမှာဖြစ်ပြီး ၄င်းတို့ဟာ မတူညီတဲ့အမြင်တွေကိုဘေးဖယ်ထားကာ နိုင်ငံ့အကျိုးစီးပွားကို နံပါတ်တစ်နေရာမှာ ဦးစားပေးကာ တွေ့ဆုံဆွေးနွေးမှုတွေ၊ အစည်းအဝေးတွေနဲ့ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရမှာဖြစ်ကြောင်း၊ အဲဒီလိုမျိုးလုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းဖို့ အဖြေရမှာ မဟုတ်ကြောင်း ဆိုပါတယ်။

အဆိုပါကိစ္စများဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများသာဖြစ်ပြီး အာဆီယံက ကြားဝင်စွက်ဖက်မှု၊ ဖြေရှင်းမှုတွေ ဘယ်တော့မှ လုပ်လို့ရမှာ မဟုတ်ကြောင်း၊ အာဆီယံအဖွဲ့အနေ နဲ့ မြန်မာနိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်အောင် တတ်နိုင်သလောက်အားပေးကူညီမှုတွေ၊ အဆင်ပြေအောင်စီစဉ်ပေးမှုတွေနဲ့ ဖြောင်းဖြမှုတွေသာ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်အောင် နိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းများ စားပွဲဝိုင်းမှာ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံဆွေးနွေးနိုင်အောင် အကောင်းဆုံးကြိုးပမ်းလုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံရေးပြဿနာတွေကို ပြင်ပက ဖြေရှင်းပေးလို့ရမှာမဟုတ်ဘဲ ပြင်ပစွက်ဖက်မှုများက အလုပ်ဖြစ်မှာ မဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ထောက်ပြပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ဖို႔ မတူညီတဲ့အျမင္ေတြကို ေဘးဖယ္ထားၿပီး ႏိုင္ငံ့ အက်ိဳးစီးပြားကို အဓိကထားေဆာင္႐ြက္ရမယ္လို႔ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီး ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

ျမန္မာႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ဖို႔ မတူညီတဲ့အျမင္ေတြကို ေဘးဖယ္ထားၿပီး ႏိုင္ငံအက်ိဳးစီးပြားကို အဓိကဦးစားေပးေဆာင္႐ြက္မယ့္ႀကိဳးပမ္းမႈေတြ၊ ေတြ႕ဆုံေဆြးေႏြးမႈတြလုပ္ေဆာင္ရမွာျဖစ္ေၾကာင္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီး ဗီဗီယမ္ ဘလာကရစ္နန္ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ကုလသမဂၢအစည္းအေဝးမွာ မိန႔္ခြန္းေျပာဆိုခဲ့ၿပီးေနာက္ စင္ကာပူသတင္းေထာက္ Nam Yunzhou (LHZB) နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းက ျမန္မာႏိုင္ငံအတြင္းရွိ အဖြဲ႕အစည္းမ်ားၾကား ေစ့စပ္ေဆြးေႏြးမႈေတြ၊
ယုံၾကည္ေကာင္းမြန္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတဆင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးရရွိေအာင္ႀကိဳးပမ္းရမွာျဖစ္ေၾကာင္း၊ အဆိုပါေတြ႕ဆုံေဆြးေႏြးမႈမ်ားထဲ ေဒၚေအာင္ဆန္းစုၾကည္ပါဝင္ရမွာျဖစ္သလို အျခားတစ္ဖက္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီေခါင္းေဆာင္မ်ား နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဦးေဆာင္တဲ့ စစ္တပ္ေခါင္းေဆာင္ေတြ ပါဝင္ရမွာျဖစ္ၿပီး ၄င္းတို႔ဟာ မတူညီတဲ့အျမင္ေတြကိုေဘးဖယ္ထားကာ ႏိုင္ငံ့အက်ိဳးစီးပြားကို နံပါတ္တစ္ေနရာမွာ ဦးစားေပးကာ ေတြ႕ဆုံေဆြးေႏြးမႈေတြ၊ အစည္းအေဝးေတြနဲ႔ ေစ့စပ္ညႇိႏႈိင္းမႈမ်ားျပဳလုပ္ရမွာျဖစ္ေၾကာင္း၊ အဲဒီလိုမ်ိဳးလုပ္ေဆာင္ႏိုင္ျခင္းမရွိဘူးဆိုရင္ ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းဖို႔ အေျဖရမွာ မဟုတ္ေၾကာင္း ဆိုပါတယ္။

အဆိုပါကိစၥမ်ားဟာ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးကိစၥမ်ားသာျဖစ္ၿပီး အာဆီယံက ၾကားဝင္စြက္ဖက္မႈ၊ ေျဖရွင္းမႈေတြ ဘယ္ေတာ့မွ လုပ္လို႔ရမွာ မဟုတ္ေၾကာင္း၊ အာဆီယံအဖြဲ႕အေန နဲ႔ ျမန္မာႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ေအာင္ တတ္ႏိုင္သေလာက္အားေပးကူညီမႈေတြ၊ အဆင္ေျပေအာင္စီစဥ္ေပးမႈေတြနဲ႔ ေျဖာင္းျဖမႈေတြသာ လုပ္ေဆာင္ႏိုင္မွာျဖစ္ေၾကာင္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ဟာ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံေရးျပႆနာမ်ားကို ေျဖရွင္းႏိုင္ေအာင္ ႏိုင္ငံေရးမွာပါဝင္ေနတဲ့ အဖြဲ႕အစည္းမ်ား စားပြဲဝိုင္းမွာ တစ္ဦးနဲ႔တစ္ဦးေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္း၊ ျမန္မာႏိုင္ငံေရးျပႆနာေတြကို ျပင္ပက ေျဖရွင္းေပးလို႔ရမွာမဟုတ္ဘဲ ျပင္ပစြက္ဖက္မႈမ်ားက အလုပ္ျဖစ္မွာ မဟုတ္ေၾကာင္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီး က ေထာက္ျပေျပာဆိုခဲ့ပါတယ္။

Picture

Htun Aung Kyaw

26/09/2022 05:15

That's right 👍

Picture

Thar gyi

26/09/2022 12:01

စိတ်ရင်း စေတနာမှန်ရင်တော့ ကြိုဆိုပါတယ်။စိတ်စေတနာမမှန်ရင်တော့တူသော အကျိုးခံစားရမှာပါ

Picture

Gni Ndhjs

25/09/2022 22:20

စင်ကာပူဝန်ကြီးလဲသိလာပီ nugသည်ဒီမိုကရေစီစံနှုန်းမရိှဘူး

Picture

စိုင္းဟြမ္ မိန္း အိုရီယြန္

25/09/2022 20:02

👍

Picture

Ko Moe

25/09/2022 22:33

ဒီပွဲက ယူကရိန်း နဲ့ အလဲ ခံလိုက်ရတာပါပဲလေ။ထိုင်ဝမ် မြန်မာ က ထိုင်ဝမ်ပဲ ကျန်တော့တာပါ။

Related news

© 2021. All rights reserved.