လက်နက်အကာအကွယ်မပါတဲ့ ပါလက်စတိုင်းအမျိုးသားကို အစ္စရေးတပ်ဖွဲ့များက ပစ်သတ်

 657

ရောင်နီ (NP News) - စက်တင်ဘာ ၂၅

သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ လက်နက်အကာအကွယ်မပါတဲ့ ပါလက်စတိုင်း အမျိုးသားတစ်ဦးကို အစ္စရေးတပ်ဖွဲ့များက ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့တယ်လို့ ပါလက်စတိုင်းအာဏာပိုင်များက ဆိုခဲ့ပါတယ်။

“အသက် ၃၆ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားကို အစ္စရေး ရဲကားက မတော်တဆတိုက်မိခဲ့ပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်တယ်” လို့ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်၊ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂျေရုဆလင်အနီး၊ အနောက်ဘက်ကမ်းရှိ ဘေ့အစ်ဂ်ျဇာမှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားဟာ အကာအကွယ်မဲ့ ပါလက်စတိုင်းတစ်ဦးဖြစ်ပြီး အန္တရာယ်ပြုနိုင်တဲ့ လက်နက် တစ်စုံတစ်ရာကိုင်ဆောင်ထားခြင်း မရှိခဲ့ဘူးလို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။

အစ္စရေးစစ်တပ်က ပါလက်စတိုင်းစစ်သားတစ်ဦးနဲ့ ရဲအရာရှိတစ်ဦးတို့ ပါဝင်တဲ့ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ယာဉ်တစ်စီးဟာ ၎င်းတို့ယာဉ်ကို တည့်တည့်ဝင်တိုက်ဖို့ကြိုးပမ်းနေတာကြောင့် ၄င်းတို့စစ်သားက ကားကို ပစ်ခတ်ခဲ့ချိန်မှာ အမျိုးသားဟာ ၂ ဖွဲ့ကြား ကြားညှပ် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အစ္စရေးစစ်တပ်ရဲ့ပြောဆိုချက်ကို သေဆုံးသူရဲ့မိသားစုကတော့ ငြင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA ရဲ့အဆိုအရ သေဆုံးသူအမျိုးသားဟာ သိမ်းပိုက်ခံထားရတဲ့ အရှေ့ဂျေရုဆလင် အနောက်မြောက်ဘက်၊ ဘားနာဘာလာရွာရှိ ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လဲကျနေချိန်မှာ အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့တာဖြစ် ကြောင်း ၄င်းရဲ့ဝမ်းကွဲညီဖြစ်သူ ရာမန်ဒန်က ပြောကြားပါတယ်။ စက်တင်ဘာလ ၂၅ ရက်၊တနင်္ဂနွေနေ့ ညနေခင်းမှာ စတင်မယ့် ဂျူးနှစ်သစ်ကူး ပွဲတော် Rosh Hashana ဂျူး အားလပ်ရက်ရာသီမတိုင်ခင် မစ္စရေးဟာ ၄င်းရဲ့နယ်မြေစောင့်ကြပ်မှုတွေကို မြင့်မားစွာ ထားရှိထားပါတယ်။

အစ္စရေးက ၄င်းတို့ကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ပါလက်စတိုင်းသားတွေကိုလိုက်ရှာဖို့အတွက် ရာနဲ့ချီတဲ့ စီးနင်းမှုတွေပြုလုပ်ခဲ့ပြီး အဆိုပါစီးနင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ကာ အစ္စရေးသိမ်းပိုက်ထားတဲ့နယ်မြေများတစ်လျှောက် တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။

Zawgyi Version;
လက္နက္အကာအကြယ္မပါတဲ့ ပါလက္စတိုင္းအမ်ိဳးသားကို အစၥေရးတပ္ဖြဲ႕မ်ားက ပစ္သတ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၅

သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းမွာ လက္နက္အကာအကြယ္မပါတဲ့ ပါလက္စတိုင္း အမ်ိဳးသားတစ္ဦးကို အစၥေရးတပ္ဖြဲ႕မ်ားက ရည္႐ြယ္ခ်က္ရွိရွိ ပစ္သတ္ခဲ့တယ္လို႔ ပါလက္စတိုင္းအာဏာပိုင္မ်ားက ဆိုခဲ့ပါတယ္။

“အသက္ ၃၆ ႏွစ္အ႐ြယ္ ပါလက္စတိုင္းအမ်ိဳးသားကို အစၥေရး ရဲကားက မေတာ္တဆတိုက္မိခဲ့ၿပီးေနာက္ ေသနတ္နဲ႔ ပစ္သတ္ခဲ့ျခင္းျဖစ္တယ္” လို႔ ပါလက္စတိုင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စက္တင္ဘာလ ၂၄ ရက္၊ စေနေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ေဂ်႐ုဆလင္အနီး၊ အေနာက္ဘက္ကမ္းရွိ ေဘ့အစ္ဂ္်ဇာမွာ ေနထိုင္တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ အကာအကြယ္မဲ့ ပါလက္စတိုင္းတစ္ဦးျဖစ္ၿပီး အႏၲရာယ္ျပဳႏိုင္တဲ့ လက္နက္ တစ္စုံတစ္ရာကိုင္ေဆာင္ထားျခင္း မရွိခဲ့ဘူးလို႔ ဝန္ႀကီးဌာနက ေျပာၾကားပါတယ္။

အစၥေရးစစ္တပ္က ပါလက္စတိုင္းစစ္သားတစ္ဦးနဲ႔ ရဲအရာရွိတစ္ဦးတို႔ ပါဝင္တဲ့ အရွိန္ျပင္းျပင္း ေမာင္းႏွင္လာတဲ့ယာဥ္တစ္စီးဟာ ၎တို႔ယာဥ္ကို တည့္တည့္ဝင္တိုက္ဖို႔ႀကိဳးပမ္းေနတာေၾကာင့္ ၄င္းတို႔စစ္သားက ကားကို ပစ္ခတ္ခဲ့ခ်ိန္မွာ အမ်ိဳးသားဟာ ၂ ဖြဲ႕ၾကား ၾကားညႇပ္ ေသဆုံးခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ အစၥေရးစစ္တပ္ရဲ႕ေျပာဆိုခ်က္ကို ေသဆုံးသူရဲ႕မိသားစုကေတာ့ ျငင္းဆိုခဲ့ပါတယ္။

ပါလက္စတိုင္းသတင္းေအဂ်င္စီ WAFA ရဲ႕အဆိုအရ ေသဆုံးသူအမ်ိဳးသားဟာ သိမ္းပိုက္ခံထားရတဲ့ အေရွ႕ေဂ်႐ုဆလင္ အေနာက္ေျမာက္ဘက္၊ ဘားနာဘာလာ႐ြာရွိ ေက်ာင္းတစ္ေက်ာင္းမွာ ေက်ာင္းဆရာအျဖစ္ တာဝန္ထမ္းေဆာင္ေနသူျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ လဲက်ေနခ်ိန္မွာ အစၥေရးတပ္ဖြဲ႕မ်ားက ပစ္ခတ္ခဲ့တာျဖစ္ ေၾကာင္း ၄င္းရဲ႕ဝမ္းကြဲညီျဖစ္သူ ရာမန္ဒန္က ေျပာၾကားပါတယ္။ စက္တင္ဘာလ ၂၅ ရက္၊တနဂၤေႏြေန႔ ညေနခင္းမွာ စတင္မယ့္ ဂ်ဴးႏွစ္သစ္ကူး ပြဲေတာ္ Rosh Hashana ဂ်ဴး အားလပ္ရက္ရာသီမတိုင္ခင္ မစၥေရးဟာ ၄င္းရဲ႕နယ္ေျမေစာင့္ၾကပ္မႈေတြကို ျမင့္မားစြာ ထားရွိထားပါတယ္။

အစၥေရးက ၄င္းတို႔ကိုပစ္မွတ္ထားတဲ့တိုက္ခိုက္မႈေတြမွာ ပါဝင္ပတ္သက္ေနတဲ့ ပါလက္စတိုင္းသားေတြကိုလိုက္ရွာဖို႔အတြက္ ရာနဲ႔ခ်ီတဲ့ စီးနင္းမႈေတြျပဳလုပ္ခဲ့ၿပီး အဆိုပါစီးနင္းတိုက္ခိုက္မႈေတြေၾကာင့္ ပါလက္စတိုင္း ဒါဇင္နဲ႔ခ်ီေသဆုံးခဲ့ကာ အစၥေရးသိမ္းပိုက္ထားတဲ့နယ္ေျမမ်ားတစ္ေလွ်ာက္ တင္းမာမႈမ်ား ျမင့္တက္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.