ဂျပန်နာမည်ကျော်တိုက်ခိုက်ရေးသမားကို အလဲထိုးအနိုင်ယူပြခဲ့တဲ့ ကမ္ဘာကျော်လက်ဝှေ့သမား မေဝဲသာ

 2362

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

ရှုံးပွဲမရှိတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ဖလွိုင်းမေဝဲသာ ဟာ စက်တင်ဘာ ၂၅ ရက်နေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပြိုင်ပွဲမှာ ဂျပန်တိုက်ခိုက်ရေးသမား မီကူရူ အာဆာကာရာကို
အလဲထိုးအနိုင်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ မေဝယ်သာဟာ ဒုတိယအချီမှာ ဂျပန်နိုင်ငံသား အာဆာကူရာကို ညာလက်သီးနဲ့ အလဲထိုးအနိုင်ယူပြခဲ့တာဖြစ်ပြီး၊ ဂျပန်တိုက်ခိုက်ရေးသမားဟာ မေဝယ်သာရဲ့ထိုးချက်ကြောင့် ကြိုးဝိုင်းကြမ်းပြင်ကို လဲကျခဲ့ပြီး ပြန်ထဖို့ကြိုးပမ်းခဲ့ပေမယ့် အမှတ်စဉ်ရေတွက်ချိန်အထိ ပြန်ထနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံသား အာဆာကူရာဟာ MMA နာမည်ကျော်တစ်ဦးဖြစ်သလို ဂျပန်နိုင်ငံရှိ YouTube သုံးစွဲသူများကြားမှာ ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ မေဝဲသာ ဟာ ၂ဝ၁၇ ခုနှစ်မှာ ကမ္ဘာကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ကို အနိုင်ယူခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝက အနားယူခဲ့ပြီးနောက် လက်ဝှေ့ပညာဖလှယ်တဲ့ပုံစံမျိုး ထိုးသတ်တဲ့အပျော်တမ်းလက်ဝှေ့ပွဲစဉ်များသာ ထိုးသတ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

မေဝဲသာ ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝအတွင်း ပွဲပေါင်း ၅ဝ ထိုးသတ်ခဲ့ရာ ပွဲပေါင်း ၅ဝ စလုံးအနိုင်ရကာ ံးပွဲမရှိခဲ့တဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်ပါတယ်။

မေဝဲသာ ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝက အနားယူပြီးနောက် ထိုးကြေးအများအပြားရယူနိုင်မယ့်ပွဲစဉ်များသာ လိုက်လံထိုးသတ်ခဲ့ပြီး ၄င်းကို "Money" အဖြစ် ပရိသတ်များက နာမည်ပြောင်ခေါ်ယူခံနေရသူဖြစ်ပါတယ်။

မေဝဲသာ က "အာဆာကာရာနဲ့ ထိုးသတ်မယ့်ပွဲစဉ်က ထိုးကြေးအများအပြားကို အလွယ်တကူရယူနိုင်မယ့် ပွဲစဉ်မျိုးဖြစ်တယ်" လို့ ပြီးခဲ့တဲ့သီတင်းပတ် က ပြောခဲ့ဖူးပါတယ်။

မေဝဲသာဟာ ပရောက်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူခဲ့ပေမယ့် လက်ဝှေ့ပညာဖလှယ်တဲ့ပုံစံမျိုးထိုးသတ်ရတဲ့ အပျော်တမ်းလက်ဝှေ့ပွဲစဉ်များကြောင့် ဝင်ငွေအများအပြားရရှိနေသူလည်းဖြစ်ပါတယ်။ ၄င်းဟာ ၂ဝ၁၈ ခုနှစ်က ဂျပန်နာမည်ကျော် ကစ်ဘောင်ဆာ သမား နာဆူကာဝါ ကို အလဲထိုးအနိုင်ယူပြီး အဲဒီအချိန်က ထိုးကြေး ၉ သန်းကျော်ရရှိခဲ့ဖူးပါတယ်။

Zawgyi Version;
ဂ်ပန္နာမည္ေက်ာ္တိုက္ခိုက္ေရးသမားကို အလဲထိုးအႏိုင္ယူျပခဲ့တဲ့ ကမာၻေက်ာ္လက္ေဝွ႔သမား ေမဝဲသာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

ရႈံးပြဲမရွိတဲ့ ကမာၻ႔လက္ေဝွ႔ခ်န္ပီယံေဟာင္း ဖလြိဳင္းေမဝဲသာ ဟာ စက္တင္ဘာ ၂၅ ရက္ေန႔က ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ လက္ေဝွ႔ၿပိဳင္ပြဲမွာ ဂ်ပန္တိုက္ခိုက္ေရးသမား မီကူ႐ူ အာဆာကာရာကို
အလဲထိုးအႏိုင္ယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၄၅ ႏွစ္အ႐ြယ္ရွိ ေမဝယ္သာဟာ ဒုတိယအခ်ီမွာ ဂ်ပန္ႏိုင္ငံသား အာဆာကူရာကို ညာလက္သီးနဲ႔ အလဲထိုးအႏိုင္ယူျပခဲ့တာျဖစ္ၿပီး၊ ဂ်ပန္တိုက္ခိုက္ေရးသမားဟာ ေမဝယ္သာရဲ႕ထိုးခ်က္ေၾကာင့္ ႀကိဳးဝိုင္းၾကမ္းျပင္ကို လဲက်ခဲ့ၿပီး ျပန္ထဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ အမွတ္စဥ္ေရတြက္ခ်ိန္အထိ ျပန္ထႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံသား အာဆာကူရာဟာ MMA နာမည္ေက်ာ္တစ္ဦးျဖစ္သလို ဂ်ပန္ႏိုင္ငံရွိ YouTube သုံးစြဲသူမ်ားၾကားမွာ ထင္ရွားသူတစ္ဦးျဖစ္ပါတယ္။ ေမဝဲသာ ဟာ ၂ဝ၁၇ ခုႏွစ္မွာ ကမာၻေက်ာ္တိုက္ခိုက္ေရးသမား မက္ဂရီေဂၚကို အႏိုင္ယူခဲ့ၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္လက္ေဝွ႔သမားဘဝက အနားယူခဲ့ၿပီးေနာက္ လက္ေဝွ႔ပညာဖလွယ္တဲ့ပုံစံမ်ိဳး ထိုးသတ္တဲ့အေပ်ာ္တမ္းလက္ေဝွ႔ပြဲစဥ္မ်ားသာ ထိုးသတ္ခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။

ေမဝဲသာ ဟာ ပေရာ္ဖက္ရွင္နယ္လက္ေဝွ႔သမားဘဝအတြင္း ပြဲေပါင္း ၅ဝ ထိုးသတ္ခဲ့ရာ ပြဲေပါင္း ၅ဝ စလုံးအႏိုင္ရကာ ံးပြဲမရွိခဲ့တဲ့ ကမာၻ႔လက္ေဝွ႔ခ်န္ပီယံ တစ္ဦးျဖစ္ပါတယ္။

ေမဝဲသာ ဟာ ပေရာ္ဖက္ရွင္နယ္လက္ေဝွ႔သမားဘဝက အနားယူၿပီးေနာက္ ထိုးေၾကးအမ်ားအျပားရယူႏိုင္မယ့္ပြဲစဥ္မ်ားသာ လိုက္လံထိုးသတ္ခဲ့ၿပီး ၄င္းကို "Money" အျဖစ္ ပရိသတ္မ်ားက နာမည္ေျပာင္ေခၚယူခံေနရသူျဖစ္ပါတယ္။

ေမဝဲသာ က "အာဆာကာရာနဲ႔ ထိုးသတ္မယ့္ပြဲစဥ္က ထိုးေၾကးအမ်ားအျပားကို အလြယ္တကူရယူႏိုင္မယ့္ ပြဲစဥ္မ်ိဳးျဖစ္တယ္" လို႔ ၿပီးခဲ့တဲ့သီတင္းပတ္ က ေျပာခဲ့ဖူးပါတယ္။

ေမဝဲသာဟာ ပေရာက္ဖက္ရွင္နယ္ကစားသမားဘဝက အနားယူခဲ့ေပမယ့္ လက္ေဝွ႔ပညာဖလွယ္တဲ့ပုံစံမ်ိဳးထိုးသတ္ရတဲ့ အေပ်ာ္တမ္းလက္ေဝွ႔ပြဲစဥ္မ်ားေၾကာင့္ ဝင္ေငြအမ်ားအျပားရရွိေနသူလည္းျဖစ္ပါတယ္။ ၄င္းဟာ ၂ဝ၁၈ ခုႏွစ္က ဂ်ပန္နာမည္ေက်ာ္ ကစ္ေဘာင္ဆာ သမား နာဆူကာဝါ ကို အလဲထိုးအႏိုင္ယူၿပီး အဲဒီအခ်ိန္က ထိုးေၾကး ၉ သန္းေက်ာ္ရရွိခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.