ကနေဒါအရှေ့ပိုင်းမှာ အားကောင်းသော မုန်တိုင်း ဖီအိုနာ တိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်နေ

 418

ရောင်နီ (NP News) - စက်တင်ဘာ ၂၅

အားကောင်းသော ဟာရီကိန်းမုန်တိုင်း ဖီအိုနာဟာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အရှိန်လျော့လာခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်၊ စနေနေ့က ကနေဒါအရှေ့ပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့ရာ ပြင်းထန်သော မိုးရွာသွန်းမှု ကြောင့် လူထောင်ပေါင်းများစွာအတွက် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မုန်တိုင်းကြောင့် နယူးဖောင်လန်မှာ အမျိုးသမီးနှစ်ဦး ပင်လယ်ထဲသို့မျောပါသွားခဲ့ကာ တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ ပေမယ့် ကျန်တစ်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ Royal Canadian Mounted Police မှ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

နယူးဖောင်လန် အနောက်တောင်ဘက်စွန်းရှိ ချန်နယ်ပေါ့ အူဘေ့ကွက် မြို့တော်ဝန် ဘရီယန်ဘော့တွန်က "မုန်တိုင်းဟာ ကျွန်ုပ်တို့ခန့်မှန်းထားတာထက် ပိုမိုဆိုးရွားစွာ ပျက်စီးစေတယ်” “ဒီဒေသမှာ မြင်ဖူးသမျှ လေမုန်တိုင်း တွေထဲမှာ အပြင်းထန်ဆုံးပါပဲ။ အိမ်တော်တော်များများ ပင်လယ်ထဲကို မျောပါသွားတယ်” လို့ ၄င်းက ဆိုပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ မရေမတွက်နိုင်အောင် လဲကျကာ အဆောက်အဦးခေါင်မိုးများ ကျိုးကြေ ခဲ့ပြီး ဒေသအနှံ့ အိမ်ခြေ ၅ဝဝဝဝဝ ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ ဖီအိုနာမုန်တိုင်းဟာ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းအဖြစ် အရှိန်လျော့လာခဲ့ပေမယ့် လေတိုက်နှုန်းမှာ တစ်နာရီကို ၁၃ဝ ကီလိုမီတာ (80 mph) နှုန်းနဲ့ တိုက်ခတ်နေဆဲဖြစ်ကြောင်း မိုးလေဝသပညာရှင်များရဲ့ ပြောကြားချက်အရ သိရပါတယ်။

Canadian Hurricane Center (CHC) ရဲ့အဆိုအရ မုန်တိုင်းဟာ နံနက် ၃ နာရီမှာ နိုဗာစကောတီရာပြည်နယ်သို့ ပထမဆုံး ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့ပြီး ပြည်နယ်အတွင်း အိမ်ခြေ ၃၈၄ဝဝဝခန့် စက်တင်ဘာလ ၂၄ ရက်၊ စနေနေ့ နေ့လယ်ပိုင်းအထိ လျှပ်စစ်မီးပြတ်တောက်ခဲ့ကာ နယူးဘန်းစ်ဝစ်မှာ အိမ်ခြေ ၃၂ဝဝဝ နဲ့ ပရင့်အက်၀က် အိုင်လန်မှာ အိမ်ခြေ ၈၂ဝဝဝ ခန့် အသီးသီး လျှပ်စစ်ဓာတ်အား ပျက်တောက်ခဲ့တယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံဟာ ၎င်းရဲ့အရှေ့ဘက်ကမ်းရိုးတန်းဒေသများရှိ နေရာများအတွက် ပြင်းထန်သော ရာသီဥတု သတိပေး ချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုဗာစကောတီယာ နဲ့ ပရင့်အက်ဝတ်ကျွန်းတွေမှာ ၁၂၅ မီလီမီတာ (ပေ ၄ဝ) အထိ လှိုင်းကြီးခဲ့ပြီး နယူးဖောင်လန် အနောက်ပိုင်းမှာ မိုးရေချိန် ၁၂၅ မီလီမီတာ (၄.၉ လက်မ) အထိ ရရှိခဲ့ ကြောင်း CHC မှ ဖော်ပြချက်အရ သိရပါတယ်။

Zawgyi Version;
ကေနဒါအေရွ႕ပိုင္းမွာ အားေကာင္းေသာ မုန္တိုင္း ဖီအိုနာ တိုက္ခတ္မႈေၾကာင့္ ဓာတ္အားလိုင္းမ်ား ျပတ္ေတာက္ေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂၅

အားေကာင္းေသာ ဟာရီကိန္းမုန္တိုင္း ဖီအိုနာဟာ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္းအျဖစ္သို႔ အရွိန္ေလ်ာ့လာခဲ့ၿပီး စက္တင္ဘာလ ၂၄ ရက္၊ စေနေန႔က ကေနဒါအေရွ႕ပိုင္းသို႔ဝင္ေရာက္တိုက္ခတ္ခဲ့ရာ ျပင္းထန္ေသာ မိုး႐ြာသြန္းမႈ ေၾကာင့္ လူေထာင္ေပါင္းမ်ားစြာအတြက္ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား ျပတ္ေတာက္ခဲ့တယ္လို႔ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

မုန္တိုင္းေၾကာင့္ နယူးေဖာင္လန္မွာ အမ်ိဳးသမီးႏွစ္ဦး ပင္လယ္ထဲသို႔ေမ်ာပါသြားခဲ့ကာ တစ္ဦးကို ကယ္ဆယ္ႏိုင္ခဲ့ ေပမယ့္ က်န္တစ္ဦးကေတာ့ ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ Royal Canadian Mounted Police မွ သတင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

နယူးေဖာင္လန္ အေနာက္ေတာင္ဘက္စြန္းရွိ ခ်န္နယ္ေပါ့ အူေဘ့ကြက္ ၿမိဳ႕ေတာ္ဝန္ ဘရီယန္ေဘာ့တြန္က "မုန္တိုင္းဟာ ကြၽႏ္ုပ္တို႔ခန္႔မွန္းထားတာထက္ ပိုမိုဆိုး႐ြားစြာ ပ်က္စီးေစတယ္” “ဒီေဒသမွာ ျမင္ဖူးသမွ် ေလမုန္တိုင္း ေတြထဲမွာ အျပင္းထန္ဆုံးပါပဲ။ အိမ္ေတာ္ေတာ္မ်ားမ်ား ပင္လယ္ထဲကို ေမ်ာပါသြားတယ္” လို႔ ၄င္းက ဆိုပါတယ္။

မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္မ်ား မေရမတြက္ႏိုင္ေအာင္ လဲက်ကာ အေဆာက္အဦးေခါင္မိုးမ်ား က်ိဳးေၾက ခဲ့ၿပီး ေဒသအႏွံ႔ အိမ္ေျခ ၅ဝဝဝဝဝ ခန႔္ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့တယ္လို႔ သိရပါတယ္။ ဖီအိုနာမုန္တိုင္းဟာ အပူပိုင္းဆိုင္ကလုန္း မုန္တိုင္းအျဖစ္ အရွိန္ေလ်ာ့လာခဲ့ေပမယ့္ ေလတိုက္ႏႈန္းမွာ တစ္နာရီကို ၁၃ဝ ကီလိုမီတာ (80 mph) ႏႈန္းနဲ႔ တိုက္ခတ္ေနဆဲျဖစ္ေၾကာင္း မိုးေလဝသပညာရွင္မ်ားရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

Canadian Hurricane Center (CHC) ရဲ႕အဆိုအရ မုန္တိုင္းဟာ နံနက္ ၃ နာရီမွာ ႏိုဗာစေကာတီရာျပည္နယ္သို႔ ပထမဆုံး ကုန္းတြင္းပိုင္းသို႔ဝင္ေရာက္ခဲ့ၿပီး ျပည္နယ္အတြင္း အိမ္ေျခ ၃၈၄ဝဝဝခန္႔ စက္တင္ဘာလ ၂၄ ရက္၊ စေနေန႔ ေန႔လယ္ပိုင္းအထိ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ကာ နယူးဘန္းစ္ဝစ္မွာ အိမ္ေျခ ၃၂ဝဝဝ နဲ႔ ပရင့္အက္၀က္ အိုင္လန္မွာ အိမ္ေျခ ၈၂ဝဝဝ ခန္႔ အသီးသီး လွ်ပ္စစ္ဓာတ္အား ပ်က္ေတာက္ခဲ့တယ္လို႔ သိရပါတယ္။

ကေနဒါႏိုင္ငံဟာ ၎ရဲ႕အေရွ႕ဘက္ကမ္း႐ိုးတန္းေဒသမ်ားရွိ ေနရာမ်ားအတြက္ ျပင္းထန္ေသာ ရာသီဥတု သတိေပး ခ်က္ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။ ႏိုဗာစေကာတီယာ နဲ႔ ပရင့္အက္ဝတ္ကြၽန္းေတြမွာ ၁၂၅ မီလီမီတာ (ေပ ၄ဝ) အထိ လႈိင္းႀကီးခဲ့ၿပီး နယူးေဖာင္လန္ အေနာက္ပိုင္းမွာ မိုးေရခ်ိန္ ၁၂၅ မီလီမီတာ (၄.၉ လက္မ) အထိ ရရွိခဲ့ ေၾကာင္း CHC မွ ေဖာ္ျပခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.