မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်လိုက်သော ဒုံးကျည်သည် ပင်လယ်ဖက်သို့ဦးတည်သွားကြောင်း တောင်ကိုရီးယားဆို

 660

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၅

မြောက်ကိုရီးယားနိုင်ငံသည် ပိတ်ဆို့မှုများရင်ဆိုင်နေရသော်လည်း ၂ဝ၂၂ ခုနှစ် စက်တင်ဘာ (၂၅) ရက်တွင် တောင်ကိုရီးယားနိုင်ငံ၏ အ‌ရှေ့ဖက်ပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည် အနည်းဆုံးတစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် နံနက်(၇)နာရီမတိုင်မီ တာတိုဒုံးကျည်တစ်စင်းကို ပြုံးယမ်းမြို့၏မြောက်ဖက် ကီလိုမီတာ(၁ဝဝ)ကျော် အကွာတွင်ရှိသည့် တေးချွန်ကောင်တီအနီးမှ စမ်းသပ်ပစ်လွှတ်ခဲ့သည်ကိုတွေရှိခဲ့ကြောင်း၊ အဆိုပါဒုံးကျည်သည် အမြင့်ကီလိုမီတာ(၆ဝ) ခန့်မှ အကွာအဝေး(၆ဝဝ)ကီလိုမီတာခန့်အထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ဆိုထားသည်။

တောင်ကိုရီးယားနိုင်ငံ တာဝန်ရှိသူများက မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောများမှ
ပစ်လွှတ်မည့်ဒုံးကျည်ကို စမ်းသပ်ရန်ပြင်ဆင်နေသည့်အရိပ်အယောင်များကို သတိပြုမိကြောင်း ပြောကြားပြီးနောက် တစ်ရက်အကြာတွင် အဆိုပါဒုံးကျည်စမ်းသပ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှုများနှင့်ပတ်သက်ပြီး နှစ်ရှည်လများ မတည်မငြိမ်ဖြစ်နေသည့်ကြားက ၎င်း၏စစ်ရေးစွမ်းရည်ကို ဆက်လက်တိုးချဲ့နေကြောင်း၊ ၂ဝ၁၇ ခုနှစ်တွင် ပထမဆုံးသော တိုက်ချင်းပစ်ဒုံးကျည်များအပါအဝင် ဒုံးကျည်အစင်းပေါင်း (၃ဝ) ကျော်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကာ ၂ဝ၂၂ ခုနှစ်တွင် ၎င်း၏စမ်းသပ်ပစ်လွှတ်မှုများကို စံချိန်တင်အရှိန်မြင့်တင်ခဲ့ကြောင်းသိရသည်။

အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Ronald Reagan ဦးဆောင်သည့်သင်္ဘောအုပ်စုသည် မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကို ဆန့်ကျင်ရန်နှင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တောင်ကိုရီးယားသို့ ရောက်ရှိလာချိန်တွင် အဆိုပါဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကာမာလာ ဟာရစ် သည် လာမည့်ရက်ပိုင်းတွင် တိုကျိုမြို့တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ရာ ကာမာလာ ဟာရစ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုတွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ေျမာက္ကိုရီးယား စမ္းသပ္ပစ္လႊတ္လိုက္ေသာ ဒုံးက်ည္သည္ ပင္လယ္ဖက္သို႔ဦးတည္သြားေၾကာင္း ေတာင္ကိုရီးယားဆို
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၅

ေျမာက္ကိုရီးယားႏိုင္ငံသည္ ပိတ္ဆို႔မႈမ်ားရင္ဆိုင္ေနရေသာ္လည္း ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာ (၂၅) ရက္တြင္ ေတာင္ကိုရီးယားႏိုင္ငံ၏ အ‌ေရွ႕ဖက္ပင္လယ္ျပင္သို႔ ပဲ့ထိန္းဒုံးက်ည္ အနည္းဆုံးတစ္စင္းကို ပစ္ခတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ နံနက္(၇)နာရီမတိုင္မီ တာတိုဒုံးက်ည္တစ္စင္းကို ၿပဳံးယမ္းၿမိဳ႕၏ေျမာက္ဖက္ ကီလိုမီတာ(၁ဝဝ)ေက်ာ္ အကြာတြင္ရွိသည့္ ေတးခြၽန္ေကာင္တီအနီးမွ စမ္းသပ္ပစ္လႊတ္ခဲ့သည္ကိုေတြရွိခဲ့ေၾကာင္း၊ အဆိုပါဒုံးက်ည္သည္ အျမင့္ကီလိုမီတာ(၆ဝ) ခန႔္မွ အကြာအေဝး(၆ဝဝ)ကီလိုမီတာခန႔္အထိ ပ်ံသန္းခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္က ဆိုထားသည္။

ေတာင္ကိုရီးယားႏိုင္ငံ တာဝန္ရွိသူမ်ားက ေျမာက္ကိုရီးယားႏိုင္ငံသည္ ေရငုပ္သေဘၤာမ်ားမွ
ပစ္လႊတ္မည့္ဒုံးက်ည္ကို စမ္းသပ္ရန္ျပင္ဆင္ေနသည့္အရိပ္အေယာင္မ်ားကို သတိျပဳမိေၾကာင္း ေျပာၾကားၿပီးေနာက္ တစ္ရက္အၾကာတြင္ အဆိုပါဒုံးက်ည္စမ္းသပ္မႈလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

ေျမာက္ကိုရီးယားသည္ န်ဴကလီးယားစမ္းသပ္မႈမ်ားႏွင့္ပတ္သက္ၿပီး ႏွစ္ရွည္လမ်ား မတည္မၿငိမ္ျဖစ္ေနသည့္ၾကားက ၎၏စစ္ေရးစြမ္းရည္ကို ဆက္လက္တိုးခ်ဲ႕ေနေၾကာင္း၊ ၂ဝ၁၇ ခုႏွစ္တြင္ ပထမဆုံးေသာ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားအပါအဝင္ ဒုံးက်ည္အစင္းေပါင္း (၃ဝ) ေက်ာ္ကို စမ္းသပ္ပစ္လႊတ္ခဲ့ကာ ၂ဝ၂၂ ခုႏွစ္တြင္ ၎၏စမ္းသပ္ပစ္လႊတ္မႈမ်ားကို စံခ်ိန္တင္အရွိန္ျမင့္တင္ခဲ့ေၾကာင္းသိရသည္။

အေမရိကန္ႏိုင္ငံ၏ န်ဴကလီးယားစြမ္းအင္သုံး ေလယာဥ္တင္သေဘၤာ USS Ronald Reagan ဦးေဆာင္သည့္သေဘၤာအုပ္စုသည္ ေျမာက္ကိုရီးယား၏ၿခိမ္းေျခာက္မႈကို ဆန႔္က်င္ရန္ႏွင့္ ေတာင္ကိုရီးယားႏွင့္ ႏွစ္ႏိုင္ငံပူးတြဲစစ္ေရးေလ့က်င့္မႈျပဳလုပ္ရန္ ေတာင္ကိုရီးယားသို႔ ေရာက္ရွိလာခ်ိန္တြင္ အဆိုပါဒုံးက်ည္ပစ္လႊတ္မႈ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံ ဒုတိယသမၼတ ကာမာလာ ဟာရစ္ သည္ လာမည့္ရက္ပိုင္းတြင္ တိုက်ိဳၿမိဳ႕တြင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး၏ ႏိုင္ငံေတာ္စ်ာပနအခမ္းအနားသို႔ တက္ေရာက္မည္ျဖစ္ရာ ကာမာလာ ဟာရစ္ ခရီးစဥ္မတိုင္ခင္ရက္ပိုင္းအလိုတြင္ ေျမာက္ကိုရီးယားက ဒုံးက်ည္စမ္းသပ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.