မန္တလေး-လားရှိုး ဂုတ်တွင်းကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ သစ်ပင်အားဝင်တိုက်ရာ အမျိုးသားတစ်ဦးသေဆုံး

 565

NP News - စက်တင်ဘာ ၂၅

မန္တလေး-လားရှိုး ဂုတ်တွင်းကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ သစ် ပင်အားဝင်တိုက်ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၅ရက်) ညနေ ၄နာရီအချိန်ခန့်တွင် မန္တလေး-လားရှိုး ဂုတ်တွင်းလမ်း၌ ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

အဆိုပါဖြစ်စဉ်မှာ မန္တလေး-လားရှိုး ဂုတ်တွင်းလမ်း၊ မိုင်တိုင်အမှတ် (၈၁/၆)နှင့် (၈၁/၇) ကြားတွင် Canter အမျိုးအစား ကုန်တင်ယာဉ်သည် ဘရိတ်ပေါက်၍ သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ် ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဌာနမှဆိုသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်ပါရှိသော အမျိုးသား(၂)ဦးအနက် တစ်ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာသေဆုံးခဲ့ကြောင်း မီးသတ်ဦီးစီးဌာနမှဆိုသည်။

ထို့ကြောင့် ၎င်းတို့အား ဖြူစင်မေတ္တာအသင်းမှ လူနာတင်ယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလး-လားရႈိး ဂုတ္တြင္းကားလမ္းတြင္ ကုန္တင္ယာဥ္တစ္စီး ဘရိတ္ေပါက္၍ သစ္ပင္အားဝင္တိုက္ရာ အမ်ိဳးသားတစ္ဦးေသဆုံး
NP News - စက္တင္ဘာ ၂၅

မႏၲေလး-လားရႈိး ဂုတ္တြင္းကားလမ္းတြင္ ကုန္တင္ယာဥ္တစ္စီး ဘရိတ္ေပါက္၍ သစ္ ပင္အားဝင္တိုက္ရာ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂၅ရက္) ညေန ၄နာရီအခ်ိန္ခန႔္တြင္ မႏၲေလး-လားရႈိး ဂုတ္တြင္းလမ္း၌ ျဖစ္ပြားခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနမွသိရသည္။

အဆိုပါျဖစ္စဥ္မွာ မႏၲေလး-လားရႈိး ဂုတ္တြင္းလမ္း၊ မိုင္တိုင္အမွတ္ (၈၁/၆)ႏွင့္ (၈၁/၇) ၾကားတြင္ Canter အမ်ိဳးအစား ကုန္တင္ယာဥ္သည္ ဘရိတ္ေပါက္၍ သစ္ပင္အား ဝင္တိုက္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးတပ္ ဖြဲ႕ဝင္မ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း မီးသတ္ဌာနမွဆိုသည္။

ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေပၚတြင္ပါရွိေသာ အမ်ိဳးသား(၂)ဦးအနက္ တစ္ဦးမွာထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တစ္ဦးမွာေသဆုံးခဲ့ေၾကာင္း မီးသတ္ဦီးစီးဌာနမွဆိုသည္။

ထို႔ေၾကာင့္ ၎တို႔အား ျဖဴစင္ေမတၱာအသင္းမွ လူနာတင္ယာဥ္ျဖင့္ ေနာင္ခ်ိဳျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.