ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မှာဖြစ်သည့်အတွက် ခရီးစဉ်များဖျက်သိမ်းထားရသလို ကြိုတင်သတိပေးမှုများပြုလုပ်

 595

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၅

ဖိလစ်ပိုင်နိုင်ငံတွင် အင်အားပြင်းစူပါတိုက်ဖွန်းမုန်တိုင်း တိုင်ဖွန်းနိုရူသည် ၀င်ရောက်တိုက်ခတ်ဖွယ်ရှိနေသည့် အတွက် ဖိလစ်ပိုင်နိုင်ငံအာဏာပိုင်များသည် စက်တင်ဘာ(၂၅)ရက်နေ့တွင် ကမ်းရိုးတန်းဒေသမှလူများကို စတင် ပြောင်းရွှေ့ခြင်းများပြုလုပ်နေပြီး မြို့တော်မနီလာအပါအဝင် လူဇွန်ကျွန်းတို့တွင် လူပေါင်းရာနှင့်ချီ ပိတ်မိနေ ကြောင်း သိရသည်။

တိုင်ဖွန်းနိုရူသည် ရုတ်တရက်အားကောင်း ပြီးပိုမိုပြင်းထန်လာခဲ့ကာ စူပါတိုင်ဖွန်းမုန်တိုင်း အဆင့်ဖြစ်လာခဲ့ပြီး နောက် စက်တင်ဘာ(၂၄)ရက်နေ့၊ ညနေပိုင်းတွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် (၁၂ဝ) ကီလိုမီတာမှ (၁၈၅) ကီလိုမီတာအထိ တိုးလာကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောကြားခဲ့သည်။

တိုင်ဖွန်းနိုရူသည် ပိုမိုအားကောင်းလာပြီး စက်တင်ဘာ(၂၅)ရက်နေ့ မွန်းလွဲပိုင်း
(သို့မဟုတ်) ညနေပိုင်းတွင် လေတိုက်နှုန်း (၁၈၅)ကီလိုမီတာမှ (၂ဝ၅)ကီလိုမီတာ အရှိန်မြင့်လာနိုင်ပြီး ကုန်းတွင်း ပိုင်းသို့ ဝင်ရောက်လာနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ Quezon ပြည်နယ်အုပ်ချုပ်ရေးမှူး Helen Tan က “ကျွန်မတို့ရဲ့မြို့တော်ဝန်တွေကို တင်းကြပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကိုလိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး ကမ်းရိုးတန်းဒေသမှ တံငါသည်များကို ပင်လယ်သို့သွားရောက်ခြင်းကို တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ဝင်ရောက်တိုက်ခိုက်သည့် (၁၁)ကြိမ်မြောက် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နိုရူကြောင့် စက်တင်ဘာ(၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် မနီလာမြို့တော်နှင့်အနီးတစ်ဝိုက်ရှိ ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းလိမ့်မည်ဖြစ်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက “ဒီတိုင်ဖွန်းမုန်တိုင်းဟာ လေပြင်းတွေတိုက်ခတ်ပြီး အရှိန်ပြင်းပြင်းနဲ့ရွေ့လျားမယ်လို့ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးခြင်းများအတွက် အာဏာပိုင်များက ကြိုတင်သတိပေးမှုများပြုလုပ်ထားကြောင်းသိရသည်၊၊ မနီလာမြို့တောင်ဖက်ရှိ ဆိပ်ကမ်းများတွင် ခရီးသည်ပေါင်း (၁၂)ကျော်နှင့် သင်္ဘော(၂၈)စီးသောင်တင်နေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့များ က ပြောကြားခဲ့သည်။

တိုင်ဖွန်းနိုရူသည် အနောက်ဖက်သို့ရွေ့လျားနေပြီး စက်တင်ဘာ(၂၅)ရက်နေ့နှောင်းပိုင်း (သို့မဟုတ်) စက်တင်ဘာ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် တောင်တရုတ်ပင်လယ်ပြင်သို့ ထပ်မံဝင်ရောက်ဖွယ်ရှိနေသည်။ ကျွန်းပေါင်း(၇၆ဝဝ) ကျော်ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းသည် တစ်နှစ်လျှင်ပျမ်းမျှ အကြိမ်(၂ဝ)ခန့်ဖြစ်ပွားနေကြောင်း သိရသည်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံတြင္ စူပါတိုင္ဖြန္းမုန္တိုင္း ဝင္ေရာက္တိုက္ခိုက္မွာျဖစ္သည့္အတြက္ ခရီးစဥ္မ်ားဖ်က္သိမ္းထားရသလို ႀကိဳတင္သတိေပးမႈမ်ားျပဳလုပ္
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၅

ဖိလစ္ပိုင္ႏိုင္ငံတြင္ အင္အားျပင္းစူပါတိုက္ဖြန္းမုန္တိုင္း တိုင္ဖြန္းႏို႐ူသည္ ၀င္ေရာက္တိုက္ခတ္ဖြယ္ရွိေနသည့္ အတြက္ ဖိလစ္ပိုင္ႏိုင္ငံအာဏာပိုင္မ်ားသည္ စက္တင္ဘာ(၂၅)ရက္ေန႔တြင္ ကမ္း႐ိုးတန္းေဒသမွလူမ်ားကို စတင္ ေျပာင္းေ႐ႊ႕ျခင္းမ်ားျပဳလုပ္ေနၿပီး ၿမိဳ႕ေတာ္မနီလာအပါအဝင္ လူဇြန္ကြၽန္းတို႔တြင္ လူေပါင္းရာႏွင့္ခ်ီ ပိတ္မိေန ေၾကာင္း သိရသည္။

တိုင္ဖြန္းႏို႐ူသည္ ႐ုတ္တရက္အားေကာင္း ၿပီးပိုမိုျပင္းထန္လာခဲ့ကာ စူပါတိုင္ဖြန္းမုန္တိုင္း အဆင့္ျဖစ္လာခဲ့ၿပီး ေနာက္ စက္တင္ဘာ(၂၄)ရက္ေန႔၊ ညေနပိုင္းတြင္ ေလတိုက္ႏႈန္းသည္ တစ္နာရီလွ်င္ (၁၂ဝ) ကီလိုမီတာမွ (၁၈၅) ကီလိုမီတာအထိ တိုးလာေၾကာင္း သဘာဝေဘးအႏၲရာယ္ေအဂ်င္စီက ေျပာၾကားခဲ့သည္။

တိုင္ဖြန္းႏို႐ူသည္ ပိုမိုအားေကာင္းလာၿပီး စက္တင္ဘာ(၂၅)ရက္ေန႔ မြန္းလြဲပိုင္း
(သို႔မဟုတ္) ညေနပိုင္းတြင္ ေလတိုက္ႏႈန္း (၁၈၅)ကီလိုမီတာမွ (၂ဝ၅)ကီလိုမီတာ အရွိန္ျမင့္လာႏိုင္ၿပီး ကုန္းတြင္း ပိုင္းသို႔ ဝင္ေရာက္လာႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။ Quezon ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Helen Tan က “ကြၽန္မတို႔ရဲ႕ၿမိဳ႕ေတာ္ဝန္ေတြကို တင္းၾကပ္တဲ့ ႀကိဳတင္ကာကြယ္မႈေတြကိုလိုက္နာဖို႔ ေတာင္းဆိုခဲ့ပါတယ္” ဟု ေျပာၾကားခဲ့ၿပီး ကမ္း႐ိုးတန္းေဒသမွ တံငါသည္မ်ားကို ပင္လယ္သို႔သြားေရာက္ျခင္းကို တားျမစ္ထားေၾကာင္း ေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံတြင္ ယခုႏွစ္အတြင္း ဝင္ေရာက္တိုက္ခိုက္သည့္ (၁၁)ႀကိမ္ေျမာက္ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္း ႏို႐ူေၾကာင့္ စက္တင္ဘာ(၂၅)ရက္ေန႔ မြန္းလြဲပိုင္းတြင္ မနီလာၿမိဳ႕ေတာ္ႏွင့္အနီးတစ္ဝိုက္ရွိ ျပည္နယ္မ်ားတြင္ မိုးသည္းထန္စြာ႐ြာသြန္းလိမ့္မည္ျဖစ္ေၾကာင္း သိရသည္။

သဘာဝေဘးအႏၲရာယ္ေအဂ်င္စီမွ ေျပာေရးဆိုခြင့္ရွိသူက “ဒီတိုင္ဖြန္းမုန္တိုင္းဟာ ေလျပင္းေတြတိုက္ခတ္ၿပီး အရွိန္ျပင္းျပင္းနဲ႔ေ႐ြ႕လ်ားမယ္လို႔ထင္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

အဆိုပါမုန္တိုင္းေၾကာင့္ ေလျပင္းတိုက္ခတ္ျခင္း၊ ေျမၿပိဳျခင္းႏွင့္ ေရႀကီးျခင္းမ်ားအတြက္ အာဏာပိုင္မ်ားက ႀကိဳတင္သတိေပးမႈမ်ားျပဳလုပ္ထားေၾကာင္းသိရသည္၊၊ မနီလာၿမိဳ႕ေတာင္ဖက္ရွိ ဆိပ္ကမ္းမ်ားတြင္ ခရီးသည္ေပါင္း (၁၂)ေက်ာ္ႏွင့္ သေဘၤာ(၂၈)စီးေသာင္တင္ေနေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ား က ေျပာၾကားခဲ့သည္။

တိုင္ဖြန္းႏို႐ူသည္ အေနာက္ဖက္သို႔ေ႐ြ႕လ်ားေနၿပီး စက္တင္ဘာ(၂၅)ရက္ေန႔ေႏွာင္းပိုင္း (သို႔မဟုတ္) စက္တင္ဘာ (၂၆) ရက္ေန႔ နံနက္ပိုင္းတြင္ ေတာင္တ႐ုတ္ပင္လယ္ျပင္သို႔ ထပ္မံဝင္ေရာက္ဖြယ္ရွိေနသည္။ ကြၽန္းေပါင္း(၇၆ဝဝ) ေက်ာ္ရွိေသာ ဖိလစ္ပိုင္ႏိုင္ငံတြင္ အပူပိုင္းမုန္တိုင္းသည္ တစ္ႏွစ္လွ်င္ပ်မ္းမွ် အႀကိမ္(၂ဝ)ခန႔္ျဖစ္ပြားေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.