အပူပိုင်းမုန်တိုင်း Ian ကြောင့် ဖလော်ရီဒါပြည်နယ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အရေးပေါ်အခြေအနေကြေညာ

 597

ဖြိုးခန့်(NP News) – စက်တင်ဘာ ၂၅

အပူပိုင်းမုန်တိုင်း Ian သည် ပိုမိုအားကောင်းလာပြီး ဖလော်ရီဒါပြည်နယ်ကို ဦးတည်လာသောကြောင့် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်သည် စက်တင်ဘာ(၂၄)ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်းသိရသည်။

ဂျိုးဘိုင်ဒန်သည် အဆိုပါမုန်တိုင်းကြောင့် ဖလော်ရီဒါတောင်ပိုင်းကိုလာရောက်မည့် သူ၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရ သည်။ အဆိုပါကြေညာချက်သည် လုံခြုံရေးဌာနနှင့် FEMA တို့အား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ရန်နှင့် အကူအညီများပေးရန် ခွင့်ပြုပေးထားကြောင်းသိရသည်။

အဆိုပါအရေးပေါ်ကြေညာချက်တွင် ဘရီဗာ့ဒ်၊ ဘရိုဝါ့ဒ်၊ ချာလော့တီ၊ ကော်လီယာ၊ ဒီဆိုတို၊ ဂလေ့ဒ်၊ ဟာဒီ၊ ဟန်ဒရီ၊ ဟိုက်လန်း၊ Indian River၊ လီ၊ မာနတီ၊ မာတင်၊ မိုင်ယာမီ-ဒေ့ဒ်၊ မွန်ရိုး၊ အိုကီချိုဘီ၊ အော်စီအိုလာ၊ Palm ကမ်းခြေ၊ ပါစကို၊ ပီနဲလက်စ်၊ ပို့ခ်၊ ဆာရာဆိုတာ နှင့် St. Lucie ကောင်တီများအပြင် ဖလော်ရီဒါရှိ အင်ဒီးယန်းလူမျိုးများ၏ Miccosukee မျိုးနွယ်စုနှင့် ဖလော်ရီဒါပြည်နယ် Seminole မျိုးနွယ်စုတို့အတွက်လည်း အ ကျုံးဝင်ကြောင်းသိရသည်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီး အပူမုန်တိုင်းIan သည် ပိုမိုအားကောင်းလာသဖြင့် ပြည်နယ်၏ လုံခြုံရေးအဖွဲ့ကို အဆိုပါနေ့အစောပိုင်းတွင် အကူအညီများပေးနိုင် ရန် ဆော်သြထားကြောင်းသိရသည်။

အဆိုပါမုန်တိုင်းသည် စက်တင်ဘာ(၂၅)ရက်တွင် ဟာရီကိန်းမုန်တိုင်းဖြစ်လာနိုင်ဖွယ်ရှိနေပြီး လာမည့်သီတင်း ပတ် အလယ်ပိုင်းတွင် ဖလော်ရီဒါပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှတစ်ဆင့် ကျူးဘားအနောက်ပိုင်းကို ဖြတ်သွားနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ အမျိုးသား ဟာရီကိန်းစင်တာက ဒေသခံများအား ဟာရီကိန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးအစီအစဉ်များထားရှိရန် တိုက်တွန်းထားကြောင်းသိရသည်။

Zawgyi Version;
အပူပိုင္းမုန္တိုင္း Ian ေၾကာင့္ ဖေလာ္ရီဒါျပည္နယ္ကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ အေရးေပၚအေျခအေနေၾကညာ
ၿဖိဳးခန႔္(NP News) – စက္တင္ဘာ ၂၅

အပူပိုင္းမုန္တိုင္း Ian သည္ ပိုမိုအားေကာင္းလာၿပီး ဖေလာ္ရီဒါျပည္နယ္ကို ဦးတည္လာေသာေၾကာင့္ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္သည္ စက္တင္ဘာ(၂၄)ရက္ေန႔တြင္ အေရးေပၚအေျခအေန ေၾကညာခဲ့ေၾကာင္းသိရသည္။

ဂ်ိဳးဘိုင္ဒန္သည္ အဆိုပါမုန္တိုင္းေၾကာင့္ ဖေလာ္ရီဒါေတာင္ပိုင္းကိုလာေရာက္မည့္ သူ၏ခရီးစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့ရ သည္။ အဆိုပါေၾကညာခ်က္သည္ လုံၿခဳံေရးဌာနႏွင့္ FEMA တို႔အား သဘာဝေဘးအႏၲရာယ္ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ညႇိႏႈိင္းေဆာင္႐ြက္ရန္ႏွင့္ အကူအညီမ်ားေပးရန္ ခြင့္ျပဳေပးထားေၾကာင္းသိရသည္။

အဆိုပါအေရးေပၚေၾကညာခ်က္တြင္ ဘရီဗာ့ဒ္၊ ဘ႐ိုဝါ့ဒ္၊ ခ်ာေလာ့တီ၊ ေကာ္လီယာ၊ ဒီဆိုတို၊ ဂေလ့ဒ္၊ ဟာဒီ၊ ဟန္ဒရီ၊ ဟိုက္လန္း၊ Indian River၊ လီ၊ မာနတီ၊ မာတင္၊ မိုင္ယာမီ-ေဒ့ဒ္၊ မြန္႐ိုး၊ အိုကီခ်ိဳဘီ၊ ေအာ္စီအိုလာ၊ Palm ကမ္းေျခ၊ ပါစကို၊ ပီနဲလက္စ္၊ ပို႔ခ္၊ ဆာရာဆိုတာ ႏွင့္ St. Lucie ေကာင္တီမ်ားအျပင္ ဖေလာ္ရီဒါရွိ အင္ဒီးယန္းလူမ်ိဳးမ်ား၏ Miccosukee မ်ိဳးႏြယ္စုႏွင့္ ဖေလာ္ရီဒါျပည္နယ္ Seminole မ်ိဳးႏြယ္စုတို႔အတြက္လည္း အ က်ဳံးဝင္ေၾကာင္းသိရသည္။

ဖေလာ္ရီဒါျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး Ron DeSantis က အေရးေပၚအေျခအေနထုတ္ျပန္ခဲ့ၿပီး အပူမုန္တိုင္းIan သည္ ပိုမိုအားေကာင္းလာသျဖင့္ ျပည္နယ္၏ လုံၿခဳံေရးအဖြဲ႕ကို အဆိုပါေန႔အေစာပိုင္းတြင္ အကူအညီမ်ားေပးႏိုင္ ရန္ ေဆာ္ၾသထားေၾကာင္းသိရသည္။

အဆိုပါမုန္တိုင္းသည္ စက္တင္ဘာ(၂၅)ရက္တြင္ ဟာရီကိန္းမုန္တိုင္းျဖစ္လာႏိုင္ဖြယ္ရွိေနၿပီး လာမည့္သီတင္း ပတ္ အလယ္ပိုင္းတြင္ ဖေလာ္ရီဒါျပည္နယ္ အေနာက္ဘက္ကမ္း႐ိုးတန္းမွတစ္ဆင့္ က်ဴးဘားအေနာက္ပိုင္းကို ျဖတ္သြားႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။ အမ်ိဳးသား ဟာရီကိန္းစင္တာက ေဒသခံမ်ားအား ဟာရီကိန္းႏွင့္ ပတ္သက္ၿပီး ကာကြယ္ေရးအစီအစဥ္မ်ားထားရွိရန္ တိုက္တြန္းထားေၾကာင္းသိရသည္။

Picture

Ko Moe

26/09/2022 10:02

နိုင်ငံကို ကောင်းအောင်လုပ်နိုင်ရင် တော်ပြီပေါ့ ဘယ့်နှယ့် ကုလသမဂ္ဂကို လိုက်ပြီး ကြိုးကိုင်ချယ်လှယ်နေတာဟာ ကမ္ဘာမှာ မျက်နှာလိုက်မှူ့ကြီးကို အကြီးအကျယ်ဖြစ်စေတာပေါ့။ရုရှားနဲ့ မဟာမိတ်တွေကလွဲရင် လူဖြူ ခရာစ်ယာန်တွေက တဖက်စောင်းနင်းသိပ်ဆန်နေကြတာ ကမ္ဘာမှာ သိပ်ကိုရွံစရာ မုန်းတိးစရာ အဖြစ် မူစလင်ကမ္ဘာအနေနဲ့ အစောကြီးကတည်းက မြင်ပြီးနေပြီး ဖြစ်ပါတယ်ဗျာ။မူစလင်တွေဟာ နှစ်ခြမ်းကွဲနေရသလို ဗုဒ္ဓဘာသာတွေဟာလည်း နှစ်ချမ်း ကွဲရသလို ဟိန္ဒူလည်း နှစ်ခြမ်းကွဲကြရတယ်။ဘာကောင်းတာလဲ အမေရိကန် ငပေါနဲ့ ငအ ငကြောင်တွေကပဲ မင်းတို့ကို အဟုတ်ကြီးမှတ်နေကြတာကွဲ့ ရှင်းလား နားလည်လား Mother Fucker USA.

Related news

© 2021. All rights reserved.