ယူကရိန်းဘက်မှတိုက်‌ပေးသော ကြေးစားစစ်သား(၃ဝဝ)ခန့်ကို ထပ်မံသုတ်သင်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ဆို

 2286

ဖြိုးခန့်(NP News) – စက်တင်ဘာ ၂၅

ယူကရိန်းနိုင်ငံတောင်ပိုင်း နီကိုလာယက်ဗ်‌မြို့တွင် ယူကရိန်းဖက်မှ ရုရှားကို တိုက်ခိုက်နေသည့် ကြေးစားစစ်သား(၃ဝဝ)ခန့်ကို သုတ်သင် ရှင်းလင်းပစ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကိုနာရှန်ကော့ဗ်က “နီကိုလာယက်ဗ်‌ဒေသ ကာလင်နော့ဖ်ကာရွာရဲ့ဧရိယာအတွင်းမှာ ယာယီတပ်ဖြန့်ကြတ်ချထားတဲ့ ကြေးစစ်သား(၃ဝဝ)ခန့်ကို ဒုံးကျည်နဲ့တိုက်ခိုက်ပြီး ချေမှုန်းနိုင်ခဲ့ပါတယ်” ဟုပြောဆိုခဲ့သည်၊၊

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းအတွက် တိုက်ပွဲဝင်ပေးနေသည့် ကြေးစားစစ်သည်အများအပြား အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်၊၊ ရုရှားတပ်ဖွဲ့ဝင်များနှင့် ဒွန်းဘက်ဒေသတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေပြီး ကြေးစားစစ်သားပေါင်း(၂ဝဝဝ) ကျော်ကို ရှင်းလင်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဆာဂေးလာရောဗ့်က ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးက ယူကရိန်းစစ်တပ်တွင် ဧပြီလက ကြေးစားစစ်သား(၃ဝဝဝ) ခန့်ရှိပြီး စက်တင်ဘာ(၂၁)ရက်နေ့တွင် ကြေးစားစစ်သား(၁ဝဝဝ)ခန့်သာ ကျန်ရှိပြီးစက်တင်ဘာ(၂၄)ရက်နေ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်နေသည့် နိုင်ငံခြားကြေးစားစစ်သား (၇ဝဝ)ခန့်သာကျန်ရှိမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ယူကရိန်းနိုင်ငံကို ကျူးကျော်မှုများပြုလုပ်ခဲ့ပြီး
ယူကရိန်းကို စစ်လက်နက်ပံ့ပိုးခြင်းများရပ်တန့်ရန် အနောက်နိုင်ငံများကို သတိပေးထားကာ
အဆိုပါပံ့ပိုးမှုများက စစ်ပွဲကို ပိုမိုကြာရှည်စေရန်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇီလန်စကီးက ယူကရိန်းတပ်ဖွဲ့ဝင်များသည် တစ်ရက်လျှင် အနည်းဆုံး (၅ဝ)ကျော် အသေအပျောက်များရှိကြောင်း ဝန်ခံပြောဆိုခဲ့ပြီး၊ ရုရှားဖက်မှ အဆပေါင်းများစွာ ပိုဆုံးရှုံးကြောင်း ထပ်မံပြောဆိုခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးက ယူကရိန်းနှင့် စစ်ပွဲစတင်ချိန်မှစ၍ ရုရှားတပ်ဖွဲ့ဝင်(၅၉၃၇) ဦးသေဆုံးခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ဝင် (၆၁ဝဝဝ)နီးပါး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version;
ယူကရိန္းဘက္မွတိုက္‌ေပးေသာ ေၾကးစားစစ္သား(၃ဝဝ)ခန႔္ကို ထပ္မံသုတ္သင္ႏိုင္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္ဆို
ၿဖိဳးခန႔္(NP News) – စက္တင္ဘာ ၂၅

ယူကရိန္းႏိုင္ငံေတာင္ပိုင္း နီကိုလာယက္ဗ္‌ၿမိဳ႕တြင္ ယူကရိန္းဖက္မွ ႐ုရွားကို တိုက္ခိုက္ေနသည့္ ေၾကးစားစစ္သား(၃ဝဝ)ခန႔္ကို သုတ္သင္ ရွင္းလင္းပစ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အီေဂါကိုနာရွန္ေကာ့ဗ္က “နီကိုလာယက္ဗ္‌ေဒသ ကာလင္ေနာ့ဖ္ကာ႐ြာရဲ႕ဧရိယာအတြင္းမွာ ယာယီတပ္ျဖန႔္ၾကတ္ခ်ထားတဲ့ ေၾကးစစ္သား(၃ဝဝ)ခန႔္ကို ဒုံးက်ည္နဲ႔တိုက္ခိုက္ၿပီး ေခ်မႈန္းႏိုင္ခဲ့ပါတယ္” ဟုေျပာဆိုခဲ့သည္၊၊

အဆိုပါပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းအတြက္ တိုက္ပြဲဝင္ေပးေနသည့္ ေၾကးစားစစ္သည္အမ်ားအျပား အသက္ဆုံးရႈံးခဲ့ရေၾကာင္းသိရသည္၊၊ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဒြန္းဘက္ေဒသတပ္ဖြဲ႕မ်ား ပူးေပါင္းတိုက္ခိုက္ေနၿပီး ေၾကးစားစစ္သားေပါင္း(၂ဝဝဝ) ေက်ာ္ကို ရွင္းလင္းခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီး ဆာေဂးလာေရာဗ့္က ယခုသီတင္းပတ္အေစာပိုင္းတြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးက ယူကရိန္းစစ္တပ္တြင္ ဧၿပီလက ေၾကးစားစစ္သား(၃ဝဝဝ) ခန႔္ရွိၿပီး စက္တင္ဘာ(၂၁)ရက္ေန႔တြင္ ေၾကးစားစစ္သား(၁ဝဝဝ)ခန႔္သာ က်န္ရွိၿပီးစက္တင္ဘာ(၂၄)ရက္ေန႔ တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းဘက္က ပါဝင္တိုက္ခိုက္ေနသည့္ ႏိုင္ငံျခားေၾကးစားစစ္သား (၇ဝဝ)ခန႔္သာက်န္ရွိမည္ျဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။

႐ုရွားႏိုင္ငံသည္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းတြင္ ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္မႈမ်ားျပဳလုပ္ခဲ့ၿပီး
ယူကရိန္းကို စစ္လက္နက္ပံ့ပိုးျခင္းမ်ားရပ္တန႔္ရန္ အေနာက္ႏိုင္ငံမ်ားကို သတိေပးထားကာ
အဆိုပါပံ့ပိုးမႈမ်ားက စစ္ပြဲကို ပိုမိုၾကာရွည္ေစရန္သာ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ယူကရိန္းသမၼတဇီလန္စကီးက ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ တစ္ရက္လွ်င္ အနည္းဆုံး (၅ဝ)ေက်ာ္ အေသအေပ်ာက္မ်ားရွိေၾကာင္း ဝန္ခံေျပာဆိုခဲ့ၿပီး၊ ႐ုရွားဖက္မွ အဆေပါင္းမ်ားစြာ ပိုဆုံးရႈံးေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးက ယူကရိန္းႏွင့္ စစ္ပြဲစတင္ခ်ိန္မွစ၍ ႐ုရွားတပ္ဖြဲ႕ဝင္(၅၉၃၇) ဦးေသဆုံးခဲ့ၿပီး ယူကရိန္းတပ္ဖြဲ႕ဝင္ (၆၁ဝဝဝ)နီးပါး ေသဆုံးခဲ့ေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။

Picture

MgThetlin

25/09/2022 21:07

ရုရှားစစ်သာတွေငါးထောင်ကျော်ပဲကျဆုံးတယ်စိုရင်ဘာလို့အရန်စစ်သားတွေထပ်စုနေတာလည်းစဉ်းစားစရာပဲ

Picture

Ko Moe

25/09/2022 22:41

ရုရှားက ဥရောပ တစ်တိုက်လုံးနီးပါးအပြင် အမေရိကန်နဲ့ပါ တိုက်နေရတာဖြစ်ပါတယ် လို့ မြင်ပါတယ်။ရုရှားက တင့်ကားနဲ့ ဟက်စကီးမှာပဲ အထိနာတာပါ။တင့်ကားအရေအတွက်တော့ များပါလိမ့်မယ်။အမေရိကန်ဒုံးတွေအတော်ကောင်းပါတယ်။ ြ. ပြည်နယ်လေးခုအထိ အပိုင်ယူထားပါတယ် အစက နှစ်ခု လို့ပြောတာပါ။ ပိုတောင်နေပါသေးတယ်။ယူကရိန်းကို သနားပါတယ် နားလည်ပါတယ်။ဒါပေမဲ့ ဇာတ်သမား နိုင်ငံခေါင်းဆောင်ပေးတဲ့ ယူကရိန်းက ညံ့တယ်ပြောချင်တာပါ။ဒီထက်ဆိုးတာက ဟာသမင်းသား ဖြစ်နေတာပါပဲ😂😂😂

Related news

© 2021. All rights reserved.