မြန်မာမှ ပဲတီစိမ်းကို အိန္ဒိယသို့ တင်ပို့နိုင်ရန် နှစ်နိုင်ငံညှိနှိုင်းနေ

 653

ယွန်း (NP News) - စက်တင်ဘာ ၂၆

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံသီးနှံတို့တင်ပို့မှုသဘောတူစာချုပ်ချုပ်ဆိုထားပြီး ပဲတီစိမ်းသီးနှံကိုပါ ထည့်သွင်းတင်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက စက်တင်ဘာလ (၂၁)ရက်တွင် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ Sofitel Hotel ၌ကျင်းပသော အိန္ဒိယနိုင်ငံ ပဲမျိုးစုံအသင်းနှင့် မြန်မာနိုင်ငံ ပဲ၊ ပြောင်းနှင့် နှမ်းအသင်းတို့ တွေ့ဆုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနဲ့ ပဲစင်းငုံတင်ပို့မှုဆိုင်ရာ ကိုတာ သဘောတူစာချုပ်ကို (၂ဝ၂၆)ခုနှစ်အထိ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ ဒါ့ပြင် ပဲတီစိမ်းသီးနှံကိုပါ ထည့်သွင်းတင်ပို့နိုင်ဖို့ ဆောင်ရွက်လျက်ရှိ ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

အနာဂတ်ပဲမျိုးစုံထုတ်လုပ် တင်ပို့မှုအနေဖြင့် ပဲနီလေး၊ ပဲဝါလေး၊ ပဲရာဇာ၊ မြေထောက်ပဲများကိုလည်း တိုးမြှင့် ထုတ်လုပ်တင်ပို့သွားရန် လိုအပ်ကြောင်း ၎င်းကထည့်သွင်းပြောကြားသည်။

လက်ရှိအချိန်တွင် သွင်းအားစုဓာတ်မြေသြဇာများနှင့် စက်သုံးဆီများ ဈေးနှုန်းကြီးမြင့်နေသည့်အပြင် ထုတ်လုပ်မှုစရိတ်နှင့် သယ်ယူပို့ ဆောင်ရေးစရိတ်များ မြင့်တက်နေခြင်းတို့ကြောင့် သီးနှံဈေးနှုန်းများလည်း မြင့်တက်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးမှဆိုသည်။

“သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ် လျှော့ချနိုင်ဖို့အတွက် မြန်မာနဲ့ အိန္ဒိယနိုင်ငံကြား Coastal Liner ကမ်းရိုး တန်းစနစ်နဲ့တိုက်ရိုက်တင်ပို့နိုင်မယ်ဆိုရင် စားသုံးသူတွေအတွက် ဈေးနှုန်းသက်သာစေနိုင်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် အထက်ပါလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက် ရင်းနှီးကြစေရန်နှင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများသာမက သယ်ယူပို့ ဆောင်ရေး တန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေပြီး ပဲတီစိမ်းကိုမူ တရုတ်နိုင်ငံ၊ ဥရောပ သမဂ္ဂနိုင်ငံများသို့ တင်ပို့နေကြောင်း သိရသည်။ ပဲတီစိမ်းကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသည်။

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ျမန္မာမွ ပဲတီစိမ္းကို အိႏၵိယသို႔ တင္ပို႔ႏိုင္ရန္ ႏွစ္ႏိုင္ငံညႇိႏႈိင္းေန
ယြန္း (NP News) - စက္တင္ဘာ ၂၆

ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔အၾကား မတ္ပဲႏွင့္ ပဲစင္းငုံသီးႏွံတို႔တင္ပို႔မႈသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ပဲတီစိမ္းသီးႏွံကိုပါ ထည့္သြင္းတင္ပို႔ႏိုင္ရန္ ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက ဆိုသည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက စက္တင္ဘာလ (၂၁)ရက္တြင္ အိႏၵိယႏိုင္ငံ၊ မြမ္ဘိုင္းၿမိဳ႕ Sofitel Hotel ၌က်င္းပေသာ အိႏၵိယႏိုင္ငံ ပဲမ်ိဳးစုံအသင္းႏွင့္ ျမန္မာႏိုင္ငံ ပဲ၊ ေျပာင္းႏွင့္ ႏွမ္းအသင္းတို႔ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
“ျမန္မာနဲ႔ အိႏၵိယႏိုင္ငံတို႔အၾကား မတ္ပဲနဲ႔ ပဲစင္းငုံတင္ပို႔မႈဆိုင္ရာ ကိုတာ သေဘာတူစာခ်ဳပ္ကို (၂ဝ၂၆)ခုႏွစ္အထိ လက္မွတ္ေရးထိုးထားၿပီးျဖစ္ပါတယ္။ ဒါ့ျပင္ ပဲတီစိမ္းသီးႏွံကိုပါ ထည့္သြင္းတင္ပို႔ႏိုင္ဖို႔ ေဆာင္႐ြက္လ်က္ရွိ ပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။

အနာဂတ္ပဲမ်ိဳးစုံထုတ္လုပ္ တင္ပို႔မႈအေနျဖင့္ ပဲနီေလး၊ ပဲဝါေလး၊ ပဲရာဇာ၊ ေျမေထာက္ပဲမ်ားကိုလည္း တိုးျမႇင့္ ထုတ္လုပ္တင္ပို႔သြားရန္ လိုအပ္ေၾကာင္း ၎ကထည့္သြင္းေျပာၾကားသည္။

လက္ရွိအခ်ိန္တြင္ သြင္းအားစုဓာတ္ေျမၾသဇာမ်ားႏွင့္ စက္သုံးဆီမ်ား ေဈးႏႈန္းႀကီးျမင့္ေနသည့္အျပင္ ထုတ္လုပ္မႈစရိတ္ႏွင့္ သယ္ယူပို႔ ေဆာင္ေရးစရိတ္မ်ား ျမင့္တက္ေနျခင္းတို႔ေၾကာင့္ သီးႏွံေဈးႏႈန္းမ်ားလည္း ျမင့္တက္ႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွဆိုသည္။

“သယ္ယူပို႔ေဆာင္မႈ ကုန္က်စရိတ္ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ျမန္မာနဲ႔ အိႏၵိယႏိုင္ငံၾကား Coastal Liner ကမ္း႐ိုး တန္းစနစ္နဲ႔တိုက္႐ိုက္တင္ပို႔ႏိုင္မယ္ဆိုရင္ စားသုံးသူေတြအတြက္ ေဈးႏႈန္းသက္သာေစႏိုင္မွာျဖစ္ပါတယ္”ဟု ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။

ထို႔ျပင္ အထက္ပါလုပ္ငန္းမ်ားတြင္ အိႏၵိယႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ လာေရာက္ ရင္းႏွီးၾကေစရန္ႏွင့္ ထုတ္လုပ္မႈဆိုင္ရာ လုပ္ငန္းမ်ားသာမက သယ္ယူပို႔ ေဆာင္ေရး တန္ဖိုးျမႇင့္ထုတ္ကုန္ လုပ္ငန္းမ်ားတြင္လည္း ရင္းႏွီးျမႇဳပ္ႏွံၾကေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံအေနျဖင့္ မတ္ပဲႏွင့္ ပဲစင္းငုံကို အိႏၵိယႏိုင္ငံသို႔ အဓိကတင္ပို႔ေနၿပီး ပဲတီစိမ္းကိုမူ တ႐ုတ္ႏိုင္ငံ၊ ဥေရာပ သမဂၢႏိုင္ငံမ်ားသို႔ တင္ပို႔ေနေၾကာင္း သိရသည္။ ပဲတီစိမ္းကို မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔တြင္ မိုးႀကိဳ (သို႔မဟုတ္) ေဆာင္းသီးႏွံအျဖစ္ စိုက္ပ်ိဳးၾကသည္။

ျမန္မာႏိုင္ငံမွ ပဲတီစိမ္းကို ပင္လယ္ေရေၾကာင္း ႏွင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားျဖင့္ ျပည္ပသို႔ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.