အီရန်နိုင်ငံသားများအတွက် Starlink အင်တာနက် ဖွင့်ဖို့အတွက် အီလွန်မတ် သဘောတူ

 703

ရောင်နီ (NP News) – စက်တင်ဘာ ၂၆

SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်ဟာ အီရန်မှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အမျိုးသမီး ငယ်တစ်ဦးသေဆုံးမှုအတွက် ဆန္ဒပြနေကြတဲ့ အီရန်နိုင်ငံသားများကိုကူညီနိုင်ဖို့အတွက် ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှု Starlink ကို အသုံးပြုခွင့်ပေးဖို့ မီးစိမ်းပြလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အီရန်မှာ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး စက်တင်ဘာလ ၂၄ ရက်၊ စနေနေ့က နိုင်ငံတစ်ဝှမ်း အကြီးမားဆုံးမိုဘိုင်းလ်ဖုန်းအော်ပရေတာများထဲမှ တစ်ခု သိသိသာသာ အင်တာနက်ပြတ်တောက်မှု များဖြစ်ပွားခဲ့ကာ သန်းပေါင်းများစွာသော အီရန်နိုင်ငံသားများ အော့ဖ်လိုင်းဖြစ်သွားခဲ့ပါတယ်။

အမေရိကန်က အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားပေမယ့် အီရန်နိုင်ငံသားများအတွက် အင်တာနက် ဝန်ဆောင်မှုများ တိုးချဲ့ပေးမယ့်လမ်းညွှန်ချက်ကို အမေရိကန်ဘဏ္ဍာရေးဌာနက စက်တင်ဘာလ ၂၄ ရက်၊ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အီရန် “အကျင့်စာရိတ္တထိန်းသိမ်းရေး ရဲတပ်ဖွဲ့” ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးသွားခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဆက်ဆာအမီနီနဲ့ပတ်သက်ပြီး အီရန်တစ်ဝှမ်း ပြင်းထန်တဲ့ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကာ ဆန္ဒပြသူ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပါတယ်။

“လတ်တလော အဓိကရုဏ်းများ” မှာ သေဆုံးသူအရေအတွက် ယခင် ၁၇ ဦးမှ ယခု ၃၅ ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ မွမ်းမံထားတဲ့ အင်တာနက်လိုင်စင်မှာ ဖော်ပြထားတဲ့သတ်မှတ်ချက်များနဲ့ ကိုက်ညီသူ မည်သူမဆို နောက်ထပ်ခွင့်ပြုချက်မတောင်းဘဲ ၎င်းတို့လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပါတယ်။

Starlink ကုမ္ပဏီဟာ ရုရှားရဲ့ကျူးကျော်မှုကို တိုက်ဖျက်ဖို့အတွက် ယူကရိန်းကိုပေးအပ်ထားပြီးဖြစ်တဲ့ Starlink ဂြိုလ်တု broadband ဝန်ဆောင်မှုကို အီရန်ကိုပါ ပေးဆောင်လိုကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက ပြောကြားခဲ့တာပါ။ အီရန်မှာ ဆန္ဒပြမှုများကြောင့် လူမှုမီဒီယာကွန်ရက် Instagram နဲ့ WhatsApp တို့ကို ဝင်ရောက် ကြည့်ရှုခွင့် တားမြစ်ထားပါတယ်။ အီရန်နိုင်ငံမှာ နိုင်ငံလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆန့်ကျင်သူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ သမ္မတ အက်ဘရာဟန် ရိုင်ဆီ က ဆိုပါတယ်။

Zawgyi Version;
အီရန္ႏိုင္ငံသားမ်ားအတြက္ Starlink အင္တာနက္ ဖြင့္ဖို႔အတြက္ အီလြန္မတ္ သေဘာတူ
ေရာင္နီ (NP News) – စက္တင္ဘာ ၂၆

SpaceX အမႈေဆာင္အရာရွိခ်ဳပ္ အီလြန္မတ္ဟာ အီရန္မွာ ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ အမ်ိဳးသမီး ငယ္တစ္ဦးေသဆုံးမႈအတြက္ ဆႏၵျပေနၾကတဲ့ အီရန္ႏိုင္ငံသားမ်ားကိုကူညီႏိုင္ဖို႔အတြက္ ၿဂိဳလ္တု အင္တာနက္ ဝန္ေဆာင္မႈ Starlink ကို အသုံးျပဳခြင့္ေပးဖို႔ မီးစိမ္းျပလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

အီရန္မွာ ဆိုရွယ္မီဒီယာအသုံးျပဳခြင့္ကို တင္းတင္းက်ပ္က်ပ္ ကန႔္သတ္ထားၿပီး စက္တင္ဘာလ ၂၄ ရက္၊ စေနေန႔က ႏိုင္ငံတစ္ဝွမ္း အႀကီးမားဆုံးမိုဘိုင္းလ္ဖုန္းေအာ္ပေရတာမ်ားထဲမွ တစ္ခု သိသိသာသာ အင္တာနက္ျပတ္ေတာက္မႈ မ်ားျဖစ္ပြားခဲ့ကာ သန္းေပါင္းမ်ားစြာေသာ အီရန္ႏိုင္ငံသားမ်ား ေအာ့ဖ္လိုင္းျဖစ္သြားခဲ့ပါတယ္။

အေမရိကန္က အီရန္ကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြျပဳလုပ္ထားေပမယ့္ အီရန္ႏိုင္ငံသားမ်ားအတြက္ အင္တာနက္ ဝန္ေဆာင္မႈမ်ား တိုးခ်ဲ႕ေပးမယ့္လမ္းၫႊန္ခ်က္ကို အေမရိကန္ဘ႑ာေရးဌာနက စက္တင္ဘာလ ၂၄ ရက္၊ ေသာၾကာေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

အီရန္ “အက်င့္စာရိတၱထိန္းသိမ္းေရး ရဲတပ္ဖြဲ႕” ရဲ႕ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ ေသဆုံးသြားခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးဆက္ဆာအမီနီနဲ႔ပတ္သက္ၿပီး အီရန္တစ္ဝွမ္း ျပင္းထန္တဲ့ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ကာ ဆႏၵျပသူ ရာေပါင္းမ်ားစြာ ဖမ္းဆီးခံခဲ့ရပါတယ္။

“လတ္တေလာ အဓိက႐ုဏ္းမ်ား” မွာ ေသဆုံးသူအေရအတြက္ ယခင္ ၁၇ ဦးမွ ယခု ၃၅ ဦးအထိ ျမင့္တက္လာခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ မြမ္းမံထားတဲ့ အင္တာနက္လိုင္စင္မွာ ေဖာ္ျပထားတဲ့သတ္မွတ္ခ်က္မ်ားနဲ႔ ကိုက္ညီသူ မည္သူမဆို ေနာက္ထပ္ခြင့္ျပဳခ်က္မေတာင္းဘဲ ၎တို႔လႈပ္ရွားမႈမ်ားကို ဆက္လက္လုပ္ေဆာင္ႏိုင္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။

Starlink ကုမၸဏီဟာ ႐ုရွားရဲ႕က်ဴးေက်ာ္မႈကို တိုက္ဖ်က္ဖို႔အတြက္ ယူကရိန္းကိုေပးအပ္ထားၿပီးျဖစ္တဲ့ Starlink ၿဂိဳလ္တု broadband ဝန္ေဆာင္မႈကို အီရန္ကိုပါ ေပးေဆာင္လိုေၾကာင္း ၿပီးခဲ့တဲ့ တနလၤာေန႔ကတည္းက ေျပာၾကားခဲ့တာပါ။ အီရန္မွာ ဆႏၵျပမႈမ်ားေၾကာင့္ လူမႈမီဒီယာကြန္ရက္ Instagram နဲ႔ WhatsApp တို႔ကို ဝင္ေရာက္ ၾကည့္ရႈခြင့္ တားျမစ္ထားပါတယ္။ အီရန္ႏိုင္ငံမွာ ႏိုင္ငံလုံၿခဳံေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးကို ဆန႔္က်င္သူေတြကို ျပတ္ျပတ္သားသားကိုင္တြယ္ေျဖရွင္းရမွာျဖစ္တယ္လို႔ သမၼတ အက္ဘရာဟန္ ႐ိုင္ဆီ က ဆိုပါတယ္။

Picture

Ko Moe

26/09/2022 10:31

အမျိူးသမီး တစ်ဦးသေတာက အဲဒီလောက်အထိ မလိုအပ်ပါဘူး။မြန်မာပြည်မှာလည်း ဗစ်တိုရီးယားက စလိုက်တာ ပါပဲ။ရဲချူပ်ပါ အလုပ်ထုတ်ခဲ့ရတာပါ။

Related news

© 2021. All rights reserved.