ဘင်္ဂလားဒေရှ့်မှာ ကူးတို့လှေတိမ်းမှောက်မှုဖြစ်ပွားပြီး အနည်းဆုံး ၂၄ ဦးသေဆုံး၊ ဒါဇင်ချီပျောက်ဆုံး

 471

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက ကူးတို့လှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၄ ဦးသေဆုံးခဲ့ကာ ဒါဇင်ချီပျောက်ဆုံးလျက်ရှိနေကြောင်း ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပြောပါတယ်။

ကူးတို့လှေတိမ်းမှောက်မှုဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ Panchagarh ဒေသမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ အမျိုးသမီး ၁၂ ဦးနဲ့ ကလေးငယ် ၈ ဦးရဲ့ရုပ်အလောင်းကို ရှာတွေ့ထားတယ်လို့ Panchagarh ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဘင်္ဂလားဒေရှ့်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျာဟူရူလ်အစ္စလာမ် က "ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပြီး ပျောက်ဆုံးနေသူများကို ရှာဖွေနေတယ်။ အဲဒီကူးတို့လှေဟာ ဟိန္ဒူဘုရားကျောင်းကိုသွားမယ့် ဘုရားဖူးတွေကို လိုက်ပို့ခဲ့တာဖြစ်တယ်။ လက်ရှိအချိန်မှာ ပျောက်ဆုံးနေသူအရေအတွက်ကို အတိကျမသိသေးဘူး။ အသက်ရှင်လွတ်မြောက်လာတဲ့ခရီးသည်တွေရဲ့အဆိုအရ ကူးတိုလှေပေါ်မှာ ခရီးသည်ပေါင်း ၇ဝ လိုက်ပါလာခဲ့တယ်" လို့ပြောပါတယ်။

ရဲတပ်ဖွဲ့က ခရီးသည်ပေါင်း ၃ဝ ခန့်ပျောက်ဆုံးနေပြီး အချို့ခရီးသည်တွေက ရေကူးတတ်တာကြောင့် ကမ်းခြေထိရေကူးနိုင်တဲ့အတွက် အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ နှစ်စဉ် ကူးတို့လှေတိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားခဲ့ရာ လူရာချီသေဆုံးခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း the Shitalakhsya မြစ်အတွင်း ကူးတို့လှေ နဲ့ ကုန်တင်လှေတစ်စီး တိုက်မိခဲ့အတွက် လှေနစ်မြှုပ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ဘဂၤလားေဒရွ႕္မွာ ကူးတို႔ေလွတိမ္းေမွာက္မႈျဖစ္ပြားၿပီး အနည္းဆုံး ၂၄ ဦးေသဆုံး၊ ဒါဇင္ခ်ီေပ်ာက္ဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ စက္တင္ဘာ ၂၅ ရက္ေန႔ ညေနပိုင္းက ကူးတို႔ေလွတိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူေပါင္း ၂၄ ဦးေသဆုံးခဲ့ကာ ဒါဇင္ခ်ီေပ်ာက္ဆုံးလ်က္ရွိေနေၾကာင္း ဘဂၤလားေဒရွ႕္အာဏာပိုင္ေတြက ေျပာပါတယ္။

ကူးတို႔ေလွတိမ္းေမွာက္မႈဟာ ဘဂၤလားေဒရွ႕္ႏိုင္ငံ Panchagarh ေဒသေျမာက္ပိုင္းမွာ ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ အမ်ိဳးသမီး ၁၂ ဦးနဲ႔ ကေလးငယ္ ၈ ဦးရဲ႕႐ုပ္အေလာင္းကို ရွာေတြ႕ထားတယ္လို႔ Panchagarh ေဒသအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဘဂၤလားေဒရွ႕္အစိုးရတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဂ်ာဟူ႐ူလ္အစၥလာမ္ က "ကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ဆက္လက္လုပ္ကိုင္ေနၿပီး ေပ်ာက္ဆုံးေနသူမ်ားကို ရွာေဖြေနတယ္။ အဲဒီကူးတို႔ေလွဟာ ဟိႏၵဴဘုရားေက်ာင္းကိုသြားမယ့္ ဘုရားဖူးေတြကို လိုက္ပို႔ခဲ့တာျဖစ္တယ္။ လက္ရွိအခ်ိန္မွာ ေပ်ာက္ဆုံးေနသူအေရအတြက္ကို အတိက်မသိေသးဘူး။ အသက္ရွင္လြတ္ေျမာက္လာတဲ့ခရီးသည္ေတြရဲ႕အဆိုအရ ကူးတိုေလွေပၚမွာ ခရီးသည္ေပါင္း ၇ဝ လိုက္ပါလာခဲ့တယ္" လို႔ေျပာပါတယ္။

ရဲတပ္ဖြဲ႕က ခရီးသည္ေပါင္း ၃ဝ ခန႔္ေပ်ာက္ဆုံးေနၿပီး အခ်ိဳ႕ခရီးသည္ေတြက ေရကူးတတ္တာေၾကာင့္ ကမ္းေျခထိေရကူးႏိုင္တဲ့အတြက္ အသက္ရွင္လြတ္ေျမာက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ ႏွစ္စဥ္ ကူးတို႔ေလွတိမ္းေမွာက္မႈမ်ား မၾကာခဏျဖစ္ပြားခဲ့ရာ လူရာခ်ီေသဆုံးခဲ့ေၾကာင္း၊ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလကလည္း the Shitalakhsya ျမစ္အတြင္း ကူးတို႔ေလွ နဲ႔ ကုန္တင္ေလွတစ္စီး တိုက္မိခဲ့အတြက္ ေလွနစ္ျမႇဳပ္မႈမ်ားျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ ၂၆ ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.