မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပြီး တစ်ရက်အကြာမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

 507

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်စမ်းသပ်ခဲ့ပြီးနောက်တစ်ရက်အကြာမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ကိုရီးယားကျွန်းဆွယ်အနီးမှာ ရေတပ်ချင်းပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများ စက်တင်ဘာ ၂၆ ရက်နေ့မှာ စတင်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဟာ တောင်ကိုရီးယားလုံခြုံရေးအတွက် အဓိက မဟာမိတ်နိုင်ငံဖြစ်ရာ မြောက်ကိုရီးယားရဲ့ရန်စမှုများ တိုက်ခိုက်မှုများကိုကာကွယ်ဖို့ တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂၈၅ဝဝ ဖြန့်ကြတ်ချထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ဟာ မေလမှာ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် မြောက်ကိုရီးယားက ကန့်သတ်မှုများရှိနေတဲ့ကြားမှ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတမွန်ဂျေအင်း လက်ထက်မှာ မြောက်ကိုရီးယားရဲ့ဝေဖန်ပြောဆိုချက်များကြောင့် တောင်ကိုရီးယားဟာ အမေရိကန်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အကန့်အသတ်နဲ့သာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားရေတပ်က" ရေတပ်ချင်းစစ်ရေးလေ့ကျင့်ခန်းတွေဟာမြောက်ကိုရီးယားရဲ့ရန်စမှုများကိုတုံ့ပြန်ဖို့ အမေရိကန်နဲ့တောင်ကိုရီးယားကြား မဟာမိတ်အဖြစ်ရပ်တည်မှု ပိုမိုကောင်းမွန်တယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။" လို့ပြောပါတယ်။တောင်ကိုရီးယားနဲ့အမေရိကန်တို့ ပူးတွဲပြုလုပ်တဲ့ ရေတပ်ချင်းစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို လေးရက်ကြာ လုပ်ဆောင်မှာဖြစ်ပြီး အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘော နဲ့ ရေတပ်သင်္ဘောပေါင်း ၂ဝ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားရေတပ် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Kwak Kwang-sub က "နှစ်နိုင်ငံကြား ရေတပ်တပ်ဖွဲ့ချင်းကြား ပူးပေါင်းလေ့ကျင့်မှုများ ပိုမိုကောင်းမွန်စေဖို့ လေ့ကျင့်တာမျိုးဖြစ်တယ်" လို့ပြောပါတယ်။

မြောက်ကိုရီးယားဟာ စက်တင်ဘာ ၂၅ ရက်နေ့က တာတိုပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တာမျိုးဖြစ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားဟာ လက်ရှိအချိန်မှာ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများအပြင် နျူကလီးယားစမ်းသပ်ဖို့ စီစဉ်မှုများကြောင့် နိုင်ငံတကာရဲ့ပိတ်ဆို့မှုများရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက ဒုံးက်ည္စမ္းသပ္ၿပီး တစ္ရက္အၾကာမွာပဲ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈ စတင္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

ေျမာက္ကိုရီးယားႏိုင္ငံက ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ခဲ့ၿပီးေနာက္တစ္ရက္အၾကာမွာပဲ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ဟာ ကိုရီးယားကြၽန္းဆြယ္အနီးမွာ ေရတပ္ခ်င္းပူးေပါင္းစစ္ေရးေလ့က်င့္ခန္းမ်ား စက္တင္ဘာ ၂၆ ရက္ေန႔မွာ စတင္လုပ္ကိုင္ခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ဟာ ေတာင္ကိုရီးယားလုံၿခဳံေရးအတြက္ အဓိက မဟာမိတ္ႏိုင္ငံျဖစ္ရာ ေျမာက္ကိုရီးယားရဲ႕ရန္စမႈမ်ား တိုက္ခိုက္မႈမ်ားကိုကာကြယ္ဖို႔ ေတာင္ကိုရီးယားမွာ အေမရိကန္တပ္ဖြဲ႕ဝင္ေပါင္း ၂၈၅ဝဝ ျဖန႔္ၾကတ္ခ်ထားတယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ဟာ ေမလမွာ သမၼတအျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားက ကန႔္သတ္မႈမ်ားရွိေနတဲ့ၾကားမွ အေမရိကန္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ား တိုးျမႇင့္လုပ္ေဆာင္ဖို႔ စီစဥ္ခဲ့ပါတယ္။

ေတာင္ကိုရီးယားသမၼတမြန္ေဂ်အင္း လက္ထက္မွာ ေျမာက္ကိုရီးယားရဲ႕ေဝဖန္ေျပာဆိုခ်က္မ်ားေၾကာင့္ ေတာင္ကိုရီးယားဟာ အေမရိကန္နဲ႔ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားကို အကန႔္အသတ္နဲ႔သာ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားေရတပ္က" ေရတပ္ခ်င္းစစ္ေရးေလ့က်င့္ခန္းေတြဟာေျမာက္ကိုရီးယားရဲ႕ရန္စမႈမ်ားကိုတုံ႔ျပန္ဖို႔ အေမရိကန္နဲ႔ေတာင္ကိုရီးယားၾကား မဟာမိတ္အျဖစ္ရပ္တည္မႈ ပိုမိုေကာင္းမြန္တယ္ဆိုတာကို ျပသလိုက္တာျဖစ္တယ္။" လို႔ေျပာပါတယ္။ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔ ပူးတြဲျပဳလုပ္တဲ့ ေရတပ္ခ်င္းစစ္ေရးေလ့က်င့္ခန္းအစီအစဥ္ကို ေလးရက္ၾကာ လုပ္ေဆာင္မွာျဖစ္ၿပီး အေမရိကန္ရဲ႕ေလယာဥ္တင္သေဘၤာ နဲ႔ ေရတပ္သေဘၤာေပါင္း ၂ဝ ပူးေပါင္းပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားေရတပ္ တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Kwak Kwang-sub က "ႏွစ္ႏိုင္ငံၾကား ေရတပ္တပ္ဖြဲ႕ခ်င္းၾကား ပူးေပါင္းေလ့က်င့္မႈမ်ား ပိုမိုေကာင္းမြန္ေစဖို႔ ေလ့က်င့္တာမ်ိဳးျဖစ္တယ္" လို႔ေျပာပါတယ္။

ေျမာက္ကိုရီးယားဟာ စက္တင္ဘာ ၂၅ ရက္ေန႔က တာတိုပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ ပူးတြဲစစ္ေရးေလ့က်င့္ခဲ့တာမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားဟာ လက္ရွိအခ်ိန္မွာ ပဲ့ထိန္းဒုံးက်ည္စမ္းသပ္မႈမ်ားအျပင္ န်ဴကလီးယားစမ္းသပ္ဖို႔ စီစဥ္မႈမ်ားေၾကာင့္ ႏိုင္ငံတကာရဲ႕ပိတ္ဆို႔မႈမ်ားရင္ဆိုင္ေနရတဲ့ ႏိုင္ငံျဖစ္ပါတယ္။

Related news

© 2021. All rights reserved.