ယူကရိန်းစစ်ပွဲမှာ နျူကလီးယားသုံးမယ်ဆိုရင် ရုရှားကို တုံ့ပြန်သွားမှာဖြစ်ပြီး ကြီးမားတဲ့ ဘေးဒုက္ခဆိုးတွေဖြစ်လာနိုင်ကြောင်း အမေရိကန်အစိုးရ သတိပေး

 522

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်များအသုံးပြုလာမယ်ဆိုရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ရဲ့အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ ဖျက်အားပြင်းလက်နက်တွေနဲ့ နျူကလီးယားလက်နက်များအသုံးပြုမယ်ဆိုရင် အမေရိကန်က တုံ့ပြန်သွားမှာဖြစ်ပြီး အကျိုးဆက်အဖြစ် ကြီးမားတဲ့ဘေးဒုက္ခဆိုးများရင်ဆိုင်ရမှာဖြစ်ကြောင်း ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ရုရှားသမ္မတပူတင်က နိုင်ငံတော်ကာကွယ်ရေးအတွက် အသုံးပြုလို့ရနိုင်တဲ့လက်နက်များကို အသုံးပြုကောင်းပြုသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျိတ်ဆူလီဗန် က "နျူကလီးယား လက်နက်အသုံးပြုမယ်ဆိုရင် ရုရှားအတွက် ကြီးမားတဲ့ ဘေးဒုက္ခဆိုးတွေ ရင်ဆိုင်တွေ့ကြုံရဖွယ်ရှိနေတယ်" လို့ပြောပါတယ်။

ရုရှားဟာ နျူကလီးယားလက်နက်အသုံးပြုခဲ့မယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက ထိုက်တန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကမကြာသေးမီ က သတိပေးပြောဆိုခဲ့ဖူးပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ငံရှိ ရုရှားထိန်းချုပ်ထားတဲ့ Zaporozhye ဒေသရှိနျူကလီးယားစက်ရုံကို အနီးကပ်စောင့်ကြည့်နေကြောင်း ဆူလီဗန် က ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံအတွင်းရှိ သိမ်းပိုက်ထားတဲ့ ဒေသအချို့ကနေပြန်ဆုတ်ခွာခဲ့ရပြီးနောက် စစ်ရှိန်မြင့်နိုင်ဖို့ အရန်တပ်ဖွဲ့ဝင်ပေါင်း ၃ သိန်းခေါ်ယူ ထားသလို ယူကရိန်းနိုင်ငံအတွင်းရှိဒေသ ၄ ခုကို ရုရှားနဲ့ပူးပေါင်းလိုခြင်း ရှိ/မရှိ ဆန္ဒခံယူပွဲကျင်းပလျက်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ ရုရှားက ပြုလုပ်နေတဲ့ဆန္ဒခံယူပွဲကို ပြစ်တင်ရှုတ်ချထားပြီး တရားမဝင်ကြောင်း ဝေဖန်ထားပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက ဆန္ဒခံယူပွဲရလဒ်များကို အသိအမှတ်ပြုမှာမဟုတ်ကြောင်း၊ ဒီမိုကရေစီစံနှုန်းများကို လေးစားမှုမရှိကြောင်း ဝေဖန်ထားပါတယ်။

အဆိုပါပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုင်ငံတကာလေ့လာသူများ၊ လာရောက်လေ့လာခွင့်ပေးထားကြောင်းသတင်းများ က ပြောပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲမွာ န်ဴကလီးယားသုံးမယ္ဆိုရင္ ႐ုရွားကို တုံ႔ျပန္သြားမွာျဖစ္ၿပီး ႀကီးမားတဲ့ ေဘးဒုကၡဆိုးေတြျဖစ္လာႏိုင္ေၾကာင္း အေမရိကန္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

႐ုရွားအေနနဲ႔ ယူကရိန္းစစ္ပြဲမွာ န်ဴကလီးယားလက္နက္မ်ားအသုံးျပဳလာမယ္ဆိုရင္ ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ရဲ႕အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားဟာ ယူကရိန္းစစ္ပြဲမွာ ဖ်က္အားျပင္းလက္နက္ေတြနဲ႔ န်ဴကလီးယားလက္နက္မ်ားအသုံးျပဳမယ္ဆိုရင္ အေမရိကန္က တုံ႔ျပန္သြားမွာျဖစ္ၿပီး အက်ိဳးဆက္အျဖစ္ ႀကီးမားတဲ့ေဘးဒုကၡဆိုးမ်ားရင္ဆိုင္ရမွာျဖစ္ေၾကာင္း ဂ်ိတ္ဆူလီဗန္က ေျပာပါတယ္။

႐ုရွားသမၼတပူတင္က ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ အသုံးျပဳလို႔ရႏိုင္တဲ့လက္နက္မ်ားကို အသုံးျပဳေကာင္းျပဳသြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဂ်ိတ္ဆူလီဗန္ က "န်ဴကလီးယား လက္နက္အသုံးျပဳမယ္ဆိုရင္ ႐ုရွားအတြက္ ႀကီးမားတဲ့ ေဘးဒုကၡဆိုးေတြ ရင္ဆိုင္ေတြ႕ႀကဳံရဖြယ္ရွိေနတယ္" လို႔ေျပာပါတယ္။

႐ုရွားဟာ န်ဴကလီးယားလက္နက္အသုံးျပဳခဲ့မယ္ဆိုရင္ အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံမ်ားက ထိုက္တန္တဲ့ တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကမၾကာေသးမီ က သတိေပးေျပာဆိုခဲ့ဖူးပါတယ္။

အေမရိကန္အစိုးရဟာ ယူကရိန္းႏိုင္ငံရွိ ႐ုရွားထိန္းခ်ဳပ္ထားတဲ့ Zaporozhye ေဒသရွိန်ဴကလီးယားစက္႐ုံကို အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္း ဆူလီဗန္ က ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ လက္ရွိအခ်ိန္မွာ ယူကရိန္းႏိုင္ငံအတြင္းရွိ သိမ္းပိုက္ထားတဲ့ ေဒသအခ်ိဳ႕ကေနျပန္ဆုတ္ခြာခဲ့ရၿပီးေနာက္ စစ္ရွိန္ျမင့္ႏိုင္ဖို႔ အရန္တပ္ဖြဲ႕ဝင္ေပါင္း ၃ သိန္းေခၚယူ ထားသလို ယူကရိန္းႏိုင္ငံအတြင္းရွိေဒသ ၄ ခုကို ႐ုရွားနဲ႔ပူးေပါင္းလိုျခင္း ရွိ/မရွိ ဆႏၵခံယူပြဲက်င္းပလ်က္ရွိေနတယ္လို႔ သိရပါတယ္။

အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံေတြဟာ ႐ုရွားက ျပဳလုပ္ေနတဲ့ဆႏၵခံယူပြဲကို ျပစ္တင္ရႈတ္ခ်ထားၿပီး တရားမဝင္ေၾကာင္း ေဝဖန္ထားပါတယ္။ အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံမ်ားက ဆႏၵခံယူပြဲရလဒ္မ်ားကို အသိအမွတ္ျပဳမွာမဟုတ္ေၾကာင္း၊ ဒီမိုကေရစီစံႏႈန္းမ်ားကို ေလးစားမႈမရွိေၾကာင္း ေဝဖန္ထားပါတယ္။

အဆိုပါျပည္လုံးကြၽတ္ဆႏၵခံယူပြဲကို ႏိုင္ငံတကာေလ့လာသူမ်ား၊ လာေရာက္ေလ့လာခြင့္ေပးထားေၾကာင္းသတင္းမ်ား က ေျပာပါတယ္။

Related news

© 2021. All rights reserved.