မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ခရီးသွား (၃ဝဝဝဝ)နီးပါး ဝင်ရောက်ထားပြီး တရုတ်၊ အိန္ဒိ၊ ဂျပန်နိုင်ငံတို့မှ အများဆုံး လာရောက်လည်ပတ်

 660

မျိုးကြီး (NP News) - စက်တင်ဘာ ၂၆

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ပြီးနောက် နိုင်ငံခြားခရီးသွားဧည့်သည် (၃ဝဝဝဝ)နီးပါးဝင်ရောက်ထားပြီး တရုတ်၊ အိန္ဒိ၊ ဂျပန်နိုင်ငံတို့မှ အများဆုံးလာရောက်လည်ပတ်လျက်ရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

တစ်ကမ္ဘာလုံး၌ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားလာမှုကြောင့် မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားလုပ်ငန်းများကို ၂ဝ၂ဝ ခုနှစ်အတွင်း ယာယီပိတ်ထားခဲ့ရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အနေအထားရောက်ရှိလာပြီဖြစ်သည့်အတွက် ၂ဝ၂၂ ခုနှစ် ဧပြီလ ၁၇ ရက်မှစ၍ နိုင်ငံတကာလေ ကြောင်းလိုင်းများကို ပြန်လည်ပျံသန်းခွင့်ပြုခဲ့သည်။

ထို့ပြင် မေလ ၂ဝ ရက်တွင်လည်း ကမ္ဘာလှည့်ဗီဇာများကို ပြန်လည်ထုတ်ပေးလျက်ရှိပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းကိုလည်း ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်း (၁၄)လိုင်းပျံသန်းလျက်ရှိပြီး လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂၉၆၂၁ ဦးရှိလာပြီဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များက ဆိုသည်။

အဆိုပါ ကာလအတွင်း တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် မလေးရှား၊ တီမောနိုင်ငံတို့မှလွဲ၍ ကျန်ရှိသော အာဆီယံနိုင်ငံများကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေးဒေသတို့ကို နိုင်ငံခြားခရီးသွားအများအပြားက ကြိုက်နှစ်သက်မှုရှိကြသည်။

အာဆီယံနိုင်ငံများကို ဗီဇာကင်းလွတ်ခွင့်ပေးခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းများမှာလည်း ပြန်လည်တိုးတက်လာနိုင်ကြောင်း ခရီးသွားအေဂျင်စီအချို့က သုံးသပ်နေကြသည်။

zawgyi version
ျမန္မာ့ခရီးသြားလုပ္ငန္း ျပန္လည္ဖြင့္လွစ္ၿပီးေနာက္ ခရီးသြား (၃ဝဝဝဝ)နီးပါး ဝင္ေရာက္ထားၿပီး တ႐ုတ္၊ အိႏၵိ၊ ဂ်ပန္ႏိုင္ငံတို႔မွ အမ်ားဆုံး လာေရာက္လည္ပတ္
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၆

ျမန္မာ့ခရီးသြားလုပ္ငန္း ျပန္လည္ဖြင့္လွစ္ၿပီးေနာက္ ႏိုင္ငံျခားခရီးသြားဧည့္သည္ (၃ဝဝဝဝ)နီးပါးဝင္ေရာက္ထားၿပီး တ႐ုတ္၊ အိႏၵိ၊ ဂ်ပန္ႏိုင္ငံတို႔မွ အမ်ားဆုံးလာေရာက္လည္ပတ္လ်က္ရွိေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

တစ္ကမာၻလုံး၌ ကိုဗစ္ကပ္ေရာဂါ ကူးစက္ျပန႔္ပြားလာမႈေၾကာင့္ ျမန္မာႏိုင္ငံတြင္လည္း ကပ္ေရာဂါႀကိဳတင္ကာကြယ္ေရးအတြက္ ခရီးသြားလုပ္ငန္းမ်ားကို ၂ဝ၂ဝ ခုႏွစ္အတြင္း ယာယီပိတ္ထားခဲ့ရသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကပ္ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္သည့္အေနအထားေရာက္ရွိလာၿပီျဖစ္သည့္အတြက္ ၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၁၇ ရက္မွစ၍ ႏိုင္ငံတကာေလ ေၾကာင္းလိုင္းမ်ားကို ျပန္လည္ပ်ံသန္းခြင့္ျပဳခဲ့သည္။

ထို႔ျပင္ ေမလ ၂ဝ ရက္တြင္လည္း ကမာၻလွည့္ဗီဇာမ်ားကို ျပန္လည္ထုတ္ေပးလ်က္ရွိၿပီး ႏိုင္ငံတကာခရီးသြားလုပ္ငန္းကိုလည္း ျပန္လည္ဖြင့္လွစ္ေပးလ်က္ရွိသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာေလေၾကာင္းလိုင္း (၁၄)လိုင္းပ်ံသန္းလ်က္ရွိၿပီး လာေရာက္လည္ပတ္ေသာ ႏိုင္ငံျခားခရီးသြားဧည့္သည္ဝင္ေရာက္မႈမွာ ၂၉၆၂၁ ဦးရွိလာၿပီျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားက ဆိုသည္။

အဆိုပါ ကာလအတြင္း တ႐ုတ္၊ အိႏၵိယ၊ ကိုရီးယား၊ ဂ်ပန္ႏွင့္ ထိုင္းႏိုင္ငံတို႔မွ အမ်ားဆုံးဝင္ေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအေနျဖင့္ မေလးရွား၊ တီေမာႏိုင္ငံတို႔မွလြဲ၍ က်န္ရွိေသာ အာဆီယံႏိုင္ငံမ်ားကို ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၁ ရက္မွစ၍ ဗီဇာကင္းလြတ္ခြင့္ေပးထားသည္။

ျမန္မာႏိုင္ငံရွိ ရန္ကုန္၊ မႏၲေလး၊ ပုဂံႏွင့္ အင္းေလးေဒသတို႔ကို ႏိုင္ငံျခားခရီးသြားအမ်ားအျပားက ႀကိဳက္ႏွစ္သက္မႈရွိၾကသည္။

အာဆီယံႏိုင္ငံမ်ားကို ဗီဇာကင္းလြတ္ခြင့္ေပးျခင္းႏွင့္အတူ ခရီးသြားလုပ္ငန္းမ်ားမွာလည္း ျပန္လည္တိုးတက္လာႏိုင္ေၾကာင္း ခရီးသြားေအဂ်င္စီအခ်ိဳ႕က သုံးသပ္ေနၾကသည္။

Related news

© 2021. All rights reserved.