ရုရှားသမ္မတပူတင် နျူကလီးယားလက်နက် သုံး၊ မသုံးဆိုသည့်အချက်ကို ယူကရိန်းသမ္မတ ထုတ်ဖော်ပြောဆို

 895

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂၆

ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားသမ္မတပူတင်သည် နျူကလီးယားလက်နက်များကို အသုံးပြုလာနိုင်သည်ဟု ယုံကြည်ကြောင်း စက်တင်ဘာ(၂၅)ရက်နေ့က ပြောကြားခဲ့သည်။

ရုရှားပိုင်နက်နယ်မြေကိုကာကွယ်ရန်အတွက် ရနိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုမည်ဖြစ်ကြောင်း သမ္မတပူတင်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဇီလန်စကီးက “မနေ့တုန်းကတော့ အဲဒါဟာ ခြိမ်းခြောက်တဲ့ပုံစံတစ်ခုလိုပဲဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ အတည်ဖြစ်လာပါပြီ” ဟု ပြောကြားခဲ့သည်၊၊ ရုရှားသမ္မတပူတင်က ရုရှားနယ်မြေကိုဖျက်ဆီးသူများကို လက်နက်အမျိုးမျိုးဖြင့် ကာကွယ်သွားမည်ဆိုသော ပြောစကားများက ခြိမ်းခြောက်နေခြင်းမဟုတ်ကြောင်း ယူကရိန်းသမ္မတ က ဆိုခဲ့သည်။

ဥရောပသမဂ္ဂ၏ထိပ်တန်းသံတမန် ဂျိုးဆက်ဘော်ရဲလ် က “လူတွေက ခြိမ်းခြောက်တာ မဟုတ်ဖူးလို့ပြောနေတဲ့အချိန်မှာ ကျွန်တော်တို့က သူတို့ပြောစကားကို အလေးအနက်ထားတွေးသင့်တယ်” ဟု ပြောဆိုခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က "နျူကလီးယားလက်နက်အသုံးပြုမှုတိုင်းဟာ ရုရှားအတွက် ဆိုးရွားသောအကျိုးဆက်များနဲ့ရင်ဆိုင်ရလိမ့်မယ်" ဟု ရုရှားကိုပြောကြားခဲ့ကြောင်း စက်တင်ဘာ(၂၅) ရက်နေ့အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်လများအတွင်း Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း ရုရှားသည် အဆိုပါစက်ရုံကို သိမ်းပိုက်ထားနိုင်ဆဲဖြစ်ကြောင်း ဇီလန်စကီးက ဆိုသည်။

ရုရှားသည် မကြာသေးမီက အရန်တပ်ဖွဲ့ဝင်ပေါင်း(၃ဝဝဝဝဝ) ကို ထပ်မံခေါ်ယူခဲ့ပြီးနောက် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့သည်။ ယူကရိန်းသမ္မတဇီလန်စကီးက ပူတင်သည် “သူစစ်ရှုံးနေပြီဆိုတာ သိမှာပါ” ဟု ပြောဆိုခဲ့ သည်။

ယူကရိန်းသမ္မတဇီလန်စကီးက စစ်ပွဲကိုဆက်လက်တိုက်နိုင်ရန်အတွက် နောက်ထပ်ဒေါ်လာဘီလျံပေါင်းများစွာ၊ နောက်ထပ်လက်နက်များနှင့် ရုရှားအပေါ်နောက်ထပ်ပိတ်ဆို့မှုများကို လိုအပ်နေသေးကြောင်းပြောကြားခဲ့သည်။ ဇီလန်စကီးက “ကျွန်တော်တို့ ပူတင်အပေါ်မှာ ဖိအားတွေထပ်ပေးဖို့လိုအပ်နေပါသေးတယ်၊၊ သူ့ကိုရှေ့ဆက်ဖို့ ခွင့်မပြုသင့်ပါဘူး” ဟုပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားသမၼတပူတင္ န်ဴကလီးယားလက္နက္ သုံး၊ မသုံးဆိုသည့္အခ်က္ကို ယူကရိန္းသမၼတ ထုတ္ေဖာ္ေျပာဆို
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂၆

ယူကရိန္းသမၼတဇီလန္စကီးက ႐ုရွားသမၼတပူတင္သည္ န်ဴကလီးယားလက္နက္မ်ားကို အသုံးျပဳလာႏိုင္သည္ဟု ယုံၾကည္ေၾကာင္း စက္တင္ဘာ(၂၅)ရက္ေန႔က ေျပာၾကားခဲ့သည္။

႐ုရွားပိုင္နက္နယ္ေျမကိုကာကြယ္ရန္အတြက္ ရႏိုင္သမွ်နည္းလမ္းအားလုံးကို အသုံးျပဳမည္ျဖစ္ေၾကာင္း သမၼတပူတင္က အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။

ဇီလန္စကီးက “မေန႔တုန္းကေတာ့ အဲဒါဟာ ၿခိမ္းေျခာက္တဲ့ပုံစံတစ္ခုလိုပဲျဖစ္ခဲ့ေပမယ့္ ဒီေန႔မွာေတာ့ အတည္ျဖစ္လာပါၿပီ” ဟု ေျပာၾကားခဲ့သည္၊၊ ႐ုရွားသမၼတပူတင္က ႐ုရွားနယ္ေျမကိုဖ်က္ဆီးသူမ်ားကို လက္နက္အမ်ိဳးမ်ိဳးျဖင့္ ကာကြယ္သြားမည္ဆိုေသာ ေျပာစကားမ်ားက ၿခိမ္းေျခာက္ေနျခင္းမဟုတ္ေၾကာင္း ယူကရိန္းသမၼတ က ဆိုခဲ့သည္။

ဥေရာပသမဂၢ၏ထိပ္တန္းသံတမန္ ဂ်ိဳးဆက္ေဘာ္ရဲလ္ က “လူေတြက ၿခိမ္းေျခာက္တာ မဟုတ္ဖူးလို႔ေျပာေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က သူတို႔ေျပာစကားကို အေလးအနက္ထားေတြးသင့္တယ္” ဟု ေျပာဆိုခဲ့သည္။

အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Jake Sullivan က "န်ဴကလီးယားလက္နက္အသုံးျပဳမႈတိုင္းဟာ ႐ုရွားအတြက္ ဆိုး႐ြားေသာအက်ိဳးဆက္မ်ားနဲ႔ရင္ဆိုင္ရလိမ့္မယ္" ဟု ႐ုရွားကိုေျပာၾကားခဲ့ေၾကာင္း စက္တင္ဘာ(၂၅) ရက္ေန႔အေစာပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ၿပီးခဲ့သည့္လမ်ားအတြင္း Zaporozhye န်ဴကလီးယားဓာတ္အားေပးစက္႐ုံကို အႀကိမ္ႀကိမ္တိုက္ခိုက္ခဲ့ေသာ္လည္း ႐ုရွားသည္ အဆိုပါစက္႐ုံကို သိမ္းပိုက္ထားႏိုင္ဆဲျဖစ္ေၾကာင္း ဇီလန္စကီးက ဆိုသည္။

႐ုရွားသည္ မၾကာေသးမီက အရန္တပ္ဖြဲ႕ဝင္ေပါင္း(၃ဝဝဝဝဝ) ကို ထပ္မံေခၚယူခဲ့ၿပီးေနာက္ တင္းမာမႈအရွိန္ ပိုမိုျမင့္တက္လာခဲ့သည္။ ယူကရိန္းသမၼတဇီလန္စကီးက ပူတင္သည္ “သူစစ္ရႈံးေနၿပီဆိုတာ သိမွာပါ” ဟု ေျပာဆိုခဲ့ သည္။

ယူကရိန္းသမၼတဇီလန္စကီးက စစ္ပြဲကိုဆက္လက္တိုက္ႏိုင္ရန္အတြက္ ေနာက္ထပ္ေဒၚလာဘီလ်ံေပါင္းမ်ားစြာ၊ ေနာက္ထပ္လက္နက္မ်ားႏွင့္ ႐ုရွားအေပၚေနာက္ထပ္ပိတ္ဆို႔မႈမ်ားကို လိုအပ္ေနေသးေၾကာင္းေျပာၾကားခဲ့သည္။ ဇီလန္စကီးက “ကြၽန္ေတာ္တို႔ ပူတင္အေပၚမွာ ဖိအားေတြထပ္ေပးဖို႔လိုအပ္ေနပါေသးတယ္၊၊ သူ႔ကိုေရွ႕ဆက္ဖို႔ ခြင့္မျပဳသင့္ပါဘူး” ဟုေျပာဆိုခဲ့သည္။

Picture

Ko Moe

27/09/2022 07:13

တကယ့်ကောင်ပါပဲ အကူအညီတာ ရမယ်ဆိုရင် ဘာဖြစ်ဖြစ်ဆိုတဲ့ ငယ်ကျွန်ကြီး ပီသပါပေတယ်။ယူကရိန်းစစ်သား ဘယ်လောက်သေပါပြီလို့ အခု ထက်ထိ အသံကို တိတိကျကျ မလွှင့်ရဲရှာဘူးနော် Why?

Related news

© 2021. All rights reserved.