ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း နိုရူတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးသမား ၅ ဦးသေဆုံး

 481

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၆

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာနှင့် မြောက်ပိုင်းပြည်နယ်များတွင် ကုန်းတွင်းပိုင်းသို့ တိုင်ဖွန်းနိုရူ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နေရာအများအပြားတွင် ရေကြီးခဲ့ကာ အနည်းဆုံးလူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းနိုရူတိုက်ခတ်မှုကြောင့် စက်တင်ဘာ(၂၆)ရက်နေ့တွင် ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းလာသူ ထောင်ပေါင်းများစွာကို ဖိလစ်ပိုင်အာဏာပိုင်များက အကူအညီများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

တစ်နာရီလျှင် (၁၈၅)ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်သော တိုင်ဖွန်းနိုရူသည် စက်တင်ဘာ(၂၅)
ရက်နေ့တွင် အဓိကကျွန်းဆွယ်တစ်ခုဖြစ်သည့် လူဇွန်ကျွန်းကို တိုက်ခတ်ခဲ့ပြီး အာဏာပိုင်များသည် ကျောင်းများ၊အစိုးရရုံးများနှင့် စတော့စျေးကွက်များကို စက်တင်ဘာ(၂၆)ရက်နေ့အထိ ပိတ်ထားခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်က ထောက်ပံ့ရေးပစ္စည်းများကို လေကြောင်းဖြင့်သယ်ယူရန်နှင့် တိုင်ဖွန်းမုန်တိုင်းဒဏ်အခံရဆုံးဒေသများကို ပစ္စည်းများထောက်ပံ့ရန် ညွှန်ကြားထားကြောင်း သိရသည်။

သမ္မတဖာဒီနန်မာကို့စ်က ဘူလာကန်ပြည်နယ်တွင် ကယ်ဆယ်ရေးသမား(၅)ဦးသေဆုံးခဲ့ကြောင်း ဆိုခဲ့ပြီး မုန်တိုင်းနှင့်အတူ ရေကြီးမှုများလည်းဖြစ်ပွားခဲ့ရာအချို့ဒေသခံများသည် ခါးအထိနက်သောရေထဲတွင် ဖြတ်လျှောက်နေကြရပြီး အချို့မှာ အိမ်ခေါင်မိုးများပေါ်တွင် တက်နေခဲ့ကြောင်းပြောကြားခဲ့သည်။

Quezon ပြည်နယ်အုပ်ချုပ်ရေးမှူး Helen Tanက “မုန်တိုင်းကြောင့် အိမ်ပေါင်းများစွာ ပျက်စီးခဲ့ပါတယ်၊၊ ဒါပေမယ့် မြေပြိုကျမှုတွေမရှိတာကြောင့် လမ်းတွေကတော့ ဆက်သွားလို့ရနေပါသေးတယ်” ဟုပြောကြားခဲ့သည်။

ဒေသခံအစိုးရသည် လဲကျနေသော သစ်ပင်များနှင့် အခြားအပျက်အစီးများကို စတင်ရှင်းလင်းနေပြီဖြစ်ကြောင်း Helen Tan က ထပ်မံပြောကြားခဲ့သည်။ သမ္မတ မားကိုစ့်သည် မုန်တိုင်းဒဏ်ခံရသောနေရာများကို စက်တင်ဘာ(၂၆)ရက်နေ့နှောင်းပိုင်းတွင် လေယာဉ်ဖြင့် လိုက်လံကြည့်ရှုမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားသော မြို့တော်၏မြောက်ဘက်ပြည်နယ်နှစ်ခုဖြစ်သည့် Aurora နှင့် Nueva Ecija တို့ကို အရေးပေါ်ဓာတ်အားထောက်ပံ့ရန် တာဝန်ရှိသူများအား အမိန့်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါမုန်တိုင်းသည် တောင်တရုတ်ပင်လယ်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ ဦးတည်သွားကြောင်း ပြည်နယ်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။ ကျွန်းပေါင်း(၇၆ဝဝ)ကျော်ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းသည် တစ်နှစ်လျှင်ပျမ်းမျှ အကြိမ်(၂ဝ)ခန့်ဖြစ်ပွားနေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂ဝ၁၃ ခုနှစ်က အားအကောင်းဆုံးအပူပိုင်းမုန်တိုင်းများထဲမှ တစ်ခုဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း ဟိုင်နန် တိုက်ခတ်မှုကြောင့် လူပေါင်း (၆၃ဝဝ) သေဆုံးခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံတြင္ တိုင္ဖြန္းမုန္တိုင္း ႏို႐ူတိုက္ခတ္မႈေၾကာင့္ ကယ္ဆယ္ေရးသမား ၅ ဦးေသဆုံး
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၆

ဖိလစ္ပိုင္ႏိုင္ငံ ၿမိဳ႕ေတာ္မနီလာႏွင့္ ေျမာက္ပိုင္းျပည္နယ္မ်ားတြင္ ကုန္းတြင္းပိုင္းသို႔ တိုင္ဖြန္းႏို႐ူ ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ ေနရာအမ်ားအျပားတြင္ ေရႀကီးခဲ့ကာ အနည္းဆုံးလူ(၅)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

တိုင္ဖြန္းႏို႐ူတိုက္ခတ္မႈေၾကာင့္ စက္တင္ဘာ(၂၆)ရက္ေန႔တြင္ ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းလာသူ ေထာင္ေပါင္းမ်ားစြာကို ဖိလစ္ပိုင္အာဏာပိုင္မ်ားက အကူအညီမ်ား ျဖန႔္ေဝေပးခဲ့ေၾကာင္းသိရသည္။

တစ္နာရီလွ်င္ (၁၈၅)ကီလိုမီတာႏႈန္းျဖင့္ တိုက္ခတ္ေသာ တိုင္ဖြန္းႏို႐ူသည္ စက္တင္ဘာ(၂၅)
ရက္ေန႔တြင္ အဓိကကြၽန္းဆြယ္တစ္ခုျဖစ္သည့္ လူဇြန္ကြၽန္းကို တိုက္ခတ္ခဲ့ၿပီး အာဏာပိုင္မ်ားသည္ ေက်ာင္းမ်ား၊အစိုးရ႐ုံးမ်ားႏွင့္ စေတာ့ေစ်းကြက္မ်ားကို စက္တင္ဘာ(၂၆)ရက္ေန႔အထိ ပိတ္ထားခဲ့ေၾကာင္းသိရသည္။

ဖိလစ္ပိုင္ႏိုင္ငံသမၼတ ဖာဒီနန္မားကို႔စ္က ေထာက္ပံ့ေရးပစၥည္းမ်ားကို ေလေၾကာင္းျဖင့္သယ္ယူရန္ႏွင့္ တိုင္ဖြန္းမုန္တိုင္းဒဏ္အခံရဆုံးေဒသမ်ားကို ပစၥည္းမ်ားေထာက္ပံ့ရန္ ၫႊန္ၾကားထားေၾကာင္း သိရသည္။

သမၼတဖာဒီနန္မာကို႔စ္က ဘူလာကန္ျပည္နယ္တြင္ ကယ္ဆယ္ေရးသမား(၅)ဦးေသဆုံးခဲ့ေၾကာင္း ဆိုခဲ့ၿပီး မုန္တိုင္းႏွင့္အတူ ေရႀကီးမႈမ်ားလည္းျဖစ္ပြားခဲ့ရာအခ်ိဳ႕ေဒသခံမ်ားသည္ ခါးအထိနက္ေသာေရထဲတြင္ ျဖတ္ေလွ်ာက္ေနၾကရၿပီး အခ်ိဳ႕မွာ အိမ္ေခါင္မိုးမ်ားေပၚတြင္ တက္ေနခဲ့ေၾကာင္းေျပာၾကားခဲ့သည္။

Quezon ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Helen Tanက “မုန္တိုင္းေၾကာင့္ အိမ္ေပါင္းမ်ားစြာ ပ်က္စီးခဲ့ပါတယ္၊၊ ဒါေပမယ့္ ေျမၿပိဳက်မႈေတြမရွိတာေၾကာင့္ လမ္းေတြကေတာ့ ဆက္သြားလို႔ရေနပါေသးတယ္” ဟုေျပာၾကားခဲ့သည္။

ေဒသခံအစိုးရသည္ လဲက်ေနေသာ သစ္ပင္မ်ားႏွင့္ အျခားအပ်က္အစီးမ်ားကို စတင္ရွင္းလင္းေနၿပီျဖစ္ေၾကာင္း Helen Tan က ထပ္မံေျပာၾကားခဲ့သည္။ သမၼတ မားကိုစ့္သည္ မုန္တိုင္းဒဏ္ခံရေသာေနရာမ်ားကို စက္တင္ဘာ(၂၆)ရက္ေန႔ေႏွာင္းပိုင္းတြင္ ေလယာဥ္ျဖင့္ လိုက္လံၾကည့္ရႈမည္ျဖစ္ၿပီး လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားေသာ ၿမိဳ႕ေတာ္၏ေျမာက္ဘက္ျပည္နယ္ႏွစ္ခုျဖစ္သည့္ Aurora ႏွင့္ Nueva Ecija တို႔ကို အေရးေပၚဓာတ္အားေထာက္ပံ့ရန္ တာဝန္ရွိသူမ်ားအား အမိန႔္ေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါမုန္တိုင္းသည္ ေတာင္တ႐ုတ္ပင္လယ္မွတစ္ဆင့္ ဗီယက္နမ္ႏိုင္ငံသို႔ ဦးတည္သြားေၾကာင္း ျပည္နယ္မိုးေလဝသေအဂ်င္စီက ေျပာၾကားခဲ့သည္။ ကြၽန္းေပါင္း(၇၆ဝဝ)ေက်ာ္ရွိေသာ ဖိလစ္ပိုင္ႏိုင္ငံတြင္ အပူပိုင္းမုန္တိုင္းသည္ တစ္ႏွစ္လွ်င္ပ်မ္းမွ် အႀကိမ္(၂ဝ)ခန႔္ျဖစ္ပြားေနေၾကာင္း သိရသည္။

ဖိလစ္ပိုင္ႏိုင္ငံတြင္ ၂ဝ၁၃ ခုႏွစ္က အားအေကာင္းဆုံးအပူပိုင္းမုန္တိုင္းမ်ားထဲမွ တစ္ခုျဖစ္သည့္ တိုင္ဖြန္းမုန္တိုင္း ဟိုင္နန္ တိုက္ခတ္မႈေၾကာင့္ လူေပါင္း (၆၃ဝဝ) ေသဆုံးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.