ကိုဗစ်ကပ်ရောဂါပြီးဆုံးပြီလို့ ဂျိုးဘိုင်ဒင်ရဲ့ပြောဆိုမှုအပေါ် နာတာရှည်ခံစားနေရသူတို့ ကန့်ကွက်ဆန္ဒပြ

 630

Htay Oung (NP News) - စက်တင်ဘာ ၂၇

အမေရိကန်အပါအဝင် လက်ရှိကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ “ကိုရိုနာဗိုင်းရပ်စ်" ကပ်ရောဂါဟာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ CBS ရုပ်သံရဲ့ “မိနစ် ၆ဝ"အင်တာဗျူးအစီအစဉ်မှာ အမေရိကန်သမ္မတကြီးရဲ့ အဲဒီလို လက်လွတ်စပယ်မှတ်ချက်ပေးမှုဟာ COVID-19 ရောဂါလက္ခဏာများကို နာတာရှည်ခံစားနေရသူတို့အတွက် ဝါရှင်တန်ဒီစီ အိမ်ဖြူတော်ရှေ့မှာ ပြောင်လှောင်ဆန္ဒဖော်ထုတ်စရာဖြစ်သွားခဲ့ရတယ်လို့ အမေရိကန် The Hill သတင်းအေဂျင်စီက စက်တင်ဘာလ ၁၉ ရက်က ရေးသားလိုက်ပါတယ်။

Myalgic encephalomyelitis “မဲလ်ဂျစ် အင်ဆက်ဖလိုမိုင်လက်တစ်" လို့ခေါ်တဲ့ “ဦးနှောက်နဲ့ အာရုံကြောမကြီး ရောင်ရမ်းခြင်း” “နာတာရှည် ပင်ပန်းနွမ်းနယ်ရောဂါစု (ME/CFS)” ဝေဒနာဖြစ်ပွားနေသူအချို့ ပါဝင်ဖွဲ့စည်းထားတဲ့ MEAction ကွန်ရက် အင်ဂျီအိုအဖွဲ့က အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့ ပလက်ဖောင်းပေါ်မှာ ဆိုင်းဘုတ်များ ကိုင်ဆောင်လဲလျှောင်းပြီး ဆန္ဒပြခြင်းဖြစ်ပါတယ်။

Long COVID လို့ခေါ်တဲ့ နာတာရှည်ကိုဗစ်ရောဂါဟာ ကနဦးကူးစက်ခံရပြီးနောက် ရက်သတ္တပတ် (သို့မဟုတ်) လပေါင်းအတော်ကြာတဲ့အထိ ဗိုင်းရပ်စ်ရောဂါလက္ခဏာတို့လို ဝေဒနာဆက်လက်ခံစားနေရသူများကိုဖော်ပြရာမှာ သုံးစွဲလေ့ရှိပါတယ်။ ME/CFS ဟာ COVID-19 ရောဂါဖြစ်ပွားကြောင်း အတည်ပြုပြီးနောက် ကူးစက်နိုင်တဲ့ နာတာရှည်ရောဂါမျိုးဖြစ်ပါတယ်။

ME/CFS ရောဂါရှိသူများရဲ့ ၇၅ ရာခိုင်နှုန်းဟာ အလုပ်မလုပ်နိုင်တော့ဘဲ ၂၅ ရာခိုင်နှုန်းဆိုလျှင် အိပ်ရာထဲမှာ လဲနေ ကြရတယ်လို့ MEAction အဆိုအရ သိရှိရပါတယ်။

"ကျွန်တော်တို့ COVID နဲ့ပတ်သက်ပြီး ပြဿနာတော့ ရှိနေဆဲပဲ” လို့ CBS နဲ့ အင်တာဗျူးမှာ ဘိုင်ဒင်က ပြော ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့က အဲဒါကို အများကြီးလုပ်နေတုန်းပဲ။ ဒါပေမယ့် ကပ်ရောဂါပြီးသွားပါပြီ။ “သတိထား ကြည့်ရင် ဘယ်သူမှ Mask မတပ်ကြတော့ဘူး။ အားလုံးအတော်နေကောင်းကြပုံပေါ်ပါတယ်” လို့ လက်ရှိဖြစ်ပွား နေဆဲ ကပ်ရောဂါအပေါ် အမေရိကန်သမ္မတကြီးရဲ့ဖြစ်ကတတ်ဆန်းမှတ်ချက်ဟာ အများပြည်သူဆိုင်ရာ ကျန်းမာ ရေးကျွမ်းကျင်သူများနဲ့ ကွန်ဂရက်အမတ်တို့အတွက် စိတ်ပျက်ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။

အရွယ်ရောက်ပြီးသူများအကြား အမေရိကန်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေးထိုးနှံနှုန်းဟာ ၆၇ ရာခိုင်နှုန်းသာ ရှိနေသေးပြီး နေ့စဉ်ပျမ်းမျှသေဆုံးသူ ၄ဝဝ ကျော်ရှိနေဆဲဖြစ်ကြောင်း New York Times သတင်းစာပါ အချက် အလက်များက ဖော်ပြနေပါတယ်။ (ဒီမိုကရေစီ မီးရှုးတန်ဆောင်နိုင်ငံကြီးရဲ့ အဲဒီပမာဏဟာ ယခုနှစ် ၆ လပိုင်း အကုန်မှာ အရွယ်ရောက်ပြီးသူ ၇ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်စေဖို့ WHO ရဲ့ရည်မှန်းချက်ကို မပြည့်မီ ကြောင်း တွေ့မြင်နေရပါတယ်။

၂ နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ ကပ်ရောဂါကာလအတွင်း အမေရိကန်နိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုပေါင်း ၉၇ သန်းကျော်နဲ့ လူ ၁ သန်းကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒီအတွက် လူ ၂ သန်းကျော်ဟာ ဆေးဝါးကုခံယူနေရဆဲ ဖြစ်ပြီး ယင်းအနက် လူ ၃ဝဝဝ ကျော်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်။

၂ဝ၂ဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်အနိုင်ရရှိခြင်းဟာ မသမာမဲများကြောင့်ဖြစ်တယ်လို့ ရီပတ် ဘလစ်ကန်ပါတီထောက်ခံသူများအကြား ယခုတိုင် စွဲစွဲမြဲမြဲယုံကြည်နေကြပါတယ်။ ဒီအချက်ဟာ ဒီမိုကရက် အစိုးရရဲ့ ကာကွယ်ဆေးထိုးနှံရေးအပေါ် ပြည်သူအားလုံး ပူးပေါင်းပါဝင်ရေးမှာ ဆိုးရွားစွာ ဂယက်ရိုက်ခတ်ခဲ့ပါ တယ်။ အမေရိကန်ဟာ မဟာမိတ်ဥရောပနိုင်ငံများကိုပင် သူ့ကာကွယ်ဆေးကုန်ကြမ်းတွေကို အလုံအလောက် မျှဝေပေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့် လူသေဆုံးရခြင်းဟာ နေ့စဉ် လူ ၁ဝဝ နီးပါး ပုံမှန် ရှိနေကြောင်း Worldometer ရဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက် ကိန်းဂဏန်းများက ဖော်ပြနေပါတယ်။

တစ်ဖက်မှာပြန်ကြည့်ရင် လူ့သဘာဝ ဖျားကြ၊ နာကြ ဖြစ်ကြသူများအတွက် အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ဈေးအကြီး ဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တည်ရှိနေပါတယ်။ ဒီလိုနဲ့ နိုင်ငံရဲ့ “ပျမ်းမျှ မျှော်မှန်းသက်တမ်း” ဟာ ရာစုနှစ် အတွင်း အနိမ့်ဆုံးအဖြစ် စံချိန်တင်ကျဆင်းနေကြာင်း ဒေတာများအရ သိရှိရတယ်လို့ အမေရိကန်ဂျာနယ်လစ်၊ နိုင်ငံရေးလေ့လာဆန်းစစ်သူ ဘရက်ဒလီ ဘလင်ကန်ရှစ်က ရုရှားသတင်းစာ RT မှာ စက်တင်ဘာလ ၁၉ ရက်က ရေးသားပါတယ်။

နိုင်ငံရဲ့ ပျမ်းမျှ မျှော်မှန်းသက်တမ်းဟာ ၂ဝ၂၁ ခုနှစ်မှာ နှစ်နှစ်ဆက်တိုက် ကျဆင်းသွားကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က သြဂုတ်လမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ၁၉၉၆ ခုနှစ် မျှော်လင့်သက်တမ်းအတိုင်း အသက်ရှည်ရှည်နေကြရဖို့ရည်ရွယ်ထားတဲ့ အမေရိကန်တွေအတွက် ယခုလို ၂ နှစ် ဆက်တိုက်ကျဆင်းမှုသည် ရာစုနှစ်အတွင်း အထူးခြားဆုံးလို့ ဆိုနိုင်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုနဲ့ သေဆုံးသူအရေအတွက် အများဆုံးရှိနေတဲ့အတွက် အခု လို ပျှမ်းမျှသက်တမ်းကျဆင်းခြင်းဟာ အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ယခုကပ်ရောဂါ မဖြစ်ပွားမီကတည်းက မရည်ရွယ်ဘဲ ဒဏ်ရာရရှိခြင်း၊ အသည်းရောဂါ၊ မိမိကိုယ်ကိုယ်သတ်သေခြင်းနဲ့ကာကွယ်နိုင်တဲ့ ဖျားနာမှုများကြောင့် အမေရိကန်တို့ရဲ့ပျမ်းမျှသက်တမ်းဟာ တိုးမြှင့်လာခြင်းမရှိဘဲ ရပ်တန့်လာကြောင်းကိုလည်း သတိပြုမိမှာ ဖြစ်ပါ တယ်။

ယခုဆိုလျှင် အမေရိကန်ဟာ မျှော်မှန်းသက်တမ်းအများဆုံး ထိပ်တန်းနိုင်ငံ ၅ဝ စာရင်းမှ နှုတ်ထွက်ရဖို့အထိ အရှိန် အဟုန်နဲ့တွန်းအားပေးသလို ရှိနေပါတယ်။ ဒီနေရာမှာ အဲဒီနိုင်ငံ ၅ဝ တို့ရဲ့ ကျန်းမာရေးအာမခံ (သို့မဟုတ်) အထောက်အကူပြု ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အများသူငှာ ရွေးချယ်ပိုင်ခွင့်ရှိခြင်းနဲ့ဆက်စပ်မှု ရှိနိုင်ပါ သလား။
AP သတင်းအေဂျင်စီနဲ့ NORC အများပြည်သူရေးရာ သုတေသနစင်တာရဲ့ စက်တင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့ထုတ်ပြန်လိုက်တဲ့စစ်တမ်းအသစ်တစ်ခုအရ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ကောင်းမွန်စွာ ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်သူ အမေရိကန်နိုင်ငံသားအရေအတွက်ဟာ ဖြေဆိုသူ စုစုပေါင်းရဲ့ ထက်ဝက်အောက်သာရှိနေကြောင်း တွေ့ရှိရပါတယ်။ ၁၂ ရာခိုင်နှုန်းကသာ သူတို့အတွက် အလွန်အမင်း (သို့မဟုတ်) ကောင်းမွန်စွာဆက်နွယ်မှုရှိတယ်လို့ ဖြေဆိုကြပါတယ်။ တစ်ဦးတည်းပေးဆောင်ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထောက်ခံသူ ၄ၒ ရာခိုင်နှုန်းရှိပြီး ၅၈ ရာခိုင်နှုန်းက အများသူငှာအတွက် ပေးချေ ပိုင်ခွင့်ကို ထောက်ခံပါတယ် ။

ကမ္ဘာ့ဈေးအကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များတည်ရှိရာ တိုင်းပြည်တစ်ခုဖြစ်တဲ့ အမေရိကန်မှာ နိုင်ငံ တွင်း ကျန်းမာရေးရလဒ်များ အလွန်ညံ့ဖျင်းဆိုးရွားနေချိန် နိုင်ငံသားတို့အနေနဲ့ အခုလိုခံစားနေကြရတာကို မြင်တွေ့ဖို့ မခဲယဉ်းပါဘူး။ ဆိုလိုတာ သက်ကြီးရွယ်အိုများ၊ ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံထားရသူများ သာမက၊ အထက်မှာ ဥပမာ ဖော်ပြခဲ့တဲ့အတိုင်း အမေရိကန်ရဲ့ကျန်းမာရေးရလဒ်ညံ့ဖျင်းမှုနဲ့ ကြုံတွေ့ နေရသူများ ဟာ Covid-19 ကပ်ရောဂါကာလမှာ အသက်အန္တရာယ် အရှိဆုံးသူများဖြစ်နေပါတယ်။

Zawgyi Version;
ကိုဗစ္ကပ္ေရာဂါၿပီးဆုံးၿပီလို႔ ဂ်ိဳးဘိုင္ဒင္ရဲ႕ေျပာဆိုမႈအေပၚ နာတာရွည္ခံစားေနရသူတို႔ ကန႔္ကြက္ဆႏၵျပ
Htay Oung (NP News) - စက္တင္ဘာ ၂၇

အေမရိကန္အပါအဝင္ လက္ရွိကမာၻအရပ္ရပ္မွာ ျဖစ္ပြားေနတဲ့ “ကို႐ိုနာဗိုင္းရပ္စ္" ကပ္ေရာဂါဟာ ၿပီးဆုံးသြားၿပီ ျဖစ္ေၾကာင္း သမၼတဂ်ိဳးဘိုင္ဒင္က ေျပာဆိုခဲ့ပါတယ္။

စက္တင္ဘာ ၁၈ ရက္ေန႔ CBS ႐ုပ္သံရဲ႕ “မိနစ္ ၆ဝ"အင္တာဗ်ဴးအစီအစဥ္မွာ အေမရိကန္သမၼတႀကီးရဲ႕ အဲဒီလို လက္လြတ္စပယ္မွတ္ခ်က္ေပးမႈဟာ COVID-19 ေရာဂါလကၡဏာမ်ားကို နာတာရွည္ခံစားေနရသူတို႔အတြက္ ဝါရွင္တန္ဒီစီ အိမ္ျဖဴေတာ္ေရွ႕မွာ ေျပာင္ေလွာင္ဆႏၵေဖာ္ထုတ္စရာျဖစ္သြားခဲ့ရတယ္လို႔ အေမရိကန္ The Hill သတင္းေအဂ်င္စီက စက္တင္ဘာလ ၁၉ ရက္က ေရးသားလိုက္ပါတယ္။

Myalgic encephalomyelitis “မဲလ္ဂ်စ္ အင္ဆက္ဖလိုမိုင္လက္တစ္" လို႔ေခၚတဲ့ “ဦးေႏွာက္နဲ႔ အာ႐ုံေၾကာမႀကီး ေရာင္ရမ္းျခင္း” “နာတာရွည္ ပင္ပန္းႏြမ္းနယ္ေရာဂါစု (ME/CFS)” ေဝဒနာျဖစ္ပြားေနသူအခ်ိဳ႕ ပါဝင္ဖြဲ႕စည္းထားတဲ့ MEAction ကြန္ရက္ အင္ဂ်ီအိုအဖြဲ႕က အေမရိကန္သမၼတအိမ္ျဖဴေတာ္ေရွ႕ ပလက္ေဖာင္းေပၚမွာ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္လဲေလွ်ာင္းၿပီး ဆႏၵျပျခင္းျဖစ္ပါတယ္။

Long COVID လို႔ေခၚတဲ့ နာတာရွည္ကိုဗစ္ေရာဂါဟာ ကနဦးကူးစက္ခံရၿပီးေနာက္ ရက္သတၱပတ္ (သို႔မဟုတ္) လေပါင္းအေတာ္ၾကာတဲ့အထိ ဗိုင္းရပ္စ္ေရာဂါလကၡဏာတို႔လို ေဝဒနာဆက္လက္ခံစားေနရသူမ်ားကိုေဖာ္ျပရာမွာ သုံးစြဲေလ့ရွိပါတယ္။ ME/CFS ဟာ COVID-19 ေရာဂါျဖစ္ပြားေၾကာင္း အတည္ျပဳၿပီးေနာက္ ကူးစက္ႏိုင္တဲ့ နာတာရွည္ေရာဂါမ်ိဳးျဖစ္ပါတယ္။

ME/CFS ေရာဂါရွိသူမ်ားရဲ႕ ၇၅ ရာခိုင္ႏႈန္းဟာ အလုပ္မလုပ္ႏိုင္ေတာ့ဘဲ ၂၅ ရာခိုင္ႏႈန္းဆိုလွ်င္ အိပ္ရာထဲမွာ လဲေန ၾကရတယ္လို႔ MEAction အဆိုအရ သိရွိရပါတယ္။

"ကြၽန္ေတာ္တို႔ COVID နဲ႔ပတ္သက္ၿပီး ျပႆနာေတာ့ ရွိေနဆဲပဲ” လို႔ CBS နဲ႔ အင္တာဗ်ဴးမွာ ဘိုင္ဒင္က ေျပာ ဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္တို႔က အဲဒါကို အမ်ားႀကီးလုပ္ေနတုန္းပဲ။ ဒါေပမယ့္ ကပ္ေရာဂါၿပီးသြားပါၿပီ။ “သတိထား ၾကည့္ရင္ ဘယ္သူမွ Mask မတပ္ၾကေတာ့ဘူး။ အားလုံးအေတာ္ေနေကာင္းၾကပုံေပၚပါတယ္” လို႔ လက္ရွိျဖစ္ပြား ေနဆဲ ကပ္ေရာဂါအေပၚ အေမရိကန္သမၼတႀကီးရဲ႕ျဖစ္ကတတ္ဆန္းမွတ္ခ်က္ဟာ အမ်ားျပည္သူဆိုင္ရာ က်န္းမာ ေရးကြၽမ္းက်င္သူမ်ားနဲ႔ ကြန္ဂရက္အမတ္တို႔အတြက္ စိတ္ပ်က္ေဒါသထြက္စရာ ျဖစ္ခဲ့ရပါတယ္။

အ႐ြယ္ေရာက္ၿပီးသူမ်ားအၾကား အေမရိကန္ႏိုင္ငံရဲ႕ COVID-19 ကာကြယ္ေဆးထိုးႏွံႏႈန္းဟာ ၆၇ ရာခိုင္ႏႈန္းသာ ရွိေနေသးၿပီး ေန႔စဥ္ပ်မ္းမွ်ေသဆုံးသူ ၄ဝဝ ေက်ာ္ရွိေနဆဲျဖစ္ေၾကာင္း New York Times သတင္းစာပါ အခ်က္ အလက္မ်ားက ေဖာ္ျပေနပါတယ္။ (ဒီမိုကေရစီ မီးရႈးတန္ေဆာင္ႏိုင္ငံႀကီးရဲ႕ အဲဒီပမာဏဟာ ယခုႏွစ္ ၆ လပိုင္း အကုန္မွာ အ႐ြယ္ေရာက္ၿပီးသူ ၇ဝ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထိုးႏွံၿပီးျဖစ္ေစဖို႔ WHO ရဲ႕ရည္မွန္းခ်က္ကို မျပည့္မီ ေၾကာင္း ေတြ႕ျမင္ေနရပါတယ္။

၂ ႏွစ္ေက်ာ္ၾကာျမင့္လာၿပီျဖစ္တဲ့ ကပ္ေရာဂါကာလအတြင္း အေမရိကန္ႏိုင္ငံမွာ ကိုဗစ္ေရာဂါ ျဖစ္ပြားမႈေပါင္း ၉၇ သန္းေက်ာ္နဲ႔ လူ ၁ သန္းေက်ာ္ ေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။ ဒီအတြက္ လူ ၂ သန္းေက်ာ္ဟာ ေဆးဝါးကုခံယူေနရဆဲ ျဖစ္ၿပီး ယင္းအနက္ လူ ၃ဝဝဝ ေက်ာ္ဟာ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ သမၼတေ႐ြးေကာက္ပြဲမွာ ဂ်ိဳးဘိုင္ဒင္အႏိုင္ရရွိျခင္းဟာ မသမာမဲမ်ားေၾကာင့္ျဖစ္တယ္လို႔ ရီပတ္ ဘလစ္ကန္ပါတီေထာက္ခံသူမ်ားအၾကား ယခုတိုင္ စြဲစြဲၿမဲၿမဲယုံၾကည္ေနၾကပါတယ္။ ဒီအခ်က္ဟာ ဒီမိုကရက္ အစိုးရရဲ႕ ကာကြယ္ေဆးထိုးႏွံေရးအေပၚ ျပည္သူအားလုံး ပူးေပါင္းပါဝင္ေရးမွာ ဆိုး႐ြားစြာ ဂယက္႐ိုက္ခတ္ခဲ့ပါ တယ္။ အေမရိကန္ဟာ မဟာမိတ္ဥေရာပႏိုင္ငံမ်ားကိုပင္ သူ႔ကာကြယ္ေဆးကုန္ၾကမ္းေတြကို အလုံအေလာက္ မွ်ေဝေပးခဲ့ျခင္း မရွိဘူးလို႔ သိရပါတယ္။ ဒါေပမဲ့ ကိုဗစ္ေၾကာင့္ လူေသဆုံးရျခင္းဟာ ေန႔စဥ္ လူ ၁ဝဝ နီးပါး ပုံမွန္ ရွိေနေၾကာင္း Worldometer ရဲ႕ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၂၅ ရက္ ကိန္းဂဏန္းမ်ားက ေဖာ္ျပေနပါတယ္။

တစ္ဖက္မွာျပန္ၾကည့္ရင္ လူ႔သဘာဝ ဖ်ားၾက၊ နာၾက ျဖစ္ၾကသူမ်ားအတြက္ အေမရိကန္ႏိုင္ငံဟာ ကမာၻ႔ေဈးအႀကီး ဆုံး က်န္းမာေရးေစာင့္ေရွာက္မႈစနစ္တည္ရွိေနပါတယ္။ ဒီလိုနဲ႔ ႏိုင္ငံရဲ႕ “ပ်မ္းမွ် ေမွ်ာ္မွန္းသက္တမ္း” ဟာ ရာစုႏွစ္ အတြင္း အနိမ့္ဆုံးအျဖစ္ စံခ်ိန္တင္က်ဆင္းေနၾကာင္း ေဒတာမ်ားအရ သိရွိရတယ္လို႔ အေမရိကန္ဂ်ာနယ္လစ္၊ ႏိုင္ငံေရးေလ့လာဆန္းစစ္သူ ဘရက္ဒလီ ဘလင္ကန္ရွစ္က ႐ုရွားသတင္းစာ RT မွာ စက္တင္ဘာလ ၁၉ ရက္က ေရးသားပါတယ္။

ႏိုင္ငံရဲ႕ ပ်မ္းမွ် ေမွ်ာ္မွန္းသက္တမ္းဟာ ၂ဝ၂၁ ခုႏွစ္မွာ ႏွစ္ႏွစ္ဆက္တိုက္ က်ဆင္းသြားေၾကာင္း အေမရိကန္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာ (CDC) က ၾသဂုတ္လမွာ အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ ၁၉၉၆ ခုႏွစ္ ေမွ်ာ္လင့္သက္တမ္းအတိုင္း အသက္ရွည္ရွည္ေနၾကရဖို႔ရည္႐ြယ္ထားတဲ့ အေမရိကန္ေတြအတြက္ ယခုလို ၂ ႏွစ္ ဆက္တိုက္က်ဆင္းမႈသည္ ရာစုႏွစ္အတြင္း အထူးျခားဆုံးလို႔ ဆိုႏိုင္ပါတယ္။

အေမရိကန္ဟာ ကမာၻ႔ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကူးစက္မႈနဲ႔ ေသဆုံးသူအေရအတြက္ အမ်ားဆုံးရွိေနတဲ့အတြက္ အခု လို ပွ်မ္းမွ်သက္တမ္းက်ဆင္းျခင္းဟာ အံ့ၾသစရာေတာ့ မရွိပါဘူး။ ဒါေပမဲ့ ယခုကပ္ေရာဂါ မျဖစ္ပြားမီကတည္းက မရည္႐ြယ္ဘဲ ဒဏ္ရာရရွိျခင္း၊ အသည္းေရာဂါ၊ မိမိကိုယ္ကိုယ္သတ္ေသျခင္းနဲ႔ကာကြယ္ႏိုင္တဲ့ ဖ်ားနာမႈမ်ားေၾကာင့္ အေမရိကန္တို႔ရဲ႕ပ်မ္းမွ်သက္တမ္းဟာ တိုးျမႇင့္လာျခင္းမရွိဘဲ ရပ္တန႔္လာေၾကာင္းကိုလည္း သတိျပဳမိမွာ ျဖစ္ပါ တယ္။

ယခုဆိုလွ်င္ အေမရိကန္ဟာ ေမွ်ာ္မွန္းသက္တမ္းအမ်ားဆုံး ထိပ္တန္းႏိုင္ငံ ၅ဝ စာရင္းမွ ႏႈတ္ထြက္ရဖို႔အထိ အရွိန္ အဟုန္နဲ႔တြန္းအားေပးသလို ရွိေနပါတယ္။ ဒီေနရာမွာ အဲဒီႏိုင္ငံ ၅ဝ တို႔ရဲ႕ က်န္းမာေရးအာမခံ (သို႔မဟုတ္) အေထာက္အကူျပဳ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို အမ်ားသူငွာ ေ႐ြးခ်ယ္ပိုင္ခြင့္ရွိျခင္းနဲ႔ဆက္စပ္မႈ ရွိႏိုင္ပါ သလား။
AP သတင္းေအဂ်င္စီနဲ႔ NORC အမ်ားျပည္သူေရးရာ သုေတသနစင္တာရဲ႕ စက္တင္ဘာလ ၂၆ ရက္၊ တနလၤာေန႔ထုတ္ျပန္လိုက္တဲ့စစ္တမ္းအသစ္တစ္ခုအရ သူတို႔ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္အေပၚ ေကာင္းမြန္စြာ ကိုင္တြယ္ႏိုင္တယ္လို႔ ယုံၾကည္သူ အေမရိကန္ႏိုင္ငံသားအေရအတြက္ဟာ ေျဖဆိုသူ စုစုေပါင္းရဲ႕ ထက္ဝက္ေအာက္သာရွိေနေၾကာင္း ေတြ႕ရွိရပါတယ္။ ၁၂ ရာခိုင္ႏႈန္းကသာ သူတို႔အတြက္ အလြန္အမင္း (သို႔မဟုတ္) ေကာင္းမြန္စြာဆက္ႏြယ္မႈရွိတယ္လို႔ ေျဖဆိုၾကပါတယ္။ တစ္ဦးတည္းေပးေဆာင္ရတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို ေထာက္ခံသူ ၄ၒ ရာခိုင္ႏႈန္းရွိၿပီး ၅၈ ရာခိုင္ႏႈန္းက အမ်ားသူငွာအတြက္ ေပးေခ် ပိုင္ခြင့္ကို ေထာက္ခံပါတယ္ ။

ကမာၻ႔ေဈးအႀကီးဆုံး က်န္းမာေရးေစာင့္ေရွာက္မႈစနစ္မ်ားတည္ရွိရာ တိုင္းျပည္တစ္ခုျဖစ္တဲ့ အေမရိကန္မွာ ႏိုင္ငံ တြင္း က်န္းမာေရးရလဒ္မ်ား အလြန္ညံ့ဖ်င္းဆိုး႐ြားေနခ်ိန္ ႏိုင္ငံသားတို႔အေနနဲ႔ အခုလိုခံစားေနၾကရတာကို ျမင္ေတြ႕ဖို႔ မခဲယဥ္းပါဘူး။ ဆိုလိုတာ သက္ႀကီး႐ြယ္အိုမ်ား၊ ခုခံအားက်ဆင္းမႈေရာဂါ ကူးစက္ခံထားရသူမ်ား သာမက၊ အထက္မွာ ဥပမာ ေဖာ္ျပခဲ့တဲ့အတိုင္း အေမရိကန္ရဲ႕က်န္းမာေရးရလဒ္ညံ့ဖ်င္းမႈနဲ႔ ႀကဳံေတြ႕ ေနရသူမ်ား ဟာ Covid-19 ကပ္ေရာဂါကာလမွာ အသက္အႏၲရာယ္ အရွိဆုံးသူမ်ားျဖစ္ေနပါတယ္။

Related news

© 2021. All rights reserved.