ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားဘင်ဆယ်လ်မန်ကို အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ခန့်အပ်

908

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၈
ဆော်ဒီအာရေဗျအစိုးရ အဖွဲ့အပြောင်းလဲများပြုလုပ်နေချိန်အတွင်း အိမ်ရှေ့မင်းသား မိုဟမ်မက် ဘင်ဆယ်လ်မန်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
ဘင်ဆယ်လ်မန်ဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်း သြဇာကြီးမားသူတစ်ဦးဖြစ်ပြီး ဆော်ဒီအာရေဗျဘုရင်က သားဖြစ်သူ ဘင်ဆယ်လ်မန်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆော်ဒီအာရေဗျနိုငံဟာ နှစ်ပေါင်းများစွာကြာ အာဏာရှင်ပုံစံမျိုး အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်ပြီး အစိုးရအဖွဲ့အပြောင်းအလဲလုပ်ခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီးတို့ဟာ အစိုးရအဖွဲ့ဝန်ကြီးများအဖြစ် ဆက်လက်ရှိနေ တယ်လို့ သိရပါတယ်။
အိမ်ရှေ့မင်းသား မိုဟမ်မက်ဒ် ဘင်ဆယ်လ်မန်ဟာ ပြီးခဲ့တဲ့လမှာ အသက် ၃၇ နှစ်အရွယ်ရှိနေပြီး ၂ဝ၁၇ ခုနှစ် နောက်ပိုင်း သူရဲ့ဖခင်ဖြစ်သူ ဘုရင်အရိုက်အရာဆက်ခံမယ့်သူအဖြစ် ရေပန်းအစားဆုံးဖြစ်နေပါတယ်။
လက်ရှိအချိန်မှာ ဆော်ဒီအာရေဗျဘုရင်ကြီးရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေဖြစ်လာစေခဲ့ပြီး ဒီနှစ်အတွင်းမှာ ဆေးရုံနှစ်ကြိမ်တက်ခဲ့ရကာ မေလအတွင်းမှာသီတင်းပတ် ၁ ပတ်ကြာ ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။
အိမ်ရှေ့မင်းသားဘင်ဆယ်လ်မန်ဟာ ၂ဝ၁၅ ခုနှစ်တုန်းကလည်း ဆော်ဒီအာရေဗျ နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ဖူးပြီး နိုင်ငံအာဏာကိုအရှိန်အဟုန်နဲ့စုစည်းရယူမှုမှာ အဓိကခြေလှမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ အိမ်ရှေ့မင်းသားတစ်ဦးကို အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းက လုပ်ရိုးလုပ်စဉ် တစ်ခုမဟုတ်ခဲ့ပေမယ့် အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်မျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
၁၉၅ဝ ခုနှစ်က ဆော်ဒီအာရေဗျ အိမ်ရှေမင်းသား Faisal al Saud ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး အစိုးရအဖွဲ့လုပ်ငန်းဆောင်တာများကို ထိန်းချုပ်မှုများလုပ်ဆောင်ခဲ့ပေမယ့် ရုန်းကန်ခဲ့ပြီးနောက် နန်းစွန့်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version;
ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသားဘင္ဆယ္လ္မန္ကို အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၈
ေဆာ္ဒီအာေရဗ်အစိုးရ အဖြဲ႕အေျပာင္းလဲမ်ားျပဳလုပ္ေနခ်ိန္အတြင္း အိမ္ေရွ႕မင္းသား မိုဟမ္မက္ ဘင္ဆယ္လ္မန္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္လိုက္တယ္လို႔ သိရပါတယ္။
ဘင္ဆယ္လ္မန္ဟာ ေဆာ္ဒီအာေရဗ်ႏိုင္ငံအတြင္း ၾသဇာႀကီးမားသူတစ္ဦးျဖစ္ၿပီး ေဆာ္ဒီအာေရဗ်ဘုရင္က သားျဖစ္သူ ဘင္ဆယ္လ္မန္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ေဆာ္ဒီအာေရဗ်ႏိုငံဟာ ႏွစ္ေပါင္းမ်ားစြာၾကာ အာဏာရွင္ပုံစံမ်ိဳး အုပ္ခ်ဳပ္ေနတဲ့ႏိုင္ငံျဖစ္ၿပီး အစိုးရအဖြဲ႕အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ျပည္ထဲေရးဝန္ႀကီး၊ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ စြမ္းအင္ဝန္ႀကီးတို႔ဟာ အစိုးရအဖြဲ႕ဝန္ႀကီးမ်ားအျဖစ္ ဆက္လက္ရွိေန တယ္လို႔ သိရပါတယ္။
အိမ္ေရွ႕မင္းသား မိုဟမ္မက္ဒ္ ဘင္ဆယ္လ္မန္ဟာ ၿပီးခဲ့တဲ့လမွာ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီး ၂ဝ၁၇ ခုႏွစ္ ေနာက္ပိုင္း သူရဲ႕ဖခင္ျဖစ္သူ ဘုရင္အ႐ိုက္အရာဆက္ခံမယ့္သူအျဖစ္ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
လက္ရွိအခ်ိန္မွာ ေဆာ္ဒီအာေရဗ်ဘုရင္ႀကီးရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာေတြျဖစ္လာေစခဲ့ၿပီး ဒီႏွစ္အတြင္းမွာ ေဆး႐ုံႏွစ္ႀကိမ္တက္ခဲ့ရကာ ေမလအတြင္းမွာသီတင္းပတ္ ၁ ပတ္ၾကာ ေဆး႐ုံတက္ခဲ့ရတယ္လို႔ သိရပါတယ္။
အိမ္ေရွ႕မင္းသားဘင္ဆယ္လ္မန္ဟာ ၂ဝ၁၅ ခုႏွစ္တုန္းကလည္း ေဆာ္ဒီအာေရဗ် ႏိုင္ငံရဲ႕ကာကြယ္ေရးဝန္ႀကီး ျဖစ္လာခဲ့ဖူးၿပီး ႏိုင္ငံအာဏာကိုအရွိန္အဟုန္နဲ႔စုစည္းရယူမႈမွာ အဓိကေျခလွမ္းတစ္ခုျဖစ္လာခဲ့ပါတယ္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ အိမ္ေရွ႕မင္းသားတစ္ဦးကို အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ျခင္းက လုပ္႐ိုးလုပ္စဥ္ တစ္ခုမဟုတ္ခဲ့ေပမယ့္ အရင္တုန္းကျဖစ္ခဲ့ဖူးတဲ့အျဖစ္အပ်က္မ်ိဳးေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။
၁၉၅ဝ ခုႏွစ္က ေဆာ္ဒီအာေရဗ် အိမ္ေရွမင္းသား Faisal al Saud ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဖူးၿပီး အစိုးရအဖြဲ႕လုပ္ငန္းေဆာင္တာမ်ားကို ထိန္းခ်ဳပ္မႈမ်ားလုပ္ေဆာင္ခဲ့ေပမယ့္ ႐ုန္းကန္ခဲ့ၿပီးေနာက္ နန္းစြန႔္ရတဲ့ အေျခအေနမ်ိဳးေတြ ျဖစ္လာခဲ့ဖူးတယ္လို႔ သိရပါတယ္။