မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပြီးတစ်ရက်အကြာမှာ အမေရိကန်ဒုတိယသမ္မတ တောင်ကိုရီးယားနိုင်ငံကို ရောက်လာ

 429

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပြီးနောက်တစ်ရက်အကြာ စက်တင်ဘာ ၂၉ ရက်နေ့မှာ အမေရိကန်ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဒုတိယသမ္မတဟာ ဂျပန်နိုင်ငံမှာကျင်းပတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့စျာပနကိုတက်ရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ မဟာမိတ်လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံကို အမေရိကန်ဒုတိယသမ္မတ လာရောက်ခါနီး ရက်ပိုင်အလိုမှာ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရဟာ ဒီနှစ်အတွင်းမှာ ဒုံးကျည်စမ်းသပ်မှုများ စံချိန်တင်ထားတယ်လို့သိရပါတယ်။

အမေရိကန်ဒုတိယသမ္မတက တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံကြား မဟာမိတ်ဖြစ်မှုများက ကိုရီးယားကျွန်းဆွယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးပိုင်း ပိုမိုကောင်းမွန်လာစေခဲ့တယ်လို့ ဆိုပါတယ်။

၎င်းက "တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား မဟာမိတ်ဖြစ်မှု ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ချက်နဲ့ တောင်ကိုရီးယားကို ရောက်ရှိလာခဲ့တာပါ၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်" လို့ပြောပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ရန်စမှုများကို ကာကွယ်နိုင်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂၈၅ဝဝ ခန့် ဖြန့်ကြတ်ချထားပြီး မြောက်ကိုရီးယားရဲ့ရန်စမှုများကိုကာကွယ်နိုင်ဖို့ တောင်ကိုရီးယားနဲ့ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

အမေရိကန်သမ္မတဟာ တောင်ကိုရီးယားကိုရောက်ရှိနေချိန်အတွင်း မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်ဒေသကို သွားရောက်လေ့လာမှာဖြစ်ရာ မြောက်ကိုရီးယားရဲ့စိတ်ဆိုးဒေါသဖြစ်မှုတွေ မြင့်တက်လာဖွယ်ရှိနေပါတယ်။

မြောက်ကိုရီးယားအစိုးရက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ကိုသွားရောက်ချိန်တုန်းကလည်း ပီလိုစီကို နိုင်ငံတကာငြိမ်းချမ်းရေးကို ဖျက်ဆီးနေသူအဖြစ် ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယားထောက်လှမ်းရေးတာဝန်ရှိသူများက မြောက်ကိုရီးယားဟာ လာမယ့်လပိုင်းများအတွင်း နျူကလီးယားစမ်းသပ်မှုများ လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ သတိပေးမှုများထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်ဒုတိယသမ္မတက တောင်ကိုရီးယားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို အမေရိကန်နဲ့ဆက်ဆံရေးကောင်းမွန်နေတဲ့အပေါ် ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်လျက်ရှိပြီး၊ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကမြောက်ကိုရီးယားဟာ လာမယ့်လအတွင်း နျူကလီးယားစမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက ဒုံးက်ည္စမ္းသပ္ၿပီးတစ္ရက္အၾကာမွာ အေမရိကန္ဒုတိယသမၼတ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္လာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

ေျမာက္ကိုရီးယားႏိုင္ငံက ဒုံးက်ည္စမ္းသပ္ၿပီးေနာက္တစ္ရက္အၾကာ စက္တင္ဘာ ၂၉ ရက္ေန႔မွာ အေမရိကန္ဒုတိယသမၼတ ကာမာလာ ဟာရစ္ဟာ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ဒုတိယသမၼတဟာ ဂ်ပန္ႏိုင္ငံမွာက်င္းပတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးရဲ႕စ်ာပနကိုတက္ေရာက္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားနဲ႔ မဟာမိတ္လုံၿခဳံေရး ပိုမိုေကာင္းမြန္ေစဖို႔ရည္႐ြယ္ခ်က္နဲ႔ လာေရာက္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားႏိုင္ငံကို အေမရိကန္ဒုတိယသမၼတ လာေရာက္ခါနီး ရက္ပိုင္အလိုမွာ ဒုံးက်ည္မ်ား စမ္းသပ္ပစ္လႊတ္ခဲ့ၿပီး ေျမာက္ကိုရီးယားအစိုးရဟာ ဒီႏွစ္အတြင္းမွာ ဒုံးက်ည္စမ္းသပ္မႈမ်ား စံခ်ိန္တင္ထားတယ္လို႔သိရပါတယ္။

အေမရိကန္ဒုတိယသမၼတက ေတာင္ကိုရီးယား နဲ႔ အေမရိကန္ႏိုင္ငံၾကား မဟာမိတ္ျဖစ္မႈမ်ားက ကိုရီးယားကြၽန္းဆြယ္ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ လုံၿခဳံေရးပိုင္း ပိုမိုေကာင္းမြန္လာေစခဲ့တယ္လို႔ ဆိုပါတယ္။

၎က "ေတာင္ကိုရီးယားနဲ႔ အေမရိကန္ႏိုင္ငံၾကား မဟာမိတ္ျဖစ္မႈ ပိုမိုေကာင္းမြန္လာေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေတာင္ကိုရီးယားကို ေရာက္ရွိလာခဲ့တာပါ၊ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုေကာင္းမြန္လာေစမွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။

အေမရိကန္ဟာ ေျမာက္ကိုရီးယားရဲ႕ရန္စမႈမ်ားကို ကာကြယ္ႏိုင္ဖို႔ ေတာင္ကိုရီးယားႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ဝင္ေပါင္း ၂၈၅ဝဝ ခန႔္ ျဖန႔္ၾကတ္ခ်ထားၿပီး ေျမာက္ကိုရီးယားရဲ႕ရန္စမႈမ်ားကိုကာကြယ္ႏိုင္ဖို႔ ေတာင္ကိုရီးယားနဲ႔ေရတပ္ခ်င္း ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားလုပ္ေဆာင္လ်က္ရွိေနတယ္လို႔လည္း သိရပါတယ္။

အေမရိကန္သမၼတဟာ ေတာင္ကိုရီးယားကိုေရာက္ရွိေနခ်ိန္အတြင္း ေျမာက္ကိုရီးယားနဲ႔ေတာင္ကိုရီးယားနယ္စပ္ေဒသကို သြားေရာက္ေလ့လာမွာျဖစ္ရာ ေျမာက္ကိုရီးယားရဲ႕စိတ္ဆိုးေဒါသျဖစ္မႈေတြ ျမင့္တက္လာဖြယ္ရွိေနပါတယ္။

ေျမာက္ကိုရီးယားအစိုးရက အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီ ထိုင္ဝမ္ကိုသြားေရာက္ခ်ိန္တုန္းကလည္း ပီလိုစီကို ႏိုင္ငံတကာၿငိမ္းခ်မ္းေရးကို ဖ်က္ဆီးေနသူအျဖစ္ ေဝဖန္ျပစ္တင္ခဲ့ဖူးပါတယ္။ အေမရိကန္ နဲ႔ ေတာင္ကိုရီးယားေထာက္လွမ္းေရးတာဝန္ရွိသူမ်ားက ေျမာက္ကိုရီးယားဟာ လာမယ့္လပိုင္းမ်ားအတြင္း န်ဴကလီးယားစမ္းသပ္မႈမ်ား လုပ္ေဆာင္ဖြယ္ရွိေနတယ္လို႔ သတိေပးမႈမ်ားထြက္ေပၚခဲ့ၿပီးေနာက္ အေမရိကန္ဒုတိယသမၼတက ေတာင္ကိုရီးယားကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားကို အေမရိကန္နဲ႔ဆက္ဆံေရးေကာင္းမြန္ေနတဲ့အေပၚ ေဝဖန္ျပစ္တင္မႈမ်ားလုပ္ေဆာင္လ်က္ရွိၿပီး၊ ေတာင္ကိုရီးယားေထာက္လွမ္းေရးအဖြဲ႕ကေျမာက္ကိုရီးယားဟာ လာမယ့္လအတြင္း န်ဴကလီးယားစမ္းသပ္မႈမ်ား ထပ္မံလုပ္ေဆာင္ဖြယ္ရွိတယ္လို႔ သတိေပးထားပါတယ္။

Picture

Ko Moe

29/09/2022 16:32

အိန္ဒိယ နွယ်ဖွားကို အာရှမှာ ရန်မီးပွားဖို့ အသုံးချနေခဲ့တာကို ကျွန်တော်တို့က အခုမှသိကြတာပါ။ ဘာလဲ တရုတ်နဲ့ချတာ ဒဲ့ချလေ စစ်အေးတိုက်ပွဲခောတ်ဆိုတာ ယုတ်မာကောက်ကျစ်မှူ့ ခောတ်လို့ ပြောချင်တာပါလား?

Picture

Ko Moe

29/09/2022 16:34

နိုင်ငံငယ်တွေ အပေါ်ယုတ်မာမှူ့ဟာ တာဝန်မရှိဘူးလား အမေရိကန်။လက်တွေ့အချိန်အခါမှာ အတိုက်အခံ နှစ်ဖက်ကြား ညပ်ရတဲ့ နိုင်ငံသားတွေက စက်ရုပ်တွေမဟုတ်ဘူးဗျ လူသားတွေပါ

Related news

© 2021. All rights reserved.