မလေးရှားရောက် မြန်မာအမျိုးသားတစ်ဦး ချစ်သူကို ဓါးနဲ့ထိုးသတ်ပြီး အထပ်မြင့်အဆောက်အဦးက ခုန်ချသတ်သေ

 691

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ၄င်းရဲ့ချစ်သူဖြစ်သူကို ဓါးနဲ့ထိုးသတ်ပြီးနောက် ဂျာလန်ဆွမ်ဂိုင်းဒေသ တာမန်ကီလန်ဂင်အရပ်ရှိ အထပ် ၈ ထပ်မြင့်အဆောက်အဦးပေါ်ကနေ ခုန်ကျသတ်သေသွားခဲ့ကြောင်း မလေးရှားသတင်းတွေက ဖော်ပြထားပါတယ်။

တာမန်ကီလန်ဂင်မြို့ ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ Supt V. Saravanan က အသက် ၃ဝ အရွယ်ရှိ ခင်ငြိမ်းအမည်ရှိ မြန်မာအမျိုးသမီးတစ်ဦးကို လသာဆောင်ရှိ သွေးအိုင်ထဲမှာ လဲကျသေဆုံးနေခြင်းကိုတွေ့မြင်ခဲ့ကြောင်း၊ အသက် ၃ဝ အရွယ်ရှိ ၄င်းရဲ့ချစ်သူဖြစ်သူကို အထပ်မြင့်အဆောက်အဦးရဲ့မြေပြင်မှာ လဲကျသေဆုံးနေတာကို တွေ့မြင်ခဲ့တယ်လို့ ဆိုပါတယ်။

တာမန်ကီလန်ဂင်မြို့ ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူက "မျက်မြင်တွေရဲ့ပြောဆိုချက်အရ မြန်မာနိုင်ငံသားစုံတွဲဟာ အလုပ်လုပ်တဲ့စက်ရုံကနေ အိမ်ကိုပြန်လာခဲ့တယ်။ သူတို့နှစ်ဦးဟာ အိမ်အခန်းကို ပြန်ရောက်ရှိချိန်မှာ စကားများပြီး ရန်ဖြစ်ခဲ့တယ်။ မျက်မြင်တွေ့ရှိသူတွေဟာ သူတို့နှစ်ဦးရန်ဖြစ်နေတာကို ကြားဝင်ဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် တွန်းထုတ်တာမျိုးတွေရှိခဲ့တယ်။ မြန်မာအမျိုးသားဟာ သူချစ်သူရဲ့ပါးစပ်ကိုပိတ်ပြီး ဝမ်းဗိုက်ကို ဓါးနဲ့ထိုးသတ်ခဲ့တယ်။ အဲဒီနောက်မှာ အထပ်မြင့်အဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေသွားခဲ့တယ်" လို့ပြောပါတယ်။

လက်ရှိအချိန်မှာ သေဆုံးလျက်ရှိနေတဲ့ရုပ်အလောင်းနှစ်ခုကို ဆေးရုံကိုတင်ပို့ထားကြောင်းတာမန်ကီလန်ဂင်မြို့ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ Supt V. Saravanan က ပြောပါတယ်။

Zawgyi Version;





Picture

Ko Moe

30/09/2022 16:34

ပြည်ပ သွားပြီး လီးတဲ့မှ ကွာ 😥

Related news

© 2021. All rights reserved.