မြန်မာနိုင်ငံလူဦးရေ (၅၅ ဒသမ ၂) သန်းကျော်မှ (၅၅ ဒသမ ၈) သန်းအထိ တိုးလာ

 2351

မျိုးကြီး (NP News) - အောက်တိုဘာ ၁

မြန်မာနိုင်ငံလူဦးရေ ၅၅ ဒသမ ၂ သန်းကျော်မှ ၅၅ ဒသမ ၈ သန်းအထိ တိုးလာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယခုနှစ် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းသည် ၅၅ ဒသမ ၈ သန်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

လက်ရှိလူဦးရေးစာရင်းကို ပြီးခဲ့သော ၂ဝ၁၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော လူဦး ရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ လူဦးရေကိုအခြေခံကာ ခန့်မှန်းတွက် ချက်ထားခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုသည်။

ပြီးခဲ့သော ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏လူဦးရေစာရင်းမှာ ၅၅ ဒသမ ၂ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ လူဦးရေ ၅၅ ဒသမ ၈ သန်းတွင် အမျိုးသားလူဦးရေသည် ၂၆ ဒသမ ၇ သန်းရှိပြီး အမျိုးသမီးဦးရေသည် ၂၉ ဒသမ ၁ သန်းရှိကြောင်း သိရသည်။

၎င်းလူဦးရေအနက် ရန်ကုန်တိုင်းသည် ၈ ဒသမ ၉ သန်းဖြင့် လူဦးရေအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး ကယားပြည်နယ်သည် ဝ ဒသမ ၃ သန်းဖြင့် လူဦးရေအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာန၏ စာရင်းများက ဆိုထားသည်။

လက်ရှိ နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် စာရင်းစစ်၊ စာရင်းကောက်အင်အား(၄၂ဝဝဝ) ခန့်သည် ကောက်ကွက်ပေါင်း (၁၁ဝဝဝဝ)ကို CAPI စနစ် Mobile Phone/ Tablet အသုံးပြုကောက်ယူ မည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံလူဦးေရ (၅၅ ဒသမ ၂) သန္းေက်ာ္မွ (၅၅ ဒသမ ၈) သန္းအထိ တိုးလာ
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁

ျမန္မာႏိုင္ငံလူဦးေရ ၅၅ ဒသမ ၂ သန္းေက်ာ္မွ ၅၅ ဒသမ ၈ သန္းအထိ တိုးလာေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ယခုႏွစ္ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္တြင္ရွိေသာ ျမန္မာႏိုင္ငံ၏ ခန႔္မွန္းလူဦးေရစာရင္းသည္ ၅၅ ဒသမ ၈ သန္းျဖစ္ေၾကာင္း အဆိုပါဝန္ႀကီးဌာနက ယေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။

လက္ရွိလူဦးေရးစာရင္းကို ၿပီးခဲ့ေသာ ၂ဝ၁၄ ခုႏွစ္အတြင္း ေကာက္ယူခဲ့ေသာ လူဦး ေရႏွင့္အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းမွ လူဦးေရကိုအေျခခံကာ ခန႔္မွန္းတြက္ ခ်က္ထားျခင္းျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက ဆိုသည္။

ၿပီးခဲ့ေသာ ဇြန္လအတြင္းက ထုတ္ျပန္ခဲ့ေသာ ျမန္မာႏိုင္ငံ၏လူဦးေရစာရင္းမွာ ၅၅ ဒသမ ၂ သန္းေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိ လူဦးေရ ၅၅ ဒသမ ၈ သန္းတြင္ အမ်ိဳးသားလူဦးေရသည္ ၂၆ ဒသမ ၇ သန္းရွိၿပီး အမ်ိဳးသမီးဦးေရသည္ ၂၉ ဒသမ ၁ သန္းရွိေၾကာင္း သိရသည္။

၎လူဦးေရအနက္ ရန္ကုန္တိုင္းသည္ ၈ ဒသမ ၉ သန္းျဖင့္ လူဦးေရအမ်ားဆုံးတိုင္းေဒသႀကီးျဖစ္ၿပီး ကယားျပည္နယ္သည္ ဝ ဒသမ ၃ သန္းျဖင့္ လူဦးေရအနည္းဆုံး ျပည္နယ္တစ္ခုျဖစ္ေၾကာင္း ဝန္ႀကီးဌာန၏ စာရင္းမ်ားက ဆိုထားသည္။

လက္ရွိ နစက၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနအေနျဖင့္ ၂ဝ၂၄ ခုႏွစ္တြင္ သန္းေခါင္စာရင္းေကာက္ယူႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

၂ဝ၂၄ ခုႏွစ္တြင္ သန္းေခါင္စာရင္းေကာက္ယူေရးအတြက္ တစ္ႏိုင္ငံလုံးအတိုင္းအ တာျဖင့္ စာရင္းစစ္၊ စာရင္းေကာက္အင္အား(၄၂ဝဝဝ) ခန႔္သည္ ေကာက္ကြက္ေပါင္း (၁၁ဝဝဝဝ)ကို CAPI စနစ္ Mobile Phone/ Tablet အသုံးျပဳေကာက္ယူ မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.