စလင်းမြို့နယ်ရှိ “ရွာဦး”ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက်များက ဖမ်းဆီးခေါ်ဆောင်

 1161

NP News - အောက်တိုဘာ ၁

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ “ရွာဦး”ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၃ဝ ရက်)၊ နံနက် (၁)နာရီခွဲအချိန်တွင် မကွေး တိုင်း၊ စလင်းမြို့နယ်၊ တညောင်တင့်ကျေးရွာအုပ်စုရှိ “ရွာဦး”ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ စလင်းမြို့နယ်၊ တညောင်တင့်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာရှိ “ရွာဦး”ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရ သက်တော် (၆ဝ)နှစ် ၊ ဝါတော်(၂၅)ဝါသည် ဘုန်းကြီးကျောင်းအတွင်း ၎င်းကျေးရွာတွင်နေသူများဖြစ်သည့် မောင်ဖိုးလွင် (၁၈)နှစ်၊ ဦးဖိုးလွယ်(၃ဝ)နှစ်တို့နှင့် အတူရှိနေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် အကြမ်းဖက်သမား(၁၅)ဦးခန့်က ဘုန်းကြီးကျောင်းအတွင်း ရောက်ရှိလာပြီး ဆရာတော်နှင့် ဦးဖိုးလွယ်အပါအဝင် (၃)ဦးအား ချောင်းဆုံကျေးရွာ၏ အရှေ့ဘက်တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထို့နောက် တောစပ်အရောက်တွင် ဦးဖိုးလွယ်နှင့် မောင်ဖိုးလွင်တို့အား ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဆရာတော် ဥူးသုန္ဒရအား တောထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၃)ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နှင့် ကန့်ဘလူမြို့တို့မှ ကျောင်းထိုင်ဆရာတော် (၂)ပါးအား အကြမ်းဖက်များက သတင်းပေး “ ဒလန်”ဟုစွပ်စွဲကာ ကျောင်းပိုင်မော်တော်ယာဉ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံ တော်အတွင်း သံဃာတော်(၅၆)ပါးနှင့် သီလရှင်(၁)ပါးတို့ ပျံလွန်တော်မူခဲ့ပြီး အများဆုံးမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် ချောင်းဆုံကျေးရွာ “ရွာဦး”ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား ပြန်လည်ကယ်တင်နိုင်ရန်အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
စလင္းၿမိဳ႕နယ္ရွိ “႐ြာဦး”ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္အား အၾကမ္းဖက္မ်ားက ဖမ္းဆီးေခၚေဆာင္
NP News - ေအာက္တိုဘာ ၁

မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္ရွိ “႐ြာဦး”ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္အား အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၃ဝ ရက္)၊ နံနက္ (၁)နာရီခြဲအခ်ိန္တြင္ မေကြး တိုင္း၊ စလင္းၿမိဳ႕နယ္၊ တေညာင္တင့္ေက်း႐ြာအုပ္စုရွိ “႐ြာဦး”ဘုန္းႀကီးေက်ာင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အဆိုပါျဖစ္စဥ္မွာ စလင္းၿမိဳ႕နယ္၊ တေညာင္တင့္ေက်း႐ြာအုပ္စု၊ ေခ်ာင္းဆုံေက်း႐ြာရွိ “႐ြာဦး”ဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ ဥဴးသုႏၵရ သက္ေတာ္ (၆ဝ)ႏွစ္ ၊ ဝါေတာ္(၂၅)ဝါသည္ ဘုန္းႀကီးေက်ာင္းအတြင္း ၎ေက်း႐ြာတြင္ေနသူမ်ားျဖစ္သည့္ ေမာင္ဖိုးလြင္ (၁၈)ႏွစ္၊ ဦးဖိုးလြယ္(၃ဝ)ႏွစ္တို႔ႏွင့္ အတူရွိေနခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုအခ်ိန္တြင္ အၾကမ္းဖက္သမား(၁၅)ဦးခန႔္က ဘုန္းႀကီးေက်ာင္းအတြင္း ေရာက္ရွိလာၿပီး ဆရာေတာ္ႏွင့္ ဦးဖိုးလြယ္အပါအဝင္ (၃)ဦးအား ေခ်ာင္းဆုံေက်း႐ြာ၏ အေရွ႕ဘက္ေတာအတြင္းသို႔ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ထို႔ေနာက္ ေတာစပ္အေရာက္တြင္ ဦးဖိုးလြယ္ႏွင့္ ေမာင္ဖိုးလြင္တို႔အား ျပန္လည္ေစလႊတ္ေပးခဲ့ေသာ္လည္း ဆရာေတာ္ ဥဴးသုႏၵရအား ေတာထဲသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ စက္တင္ဘာလ (၂၃)ရက္ကလည္း စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕ႏွင့္ ကန႔္ဘလူၿမိဳ႕တို႔မွ ေက်ာင္းထိုင္ဆရာေတာ္ (၂)ပါးအား အၾကမ္းဖက္မ်ားက သတင္းေပး “ ဒလန္”ဟုစြပ္စြဲကာ ေက်ာင္းပိုင္ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အၾကမ္းဖက္သမားမ်ား၏ အေၾကာင္းမဲ့ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ ႏိုင္ငံ ေတာ္အတြင္း သံဃာေတာ္(၅၆)ပါးႏွင့္ သီလရွင္(၁)ပါးတို႔ ပ်ံလြန္ေတာ္မူခဲ့ၿပီး အမ်ားဆုံးမွာ စစ္ကိုင္းတိုင္းမွျဖစ္ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။

အထက္ပါျဖစ္စဥ္တြင္ အၾကမ္းဖက္သမားမ်ား၏ ဖမ္းဆီးေခၚေဆာင္ခံခဲ့ရသည့္ ေခ်ာင္းဆုံေက်း႐ြာ “႐ြာဦး”ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္အား ျပန္လည္ကယ္တင္ႏိုင္ရန္အတြက္ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Picture

Ko Moe

02/10/2022 09:49

Np News ရေ ကိုယ်ချင်းစာရပါတယ်။သတင်းအတုသမား ငတင်းဌါနများဟာ ပြည်သူကိုလိမ်စား ညာစား ရန်တိုက်နေသူများ နေရာရနေတာဟာ ပြည်သူ့ကံကြမ္မာပါပဲ။အဓိက ခင်ဗျားလို အမှန်တွေရေးဖို့ ပြည်သူကိုကြည့်ဖို့ နိုင်ငံကို ကြည့်ဖို့ဆိုတာ တော်တော့ သစ္စာတရား အသိတရားနဲ့ မတတ်စွမ်းနိုင်ပါဘူး။ခင်ဗျားတို့နဲ့ လူချင်းမရင်းနီး မသိရပေမဲ့ ။အားပေးမြဲအားပေးလျက်ပါ ဒါမျိူး ဘုန်းကြီ‌‌းတွေသတ်ခိုင်း ဖမ်းခိုင်းနေတဲ့ လက်သည်တွေက အခုမှပဲ သိရတော့တယ်။ RFA VOA BBC DVB MIZZIMA KHITHIT MEDIA MYANMAR NOWတို့က အယ်ဒီတာချူပ်တွေ ဖြစ်နေတာကိုး။ဒါ့ကြောင့် သတင်းမရေးကြတာဖြစ်နေတယ်။

Picture

Htun Aung Kyaw

02/10/2022 17:28

😢😢

Related news

© 2021. All rights reserved.