ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့အဆင့် ၃ နေရာမှာရှိခဲ့တဲ့ Facebook တည်ထောင်သူ ဇူကာဘတ် အဆင့် ၂ဝ ထိ ကျဆင်း

 1396

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂

ကမ္ဘာကျော်လူမှုကွန်ရက် Facebook တည်ထောင်သူ ဇူကာဘတ်ဟာ ဘီလျံပေါင်းများစွာအရှုံးပေါ်ခဲ့တဲ့အတွက် ကမ္ဘာတဝှမ်းအချမ်းသာဆုံး လူပုဂ္ဂိုလ်များ ၁ဝ ဦးစာရင်းမှာ ပါဝင်မှုမရှိတော့ဘဲ အချမ်းသာဆုံးလူပုဂ္ဂိုလ် ၂ဝ ဦးစာရင်းထဲရောက်ရှိသွားခဲ့ကြောင်း Bloomberg က ဖော်ပြထားပါတယ်။

ဇူကာဘတ်ဟာ ဒီနှစ်အစပိုင်းက ဘီလျံပေါင်း ၁၂၅ ဘီလျံကြွယ်ဝချမ်းသာခဲ့ပေမယ့် လက်ရှိအချိန်မှာ ဘီလျံပေါင်း ၅ဝ ကျော်သာကြွယ်ဝချမ်းသာပြီး၊ ဒီနှစ်အတွင်း ဘီလျံပေါင်း ၇ဝ ဘီလျံခန့် ဆုံးရှုံးနစ်နာခဲ့တယ်လို့ သိရပါတယ်။

Facebook, Instagram, WhatsApp နဲ့ Oculus အမည်ရှိ ကမ္ဘာကျော်လူမှုကွန်ရက်တွေရဲ့မိခင်ကုမ္ပဏီ Meta ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။

ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကို နေ့စဉ်သုံးစွဲသူအရေအတွက်ဟာလည်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကျဆင်းနေခဲ့ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနောက်ပိုင်းတည်းက Facebook သုံးစွဲသူအရေအတွက် နေ့စဉ်သန်းချီ ကျဆင်းနေခဲ့တယ်လို့ သိရပါတယ်။

Forbes မဂ္ဂဇင်းကလည်း Facebook တည်ထောင်သူ ဇူကာဘတ်ဟာ ၂ဝ၂၁ ခုနှစ်စက်တင်ဘာလနောက်ပိုင်းကတည်းက လုပ်ငန်းများအရှုံးပေါ်နေခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၈ ဘီလျံဆုံးရှုံးနစ်နာခဲ့ရာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၇ ဘီလျံသာကြွယ်ဝချမ်းသာတော့ကြောင်း ဖော်ပြထားပါတယ်။

ဇူကာဘတ်ဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာအချမ်းသာဆုံးလူပုဂ္ဂိုလ်များစာရင်းမှာ အဆင့် ၃ နေရာမှာရပ်တည်နိုင်ခဲ့ပေမယ့် လက်ရှိနှစ်မှာတော့ အဆင့်များစွာကျဆင်းခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်များစာရင်းရဲ့အဆင့် ၁ဝ အပြင်ကိုရောက်ရှိသွားခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်ပေါင်း ၄ဝဝ စာရင်းကို ထုတ်ပြန်ခဲ့ရာ ဇူကာဘတ်ဟာ အဆင့် ၁၁ နေရာမှာရပ်တည်နေတယ်လို့ သိရပါတယ်။

Facebook နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စများကိုဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ Frances Haugen က ဖွင့်ချခဲ့ပြီးနောက် Facebook သုံးစွဲသူအရေအတွက်ဟာ ကမ္ဘာတဝှမ်းကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ Forbes ရဲ့ဖော်ပြချက်အရ ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိလ်များစာရင်းမှာ အီလွန်မတ် နဲ့ ဂျက်ဘီဇိုစ့် တို့ဟာ ပြီးခဲ့တဲ့နှစ်အတိုင်းအဆင့် ၁ နဲ့ ၂ နေရာမှာရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ကမာၻ႔အခ်မ္းသာဆုံးစာရင္းရဲ႕အဆင့္ ၃ ေနရာမွာရွိခဲ့တဲ့ Facebook တည္ေထာင္သူ ဇူကာဘတ္ အဆင့္ ၂ဝ ထိ က်ဆင္း
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂

ကမာၻေက်ာ္လူမႈကြန္ရက္ Facebook တည္ေထာင္သူ ဇူကာဘတ္ဟာ ဘီလ်ံေပါင္းမ်ားစြာအရႈံးေပၚခဲ့တဲ့အတြက္ ကမာၻတဝွမ္းအခ်မ္းသာဆုံး လူပုဂၢိဳလ္မ်ား ၁ဝ ဦးစာရင္းမွာ ပါဝင္မႈမရွိေတာ့ဘဲ အခ်မ္းသာဆုံးလူပုဂၢိဳလ္ ၂ဝ ဦးစာရင္းထဲေရာက္ရွိသြားခဲ့ေၾကာင္း Bloomberg က ေဖာ္ျပထားပါတယ္။

ဇူကာဘတ္ဟာ ဒီႏွစ္အစပိုင္းက ဘီလ်ံေပါင္း ၁၂၅ ဘီလ်ံႂကြယ္ဝခ်မ္းသာခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ ဘီလ်ံေပါင္း ၅ဝ ေက်ာ္သာႂကြယ္ဝခ်မ္းသာၿပီး၊ ဒီႏွစ္အတြင္း ဘီလ်ံေပါင္း ၇ဝ ဘီလ်ံခန႔္ ဆုံးရႈံးနစ္နာခဲ့တယ္လို႔ သိရပါတယ္။

Facebook, Instagram, WhatsApp နဲ႔ Oculus အမည္ရွိ ကမာၻေက်ာ္လူမႈကြန္ရက္ေတြရဲ႕မိခင္ကုမၸဏီ Meta ဟာ ၿပီးခဲ့တဲ့ ၁၂ လအတြင္း ႀကီးမားတဲ့ဆုံးရႈံးမႈေတြနဲ႔ ေတြ႕ႀကဳံခဲ့ရပါတယ္။

ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Facebook ကို ေန႔စဥ္သုံးစြဲသူအေရအတြက္ဟာလည္း သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးက်ဆင္းေနခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလေနာက္ပိုင္းတည္းက Facebook သုံးစြဲသူအေရအတြက္ ေန႔စဥ္သန္းခ်ီ က်ဆင္းေနခဲ့တယ္လို႔ သိရပါတယ္။

Forbes မဂၢဇင္းကလည္း Facebook တည္ေထာင္သူ ဇူကာဘတ္ဟာ ၂ဝ၂၁ ခုႏွစ္စက္တင္ဘာလေနာက္ပိုင္းကတည္းက လုပ္ငန္းမ်ားအရႈံးေပၚေနခဲ့ၿပီး အေမရိကန္ေဒၚလာ ၇၆ ဒသမ ၈ ဘီလ်ံဆုံးရႈံးနစ္နာခဲ့ရာ အေမရိကန္ေဒၚလာ ၅၇ ဒသမ ၇ ဘီလ်ံသာႂကြယ္ဝခ်မ္းသာေတာ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ဇူကာဘတ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ကမာၻအခ်မ္းသာဆုံးလူပုဂၢိဳလ္မ်ားစာရင္းမွာ အဆင့္ ၃ ေနရာမွာရပ္တည္ႏိုင္ခဲ့ေပမယ့္ လက္ရွိႏွစ္မွာေတာ့ အဆင့္မ်ားစြာက်ဆင္းခဲ့ၿပီး ကမာၻ႔အခ်မ္းသာဆုံးလူပုဂၢိဳလ္မ်ားစာရင္းရဲ႕အဆင့္ ၁ဝ အျပင္ကိုေရာက္ရွိသြားခဲ့ပါတယ္။

Forbes မဂၢဇင္းရဲ႕ေဖာ္ျပခ်က္အရ ၂ဝ၂၂ ခုႏွစ္အတြင္း ကမာၻ႔အခ်မ္းသာဆုံး လူပုဂၢိဳလ္ေပါင္း ၄ဝဝ စာရင္းကို ထုတ္ျပန္ခဲ့ရာ ဇူကာဘတ္ဟာ အဆင့္ ၁၁ ေနရာမွာရပ္တည္ေနတယ္လို႔ သိရပါတယ္။

Facebook နဲ႔ပတ္သက္ၿပီး အျငင္းပြားဖြယ္ရာကိစၥမ်ားကိုဝန္ထမ္းေဟာင္းတစ္ဦးျဖစ္တဲ့ Frances Haugen က ဖြင့္ခ်ခဲ့ၿပီးေနာက္ Facebook သုံးစြဲသူအေရအတြက္ဟာ ကမာၻတဝွမ္းက်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။ Forbes ရဲ႕ေဖာ္ျပခ်က္အရ ကမာၻ႔အခ်မ္းသာဆုံးလူပုဂၢိလ္မ်ားစာရင္းမွာ အီလြန္မတ္ နဲ႔ ဂ်က္ဘီဇိုစ့္ တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္အတိုင္းအဆင့္ ၁ နဲ႔ ၂ ေနရာမွာရပ္တည္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Picture

Ko Moe

03/10/2022 11:03

အီလွန်မက်နဲ့ ဂျက်ဘင်ဇိုးက ဘက်စုံသမားတွေဖြစ်တဲ့အပြင် အရမ်းကြိုးစားကြသူတွေပါ။

Related news

© 2021. All rights reserved.