လှတောရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက်တွင် လက်လုပ်မိုင်း(၃ဝ)ကျော် သိမ်းဆည်းရမိ
801
NP News - အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းရှိ လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက်တွင် အကြမ်း ဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း(၃ဝ)ကျော်အား သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ အောက်တိုဘာ(၂)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
လှတောကျေးရွာနှင့် ဝက်လက်မြို့သွားကားလမ်းတစ်လျှောက်တွင် အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ထောင်ထားကြောင်းကို ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ(၁)ရက်နေ့တွင် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း နစကမှဆိုသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏စစ်ဆေးရှာဖွေမှုဖြင့် အဆိုပါကားလမ်းတစ်လျှောက်မှ ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ(၃၂)လုံးအား တွေ့ရှိခဲ့ပြီး အများပြည်သူအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ(၂၁)ရက်မှ စက်တင်ဘာ(၂၅)ရက်အထိ ရေဦးမြို့နှင့် ရွှေဘိုမြို့သွားကားလမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း (၁၁၂)လုံး အပါအဝင် လက်လုပ်သေနတ်(၃)လက်၊ လက်လုပ်လက်ပစ်ဗုံး(၄)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အများပြည်သူသွားလာ အသုံးပြုနေသော လမ်းမကြီးများပေါ်တွင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါလမ်းများတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားများအန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ နှင့် နယ်မြေလုံခြုံအေးချမ်းရေးတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Zawgyi Version;
လွေတာ႐ြာႏွင့္ ဝက္လက္ၿမိဳ႕သြား ကားလမ္းတစ္ေလွ်ာက္တြင္ လက္လုပ္မိုင္း(၃ဝ)ေက်ာ္ သိမ္းဆည္းရမိ
NP News - ေအာက္တိုဘာ ၃
စစ္ကိုင္းတိုင္းရွိ လွေတာေက်း႐ြာႏွင့္ ဝက္လက္ၿမိဳ႕သြား ကားလမ္းတစ္ေလွ်ာက္တြင္ အၾကမ္း ဖက္သမားမ်ား ေထာင္ထားသည့္ လက္လုပ္မိုင္း(၃ဝ)ေက်ာ္အား သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ေအာက္တိုဘာ(၂)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
လွေတာေက်း႐ြာႏွင့္ ဝက္လက္ၿမိဳ႕သြားကားလမ္းတစ္ေလွ်ာက္တြင္ အၾကမ္းဖက္သမားမ်ားက လက္လုပ္မိုင္းမ်ား ေထာင္ထားေၾကာင္းကို ေဒသခံျပည္သူမ်ား၏ သတင္းေပးပို႔မႈအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေအာက္တိုဘာ(၁)ရက္ေန႔တြင္ စစ္ေဆးရွာေဖြမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွဆိုသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏စစ္ေဆးရွာေဖြမႈျဖင့္ အဆိုပါကားလမ္းတစ္ေလွ်ာက္မွ ေဒသႏၲရလက္လုပ္မိုင္းမ်ိဳးစုံ(၃၂)လုံးအား ေတြ႕ရွိခဲ့ၿပီး အမ်ားျပည္သူအႏၲရာယ္မျဖစ္ေစေရးအတြက္ သက္မဲ့ျပဳလုပ္သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ စက္တင္ဘာ(၂၁)ရက္မွ စက္တင္ဘာ(၂၅)ရက္အထိ ေရဦးၿမိဳ႕ႏွင့္ ေ႐ႊဘိုၿမိဳ႕သြားကားလမ္းတစ္ေလွ်ာက္တြင္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ မိုင္းရွင္းလင္းေရး လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္သမားမ်ားေထာင္ထားသည့္ ေဒသႏၲရလက္လုပ္မိုင္း (၁၁၂)လုံး အပါအဝင္ လက္လုပ္ေသနတ္(၃)လက္၊ လက္လုပ္လက္ပစ္ဗုံး(၄)လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုကဲ့သို႔ အမ်ားျပည္သူသြားလာ အသုံးျပဳေနေသာ လမ္းမႀကီးမ်ားေပၚတြင္ မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္ခဲ့သည့္ အၾကမ္းဖက္လုပ္ရပ္က်ဴးလြန္ခဲ့သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါလမ္းမ်ားတစ္ေလွ်ာက္ သြားလာလ်က္ရွိသည့္ ခရီးသြားမ်ားအႏၲရာယ္မျဖစ္ေစေရးအတြက္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ႏွင့္ နယ္ေျမလုံၿခဳံေအးခ်မ္းေရးတို႔ကိုလည္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။