မလေးရှားသို့သွားရောက်မည့် ဒုက္ခသည်ဘင်္ဂါလီတို့၏ ငါးဖမ်းဘုတ် ဘင်္ဂလားပင်လယ်အော်တွင် နစ်မြုပ် လူ ၉ဝ ခန့် တွင် ၄ဝ ခန့်ကို လတ်တလော ကယ်တင်ထားနိုင်ဟုဆို

692

Htay Oung (NP News) - အောက်တိုဘာ ၄
ကော့ခ်ဘဇားဒေသ တက္ကနဖ်မြို့နယ်မှ ဒုက္ခသည်ဘင်္ဂါလီတို့လိုက်ပါလာပြီး မလေးရှားနိုင်ငံကို တရားမဝင်ထွက်ခွာဖို့ကြိုးပမ်းနေတဲ့ ငါးဖမ်းဘုတ်တစ်စီးဟာ အောက်တိုဘာလ ၄ ရက်၊အင်္ဂါနေ့ ဘင်္ဂလားပင်လယ်အော်မှာ နစ်မြုပ်သွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေ စောင့်တပ်က ဒုက္ခသည်ဘင်္ဂါလီတွေအပါအဝင် လူ ၃၉ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ Dhaka Tribune က အောက်တိုဘာလ ၄ ရက်မှာ ရေးသားခဲ့ပါတယ်။
ကယ်ဆယ်ရရှိခဲ့သူများအနက် ၄ ဦးတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန်သူအားလုံးမှာ အမျိုးသမီးများအပါအဝင် ဒုက္ခသည်များဖြစ်ကြောင်း၊ ကြားခံလူများအကူအညီနဲ့ မလေးရှားနိုင်ငံကို ဦးတည်ခုတ်မောင်းသွားတဲ့ ငါးဖမ်းဘုတ်ဟာ ရေစီးအား ပြင်းထန်တာကြောင့် ဘဟာချာရာဧရိယာအနီး ပင်လယ်ပြင်အရောက်မှာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း နယ်မြေ ရဲကင်းအရာရှိရဲ့အဆိုအရ သိရှိရပါတယ်။
လူဘယ်နှစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတာကိုသိရှိနိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် တက္ကနဖ်စခန်း ဒု-တပ်မှူးရင်းမှူးက ရှင်းပြပါတယ်။
ငါးဖမ်းဘုတ်ပေါ်မှာ ခရီးသည်အဖြစ် လိုက်ပါလာသူ ၈၅ ဦးခန့်ရှိပြီး ၆၅ ဦးမှာ ဒုက္ခသည်ဘင်္ဂါလီများဖြစ်ကြောင်း ကယ်တင်ရရှိခဲ့သူ ဒုက္ခသည်အချို့က ပြောပါတယ်။
#ဘင်္ဂလားဒေ့ရှ် #မလေးရှားသို့ထွက်ခွာသည့်ဒုက္ခသည်ဘင်္ဂါလီ #ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား
(Dhaka Tribune., 03 October 2022,” Trawler carrying Rohingya refugees to Malaysia sinks in Bay“ ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
မေလးရွားသို႔သြားေရာက္မည့္ ဒုကၡသည္ဘဂၤါလီတို႔၏ ငါးဖမ္းဘုတ္ ဘဂၤလားပင္လယ္ေအာ္တြင္ နစ္ျမဳပ္ လူ ၉ဝ ခန္႔ တြင္ ၄ဝ ခန္႔ကို လတ္တေလာ ကယ္တင္ထားႏိုင္ဟုဆို
Htay Oung (NP News) - ေအာက္တိုဘာ ၄
ေကာ့ခ္ဘဇားေဒသ တကၠနဖ္ၿမိဳ႕နယ္မွ ဒုကၡသည္ဘဂၤါလီတို႔လိုက္ပါလာၿပီး မေလးရွားႏိုင္ငံကို တရားမဝင္ထြက္ခြာဖို႔ႀကိဳးပမ္းေနတဲ့ ငါးဖမ္းဘုတ္တစ္စီးဟာ ေအာက္တိုဘာလ ၄ ရက္၊အဂၤါေန႔ ဘဂၤလားပင္လယ္ေအာ္မွာ နစ္ျမဳပ္သြားခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ ကမ္းေျခ ေစာင့္တပ္က ဒုကၡသည္ဘဂၤါလီေတြအပါအဝင္ လူ ၃၉ ဦးကို ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ Dhaka Tribune က ေအာက္တိုဘာလ ၄ ရက္မွာ ေရးသားခဲ့ပါတယ္။
ကယ္ဆယ္ရရွိခဲ့သူမ်ားအနက္ ၄ ဦးတို႔ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ားျဖစ္ၿပီး က်န္သူအားလုံးမွာ အမ်ိဳးသမီးမ်ားအပါအဝင္ ဒုကၡသည္မ်ားျဖစ္ေၾကာင္း၊ ၾကားခံလူမ်ားအကူအညီနဲ႔ မေလးရွားႏိုင္ငံကို ဦးတည္ခုတ္ေမာင္းသြားတဲ့ ငါးဖမ္းဘုတ္ဟာ ေရစီးအား ျပင္းထန္တာေၾကာင့္ ဘဟာခ်ာရာဧရိယာအနီး ပင္လယ္ျပင္အေရာက္မွာ နစ္ျမဳပ္သြားျခင္းျဖစ္ေၾကာင္း နယ္ေျမ ရဲကင္းအရာရွိရဲ႕အဆိုအရ သိရွိရပါတယ္။
လူဘယ္ႏွစ္ေယာက္ ေပ်ာက္ဆုံးသြားတယ္ဆိုတာကိုသိရွိႏိုင္ဖို႔ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ကမ္းေျခေစာင့္တပ္ တကၠနဖ္စခန္း ဒု-တပ္မႉးရင္းမႉးက ရွင္းျပပါတယ္။
ငါးဖမ္းဘုတ္ေပၚမွာ ခရီးသည္အျဖစ္ လိုက္ပါလာသူ ၈၅ ဦးခန႔္ရွိၿပီး ၆၅ ဦးမွာ ဒုကၡသည္ဘဂၤါလီမ်ားျဖစ္ေၾကာင္း ကယ္တင္ရရွိခဲ့သူ ဒုကၡသည္အခ်ိဳ႕က ေျပာပါတယ္။
#ဘဂၤလားေဒ့ရွ္ #မေလးရွားသို႔ထြက္ခြာသည့္ဒုကၡသည္ဘဂၤါလီ #ဘဂၤလားေဒ့ရ္ွႏိုင္ငံသား
(Dhaka Tribune., 03 October 2022,” Trawler carrying Rohingya refugees to Malaysia sinks in Bay“ ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)