အိန္ဒိယ ဟိမဝန္တာတောင်တန်းမှာ ဆီးနှင်းခဲများပြိုကျမှုကြောင့် လူ ၄ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

 611

ရောင်နီ (NP News) - အောက်တိုဘာ ၅

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်းမှာ အင်္ဂါနေ့ (အောက်တိုဘာ ၄ ရက်) က ဆီနှင်းခဲများ ပြိုကျမှုကြောင့် တောင်တက်သမား ၄၁ ဦး မှာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေသေးတယ်လို့ အိန္ဒိယ မြောက်ပိုင်းရှိ တောင်တက်အဖွဲ့အစည်းတစ်ခုရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါအဖွဲ့မှာ တောင်တက်သင်တန်းသား ၃၄ ဦးနဲ့ သင်တန်းပို့ချသူ ၇ ဦး ပါဝင်ပြီး ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်မှာ နှင်းပြိုကျမှုနဲ့ ပက်ပင်းတိုးခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်နဲ့ အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့များမှ တာဝန်ရှိသူများနဲ့ အိန္ဒိယ လေတပ်မှ တာဝန်ရှိသူများက အဆိုပါနေရာမှ ရုပ်အလောင်း ၄ လောင်းကို ဆယ်ယူရရှိထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်တက်ကျောင်းဖြစ်တဲ့ နေရူးတက္ကသိုလ်က ဆိုပါတယ်။

"အိန္ဒိယလေတပ်က အခင်းဖြစ်ပွားခဲ့တဲ့ တောင်ကို ဝေဟင်ကနေ လျှို့ဝှက်ရှာဖွေနေပါတယ်။ အဲဒီနေရာကိုရောက်ဖို့ မလွယ်ပါဘူး" လို့ အက်တာရက်ဟန်း ရဲချုပ်အချုတ်ကူမာ က ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။

တောင်တက်အင်စတီကျု့မှ မှတ်ပုံတင်အရာရှိ အက်ဟဲလ် ရမ်ဂျန် က သေဆုံးသူ လေးဦးကို အတည်ပြုခဲ့ပြီး ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆီးနှင်းများကျဆင်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို ယခုအချိန်အထိ ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။

"အက်တာကာရှီ ရှိ နက်ရူတောင်တက်အဖွဲ့မှ တောင်တက်လေ့လာရေးခရီးကို ဖြိုခွင်းခဲ့တဲ့ ဆီးနှင်းပြိုကျမှုကြောင့် အဖိုးတန် အသက်များ ဆုံးရှုံးရခြင်းအတွက် အလွန်စိတ်ထိခိုက်မိပါ" လို့ ကာကွယ်ရေးဝန်ကြီး ရာနက်ဆင့် က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဩဂုတ်လကလည်း အိမ်နီးချင်း ဟင်မာချယ် ပရာဒက်ရှ်ပြည်နယ်ရှိ ရေခဲမြစ်တစ်ခုကို ဖြတ်ကူးစဉ် ကမ်းပါးယံတစ်ခုထဲပြုတ်ကျခဲ့တဲ့ တောင်တက်သမားရဲ့အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ကမ္ဘာပေါ်မှာ အဋ္ဌမမြောက် အမြင့်ဆုံးတောင်ပေါ်မှာ နှင်းလျှောစီးရင်း ပျောက်ဆုံးသွားတဲ့ နှင်းလျှောစီး တောင်တက်သမားတစ်ဦးကို နီပေါနိုင်ငံ မာနာစလူ တောင်စောင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဟိမဝန္တာ တောင်တက်ရာသီ အန္တရာယ်နဲ့ ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများအပေါ် ကြီးမားတဲ့ သုတေသနမပြုလုပ်ရသေးပေမယ့်လည်း တောင်ကမ်းပါးယံများ ကျယ်လာပြီး ယခင်က နှင်းများထူထပ်သော တောင်စောင်းများမှာ ဆီးနှင်းအရည်ပျော်မှုနဲ့ ရေခဲအိုင်များ တိုးပွားလာတယ်လို့ သိရပါတယ်။

Zawgyi Version;
အိႏၵိယ ဟိမဝႏၲာေတာင္တန္းမွာ ဆီးႏွင္းခဲမ်ားၿပိဳက်မႈေၾကာင့္ လူ ၄ ဦး ေသဆုံး၊ အမ်ားအျပား ေပ်ာက္ဆုံးေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၅

အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဟိမဝႏၲာေတာင္တန္းမွာ အဂၤါေန႔ (ေအာက္တိုဘာ ၄ ရက္) က ဆီႏွင္းခဲမ်ား ၿပိဳက်မႈေၾကာင့္ ေတာင္တက္သမား ၄၁ ဦး မွာ အနည္းဆုံး လူ ၄ ဦး ေသဆုံးၿပီး အမ်ားအျပား ေပ်ာက္ဆုံးေနေသးတယ္လို႔ အိႏၵိယ ေျမာက္ပိုင္းရွိ ေတာင္တက္အဖြဲ႕အစည္းတစ္ခုရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါအဖြဲ႕မွာ ေတာင္တက္သင္တန္းသား ၃၄ ဦးနဲ႔ သင္တန္းပို႔ခ်သူ ၇ ဦး ပါဝင္ၿပီး ေဒသစံေတာ္ခ်ိန္ နံနက္ ၈ နာရီ ၄၅ မိနစ္မွာ ႏွင္းၿပိဳက်မႈနဲ႔ ပက္ပင္းတိုးခဲ့တယ္လို႔ သိရပါတယ္။

ျပည္နယ္နဲ႔ အမ်ိဳးသားသဘာဝေဘးတုံ႔ျပန္ေရးတပ္ဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားနဲ႔ အိႏၵိယ ေလတပ္မွ တာဝန္ရွိသူမ်ားက အဆိုပါေနရာမွ ႐ုပ္အေလာင္း ၄ ေလာင္းကို ဆယ္ယူရရွိထားေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ေတာင္တက္ေက်ာင္းျဖစ္တဲ့ ေန႐ူးတကၠသိုလ္က ဆိုပါတယ္။

"အိႏၵိယေလတပ္က အခင္းျဖစ္ပြားခဲ့တဲ့ ေတာင္ကို ေဝဟင္ကေန လွ်ိဳ႕ဝွက္ရွာေဖြေနပါတယ္။ အဲဒီေနရာကိုေရာက္ဖို႔ မလြယ္ပါဘူး" လို႔ အက္တာရက္ဟန္း ရဲခ်ဳပ္အခ်ဳတ္ကူမာ က ဖုန္းနဲ႔ ေျပာၾကားခဲ့ပါတယ္။

ေတာင္တက္အင္စတီက်ဳ႕မွ မွတ္ပုံတင္အရာရွိ အက္ဟဲလ္ ရမ္ဂ်န္ က ေသဆုံးသူ ေလးဦးကို အတည္ျပဳခဲ့ၿပီး ေဒသတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔ ဆီးႏွင္းမ်ားက်ဆင္းမႈေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းကို ယခုအခ်ိန္အထိ ရပ္တန႔္ထားရတယ္လို႔ ဆိုပါတယ္။

"အက္တာကာရွီ ရွိ နက္႐ူေတာင္တက္အဖြဲ႕မွ ေတာင္တက္ေလ့လာေရးခရီးကို ၿဖိဳခြင္းခဲ့တဲ့ ဆီးႏွင္းၿပိဳက်မႈေၾကာင့္ အဖိုးတန္ အသက္မ်ား ဆုံးရႈံးရျခင္းအတြက္ အလြန္စိတ္ထိခိုက္မိပါ" လို႔ ကာကြယ္ေရးဝန္ႀကီး ရာနက္ဆင့္ က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဩဂုတ္လကလည္း အိမ္နီးခ်င္း ဟင္မာခ်ယ္ ပရာဒက္ရွ္ျပည္နယ္ရွိ ေရခဲျမစ္တစ္ခုကို ျဖတ္ကူးစဥ္ ကမ္းပါးယံတစ္ခုထဲျပဳတ္က်ခဲ့တဲ့ ေတာင္တက္သမားရဲ႕အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ကလည္း ကမာၻေပၚမွာ အ႒မေျမာက္ အျမင့္ဆုံးေတာင္ေပၚမွာ ႏွင္းေလွ်ာစီးရင္း ေပ်ာက္ဆုံးသြားတဲ့ ႏွင္းေလွ်ာစီး ေတာင္တက္သမားတစ္ဦးကို နီေပါႏိုင္ငံ မာနာစလူ ေတာင္ေစာင္းမွာ ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။ ဟိမဝႏၲာ ေတာင္တက္ရာသီ အႏၲရာယ္နဲ႔ ရာသီဥတုေျပာင္းလဲျခင္း အက်ိဳးသက္ေရာက္မႈမ်ားအေပၚ ႀကီးမားတဲ့ သုေတသနမျပဳလုပ္ရေသးေပမယ့္လည္း ေတာင္ကမ္းပါးယံမ်ား က်ယ္လာၿပီး ယခင္က ႏွင္းမ်ားထူထပ္ေသာ ေတာင္ေစာင္းမ်ားမွာ ဆီးႏွင္းအရည္ေပ်ာ္မႈနဲ႔ ေရခဲအိုင္မ်ား တိုးပြားလာတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.