သီတင်းကျွတ်ကာလ ဗြောက်အိုးများ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရ သတိပေး

 862

ယွန်း (NP News) - အောက်တိုဘာ ၆

ရန်ကုန်တိုင်း၌ သီတင်းကျွတ်ကာလအတွင်း ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံးများအား ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများပြုလုပ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအ ရေးယူသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အောက်တိုဘာလ(၅)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းတွင် သီတင်းကျွတ်ကာလအတွင်း ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒုံး) များအား ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် အစိုးရအဖွဲ့မှ နှစ်စဉ်သတိပေးထုတ်ပြန်လျက်ရှိသည်။

ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒုံး)များကို ပစ်ဖောက်မှုကြောင့် ပြည်သူများ အထိတ် တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးတို့ကို ထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒုံး)များကို ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှဆို သည်။

သို့သော် အစိုးရအဖွဲ့၏ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
သီတင္းကြၽတ္ကာလ ေျဗာက္အိုးမ်ား ေရာင္းခ်ျခင္း၊ ပစ္ေဖာက္ျခင္းျပဳလုပ္ပါက ထိေရာက္စြာအေရးယူမည္ဟု ရန္ကုန္တိုင္းအစိုးရ သတိေပး
ယြန္း (NP News) - ေအာက္တိုဘာ ၆

ရန္ကုန္တိုင္း၌ သီတင္းကြၽတ္ကာလအတြင္း ေျဗာက္အိုး၊ မီးရႉးႏွင့္ မီးဒုံးမ်ားအား ေရာင္းခ်ျခင္းႏွင့္ ပစ္ေဖာက္ျခင္းမ်ားျပဳလုပ္ပါက ဥပေဒႏွင့္အညီ ထိေရာက္စြာအ ေရးယူသြားမည္ျဖစ္ေၾကာင္း အစိုးရအဖြဲ႕မွ ထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ ေအာက္တိုဘာလ(၅)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရန္ကုန္တိုင္းတြင္ သီတင္းကြၽတ္ကာလအတြင္း ေျဗာက္အိုး၊ မီးရႉးႏွင့္ မီးဒုံး(ရႉးဒုံး) မ်ားအား ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္းႏွင့္ ပစ္ေဖာက္ျခင္းမ်ား မရွိေစေရးအတြက္ အစိုးရအဖြဲ႕မွ ႏွစ္စဥ္သတိေပးထုတ္ျပန္လ်က္ရွိသည္။

ေျဗာက္အိုး၊ မီးရႉးႏွင့္ မီးဒုံး(ရႉးဒုံး)မ်ားကို ပစ္ေဖာက္မႈေၾကာင့္ ျပည္သူမ်ား အထိတ္ တလန႔္ျဖစ္ေစျခင္း၊ မသမာသူမ်ားမွ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ လုံၿခဳံေရးတို႔ကို ထိခိုက္ေအာင္ျပဳလုပ္လာႏိုင္ျခင္းတို႔ေၾကာင့္ ေျဗာက္အိုး၊ မီးရႉးႏွင့္ မီးဒုံး (ရႉးဒုံး)မ်ားကို ေရာင္းခ်ျခင္းႏွင့္ ပစ္ေဖာက္ျခင္းမ်ား မျပဳလုပ္ရန္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွဆို သည္။

သို႔ေသာ္ အစိုးရအဖြဲ႕၏ထုတ္ျပန္ခ်က္မ်ားကို လိုက္နာျခင္းမရွိပါက တည္ဆဲဥပေဒမ်ားအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.