လူပေါင်း ၃၈ ဦးသေဆုံးစေခဲ့တဲ့ ထိုင်းမူကြိုကျောင်းကို တိုက်ခိုက်ခဲ့သူဟာ မူးယစ်ဆေးမှုကျူးလွန်သူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဆို

 636

ဂျန်ဇက် (NP News) - အောက်တိုဘာ ၇

ကလေးငယ်များအပါအဝင် လူပေါင်း ၃၈ ဦးကိုသေဆုံးစေခဲ့တဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ နေ့ကစားထိန်းကျောင်းကိုတိုက်ခိုက်ခဲ့သူဟာ မူးယစ်ဆေးဝါးသုံးစွဲခဲ့သူဖြစ်ကြောင်း
ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၆ ရက်နေ့က ထိုင်းနေ့ကလေးထိန်းကျောင်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၂၄ ဦးအပါအဝင် ကိုယ်ဝန်သည်မူကြိုဆရာမတစ်ဦးလည်း သေဆုံးခဲ့သူများထဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားဟာ ထိုင်းရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး တရားရုံးမှာ မူးယစ်ဆေးဝါးမှုနဲ့စွဲချက်တင်ခံရဖူးသူဖြစ်တယ်လို့ သိရပါတယ်။ သေနတ်သမားဟာ နေ့ကလေးထိန်းကျောင်းကို တိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကားနဲ့ လူအုပ်အတွင်း ဝင်တိုက်ခဲ့ကာ ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့သလို အိမ်ပြန်ရောက်ချိန်မှာလည်း ဇနီးသည်နဲ့ သားသမီးများကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသေနတ်သမားရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၃၈ ဦးသေဆုံးပြီးထိုင်းနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး အရက်စက်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သေနတ်သမားဟာ အသက် ၃၄ နှစ်အရွယ်ရှိ Panya Khamrab ဆိုသူဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

၄င်းဟာ တိုက်ခိုက်မှုကျူးလွန်ရာမှာ သေနတ်နဲ့ ဓါးများကိုအသုံးပြုခဲ့ပြီးအသက် ၂ နှစ်အရွယ်နဲ့ အသက် ၅ နှစ်အရွယ်ကလေးငယ်များကို ဓါးနဲ့သတ်ဖြတ်ခဲ့ပြီးအခြားသူများကို ပစ္စတိုသေနတ်နဲ့ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂ ဦးဒဏ်ရာရခဲ့ပြီး ၈ ဦးက စိုးရိမ်ရပြီး ဆေးရုံမှာ ကုသနေရကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Panya Khamrab ဟာ အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး Jackrapat Wijitwaitaya က ပြောပါတယ်။ ၄င်းဟာ ပြီးခဲ့တဲ့နှစ်မှာ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပယ်ခံထားရသူဖြစ်ပြီး မူးယစ်မှုများနဲ့ စွဲချက်တင်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
လူေပါင္း ၃၈ ဦးေသဆုံးေစခဲ့တဲ့ ထိုင္းမူႀကိဳေက်ာင္းကို တိုက္ခိုက္ခဲ့သူဟာ မူးယစ္ေဆးမႈက်ဴးလြန္သူျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၇

ကေလးငယ္မ်ားအပါအဝင္ လူေပါင္း ၃၈ ဦးကိုေသဆုံးေစခဲ့တဲ့ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ေန႔ကစားထိန္းေက်ာင္းကိုတိုက္ခိုက္ခဲ့သူဟာ မူးယစ္ေဆးဝါးသုံးစြဲခဲ့သူျဖစ္ေၾကာင္း
ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေအာက္တိုဘာ ၆ ရက္ေန႔က ထိုင္းေန႔ကေလးထိန္းေက်ာင္း တိုက္ခိုက္ခံရမႈမွာ ကေလးငယ္ ၂၄ ဦးအပါအဝင္ ကိုယ္ဝန္သည္မူႀကိဳဆရာမတစ္ဦးလည္း ေသဆုံးခဲ့သူမ်ားထဲ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ေသနတ္သမားဟာ ထိုင္းရဲတပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္ၿပီး တရား႐ုံးမွာ မူးယစ္ေဆးဝါးမႈနဲ႔စြဲခ်က္တင္ခံရဖူးသူျဖစ္တယ္လို႔ သိရပါတယ္။ ေသနတ္သမားဟာ ေန႔ကေလးထိန္းေက်ာင္းကို တိုက္ခိုက္ခဲ့ၿပီးေနာက္ ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး ကားနဲ႔ လူအုပ္အတြင္း ဝင္တိုက္ခဲ့ကာ ပစ္ခတ္မႈမ်ားလည္း လုပ္ေဆာင္ခဲ့သလို အိမ္ျပန္ေရာက္ခ်ိန္မွာလည္း ဇနီးသည္နဲ႔ သားသမီးမ်ားကို ပစ္ခတ္သတ္ျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါေသနတ္သမားရဲ႕ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူေပါင္း ၃၈ ဦးေသဆုံးၿပီးထိုင္းႏိုင္ငံသမိုင္းမွာ အဆိုး႐ြားဆုံး အရက္စက္ဆုံးတိုက္ခိုက္မႈျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ေသနတ္သမားဟာ အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ Panya Khamrab ဆိုသူျဖစ္ၿပီး ထိုင္းရဲတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတယ္လို႔ သိရပါတယ္။

၄င္းဟာ တိုက္ခိုက္မႈက်ဴးလြန္ရာမွာ ေသနတ္နဲ႔ ဓါးမ်ားကိုအသုံးျပဳခဲ့ၿပီးအသက္ ၂ ႏွစ္အ႐ြယ္နဲ႔ အသက္ ၅ ႏွစ္အ႐ြယ္ကေလးငယ္မ်ားကို ဓါးနဲ႔သတ္ျဖတ္ခဲ့ၿပီးအျခားသူမ်ားကို ပစၥတိုေသနတ္နဲ႔ပစ္သတ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ လူေပါင္း ၁၂ ဦးဒဏ္ရာရခဲ့ၿပီး ၈ ဦးက စိုးရိမ္ရၿပီး ေဆး႐ုံမွာ ကုသေနရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ Panya Khamrab ဟာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး Jackrapat Wijitwaitaya က ေျပာပါတယ္။ ၄င္းဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ထိုင္းရဲတပ္ဖြဲ႕က ထုတ္ပယ္ခံထားရသူျဖစ္ၿပီး မူးယစ္မႈမ်ားနဲ႔ စြဲခ်က္တင္ခံထားရသူျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.