ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ကွမ်းယာဆိုင်၌ ထိုင်နေသည့်လူတစ်စုအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၆)နှစ်အရွယ်ကလေးငယ် အပါအဝင် (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့

980

NP News - အောက်တိုဘာ ၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကွမ်းယာဆိုင်၌ ထိုင်နေသည့်လူတစ်စုအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၆)နှစ် အရွယ်ကလေးငယ် အပါအဝင် (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ(၅)ရက်၊ ည(၇)နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(ဆိပ် ကမ်း) မြို့နယ်၊ (၈၈)ရပ်ကွက်၊ စကားဖြူလမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
အဆိုပါဖြစ်စဉ်မှာ (၈၈)ရပ်ကွက်တွင် နေထိုင်သော ရာအိမ်မှူးဦးစိုးဝင်း၏ ဇနီး ဒေါ်လှလှသက် ဖွင့်ထားသည့် စကားဖြူလမ်းနှင့် ပဒုမ္မာလမ်းထောင့်ရှိ ကွမ်းယာဆိုင်တွင် တစ်ရပ်ကွက်ထဲနေသူများဖြစ်သည့် ဒေါ်မြအေး(၆၈)နှစ်၊ ဒေါ်အေးအေးမြင့်(၅၃)နှစ်၊ မနှင်းဝေလှိုင် (၁၆)နှစ်၊ မချစ်ချစ်(၂ဝ)နှစ်နှင့် မနီနီမာ(၃၄)နှစ်တို့သည်စကားပြောနေချိန် ဆိုင်ကယ်ဖြင့် အကြမ်းဖက်သမား(၂)ဦးရောက်ရှိလာကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထို့နောက် အကြမ်းဖက်သမား(၂)ဦးသည် ကွမ်းယာဆိုင်အတွင်းသို့ သေနတ်ဖြင့် (၂)ချက်ပစ်ခတ်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
၎င်း လက်ပစ်ဗုံးသည် ကွမ်းယာဆိုင်အနီးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေါ်လှလှသက် အပါအဝင် ကွမ်းယာဆိုင်တွင်ထိုင်နေသူ (၆)ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ထို့ပြင် ကွမ်းယာဆိုင်၏ လမ်းတစ်ဖက်ခြမ်းတွင် ရှိနေသည့် မဖြူသွယ်နှင်း(၆)နှစ်တွင် ရင်ဘတ်ဗုံးစထိမှန်ဒဏ်ရာနှင့် မောင်အောင်ဆတ်ကျော်(၂၃)နှစ်တွင် ခြေ မျက်စိ၊ ခြေသလုံးနှင့် ပေါင်ရင်းတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ထပ်မံရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ (၈)ဦးအား ဆေးကုသနိုင်ရန်အတွက် တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)တြင္ ကြမ္းယာဆိုင္၌ ထိုင္ေနသည့္လူတစ္စုအား ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ (၆)ႏွစ္အ႐ြယ ကလေးငယ် အပါအဝင္ (၈)ဦးထိခိုက္ဒဏ္ရာရရွိခဲ့
NP News - ေအာက္တိုဘာ ၇
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တြင္ ကြမ္းယာဆိုင္၌ ထိုင္ေနသည့္လူတစ္စုအား ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ (၆)ႏွစ္ အ႐ြယ္ကေလးငယ္ အပါအဝင္ (၈)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၅)ရက္၊ ည(၇)နာရီခြဲအခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ဆိပ္ ကမ္း) ၿမိဳ႕နယ္၊ (၈၈)ရပ္ကြက္၊ စကားျဖဴလမ္းထိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။
အဆိုပါျဖစ္စဥ္မွာ (၈၈)ရပ္ကြက္တြင္ ေနထိုင္ေသာ ရာအိမ္မႉးဦးစိုးဝင္း၏ ဇနီး ေဒၚလွလွသက္ ဖြင့္ထားသည့္ စကားျဖဴလမ္းႏွင့္ ပဒုမၼာလမ္းေထာင့္ရွိ ကြမ္းယာဆိုင္တြင္ တစ္ရပ္ကြက္ထဲေနသူမ်ားျဖစ္သည့္ ေဒၚျမေအး(၆၈)ႏွစ္၊ ေဒၚေအးေအးျမင့္(၅၃)ႏွစ္၊ မႏွင္းေဝလႈိင္ (၁၆)ႏွစ္၊ မခ်စ္ခ်စ္(၂ဝ)ႏွစ္ႏွင့္ မနီနီမာ(၃၄)ႏွစ္တို႔သည္စကားေျပာေနခ်ိန္ ဆိုင္ကယ္ျဖင့္ အၾကမ္းဖက္သမား(၂)ဦးေရာက္ရွိလာေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
ထို႔ေနာက္ အၾကမ္းဖက္သမား(၂)ဦးသည္ ကြမ္းယာဆိုင္အတြင္းသို႔ ေသနတ္ျဖင့္ (၂)ခ်က္ပစ္ခတ္ၿပီး လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
၎ လက္ပစ္ဗုံးသည္ ကြမ္းယာဆိုင္အနီးက်ေရာက္ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ေဒၚလွလွသက္ အပါအဝင္ ကြမ္းယာဆိုင္တြင္ထိုင္ေနသူ (၆)ဦးတို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။
ထို႔ျပင္ ကြမ္းယာဆိုင္၏ လမ္းတစ္ဖက္ျခမ္းတြင္ ရွိေနသည့္ မျဖဴသြယ္ႏွင္း(၆)ႏွစ္တြင္ ရင္ဘတ္ဗုံးစထိမွန္ဒဏ္ရာႏွင့္ ေမာင္ေအာင္ဆတ္ေက်ာ္(၂၃)ႏွစ္တြင္ ေျခ မ်က္စိ၊ ေျခသလုံးႏွင့္ ေပါင္ရင္းတို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ား ထပ္မံရရွိခဲ့ေၾကာင္း သိရသည္။
ဒဏ္ရာရရွိသူ (၈)ဦးအား ေဆးကုသႏိုင္ရန္အတြက္ တပ္မေတာ္ေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။