ငွေကြေးခေါင်းပုံဖြတ်ရယူ၍ (၁၈)နှစ်အရွယ် မိန်းကလေးအား ပြည့်တန်ဆာအဖြစ်ခိုင်းစေခဲ့သူများကို အလုပ်နှင့် ထောင်ဒဏ် (၁ဝ)နှစ်ချမှတ်

 779

NP News - အောက်တိုဘာ ၉

ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူ၍ (၁၈)နှစ်အရွယ်မိန်းကလေးအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နစကမှ ယမန်နေ့(အောက်တိုဘာ ၈ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်တွင် နေထိုင်သူ (၁၈)နှစ်အရွယ်မိန်းကလေးအား တစ်ရပ်ကွက်တည်း နေသူများဖြစ်သည့် မမိုးမိုးထွေးနှင့် မရီရီလွင်တို့က တပ်ကုန်းမြို့ရှိ ကုတင်(၁ဝဝဝ)စစ်ဆေးရုံတွင် အဘွားကြီးတစ်ဦးအား ပြုစုရမည်/ အဝတ်လျှော်ပေးရမည်၊ တစ်လလျှင် စရိတ်ငြိမ်း (၁၈ဝဝဝဝ)ကျပ် ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာရှိ ဒေါ်တုတ်၏အိမ်သို့ပို့ဆောင်ကာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ထုံးဖိုမြို့မရဲစခန်း(ပ) ၇၉/၂ဝ၂၁၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဇေယျာသီရိခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း နစကမှ ဆိုသည်။

ထိုသို့ တရားစွဲတင်ပို့ခဲ့ပြီး အောက်တိုဘာ(၆)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄အရ မမိုးမိုးထွေးနှင့် မရီရီလွင်တို့နှစ်ဦးအား အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် တိမ်းရှောင်ထွက်ပြေးနေသူ ဒေါ်တုတ်အား ရာဇဝတ်ကြီးကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ ထုတ်ဆင့်၍ တရားခံပြေးအဖြစ်သတ်မှတ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ေငြေၾကးေခါင္းပုံျဖတ္ရယူ၍ (၁၈)ႏွစ္အ႐ြယ္ မိန္းကေလးအား ျပည့္တန္ဆာအျဖစ္ခိုင္းေစခဲ့သူမ်ားကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၁ဝ)ႏွစ္ခ်မွတ္
NP News - ေအာက္တိုဘာ ၉

ေငြေၾကးအက်ိဳးအျမတ္မ်ားအား ေခါင္းပုံျဖတ္ရယူ၍ (၁၈)ႏွစ္အ႐ြယ္မိန္းကေလးအား ျပည့္တန္ဆာအျဖစ္ ခိုင္းေစခဲ့သူမ်ားကို လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁ဝ)ႏွစ္ခ်မွတ္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

နစကမွ ယမန္ေန႔(ေအာက္တိုဘာ ၈ရက္) ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါျဖစ္စဥ္မွာ ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္၊ သုခဒီပရပ္ကြက္တြင္ ေနထိုင္သူ (၁၈)ႏွစ္အ႐ြယ္မိန္းကေလးအား တစ္ရပ္ကြက္တည္း ေနသူမ်ားျဖစ္သည့္ မမိုးမိုးေထြးႏွင့္ မရီရီလြင္တို႔က တပ္ကုန္းၿမိဳ႕ရွိ ကုတင္(၁ဝဝဝ)စစ္ေဆး႐ုံတြင္ အဘြားႀကီးတစ္ဦးအား ျပဳစုရမည္/ အဝတ္ေလွ်ာ္ေပးရမည္၊ တစ္လလွ်င္ စရိတ္ၿငိမ္း (၁၈ဝဝဝဝ)က်ပ္ ရမည္ဟု ေျပာဆိုစည္း႐ုံးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ တပ္ကုန္းၿမိဳ႕နယ္၊ သေျပေခ်ာင္းေက်း႐ြာရွိ ေဒၚတုတ္၏အိမ္သို႔ပို႔ေဆာင္ကာ ျပည့္တန္ဆာအျဖစ္ အတင္းအဓမၼခိုင္းေစ၍ ေငြေၾကးအက်ိဳးအျမတ္ ေခါင္းပုံျဖတ္ရယူခဲ့သျဖင့္ ထုံးဖိုၿမိဳ႕မရဲစခန္း(ပ) ၇၉/၂ဝ၂၁၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒ ပုဒ္မ ၂၄/၃၂ ျဖင့္ အမႈဖြင့္အေရးယူခဲ့ၿပီး ေဇယ်ာသီရိခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထိုသို႔ တရားစြဲတင္ပို႔ခဲ့ၿပီး ေအာက္တိုဘာ(၆)ရက္ေန႔တြင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄အရ မမိုးမိုးေထြးႏွင့္ မရီရီလြင္တို႔ႏွစ္ဦးအား အလုပ္ႏွင့္ေထာင္ဒဏ္(၁ဝ)ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ တိမ္းေရွာင္ထြက္ေျပးေနသူ ေဒၚတုတ္အား ရာဇဝတ္ႀကီးက်င့္ထုံးဥပေဒ ပုဒ္မ ၈၇/၈၈ ထုတ္ဆင့္၍ တရားခံေျပးအျဖစ္သတ္မွတ္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.