ပြင်ဦးလွင်မြို့အနီးစခန်းရှိ E.P.C ရုံးရှေ့အတက်လမ်းတွင် ကုန်စိမ်းတင်လာသည့်ကားတစ်စီး သစ်ပင်အား ဝင်တိုက်ရာမှ (၁)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိခဲ့

814

NP News - အောက်တိုဘာ ၁ဝ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ E.P.C ရုံးရှေ့အတက်လမ်းတွင် ကုန်စိမ်းတင်လာသည့် ကားတစ်စီးသည် သစ်ပင်အားဝင်တိုက်ရာမှ (၁)ဦး သေဆုံး၍ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၁ဝ ရက်) နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်း E.P.C ရုံးရှေ့ရှိ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အတက်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ မန္တလေးဘက်မှ ပြင်ဦးလွင်ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား (၄)ဦးပါဝင်သည့် ကုန်စိမ်းများ တင်ဆောင်လာသော ဟိုင်းလပ်ကားသည် မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အတက်လမ်းတွင် သစ်ပင်အားဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက် (၆)နာရီကျော်လောက်က ဖြစ်သွားတာပါ။ ကားပေါ်မှာက အားလုံးပေါင်း ယောကျာ်းတွေပဲ(၄)ယောက်ပါလာတယ်။ ငှက်ပျောတို့၊ ကုန်စိမ်းတွေတင်တဲ့ကားပါ။ ဘယ်လိုဖြစ်သွားတာလဲတော့ မသိဘူးဗျ။ အတက်တစ်လမ်း၊ အဆင်းတစ်လမ်း လမ်းက သီးခြားကြီးကို ဘယ်ဘက်လမ်းက သစ်ပင်ကိုဝင်တိုက်တာ” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
အထက်ပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ အခင်းဖြစ်ရာနေရာတွင် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသူများထဲမှ (၂)ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ၎င်းတို့အား တုသိတာလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူ နှစ်ယောက်မှာ တစ်ယောက်ကတော့ ခေါင်းတွေ၊ ဘာတွေထိသွားတာဆိုတော့ နည်းနည်းတော့ စိုးရိမ်ရတယ်။ ဒါပေမယ့် သတိတော့ မလစ်ပါဘူး” ဟု အဆိုပါလူမှုကူညီရေးအသင်းမှ ဆက်လက်ပြောသည်။

Zawgyi Version;
ျပင္ဦးလြင္ၿမိဳ႕ အနီးစခန္းရွိ E.P.C ႐ုံးေရွ႕အတက္လမ္းတြင္ ကုန္စိမ္းတင္လာသည့္ကားတစ္စီး သစ္ပင္အား ဝင္တိုက္ရာမွ (၁)ဦးေသဆုံး၊ (၂)ဦး ဒဏ္ရာရရွိခဲ့
NP News - ေအာက္တိုဘာ ၁ဝ
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္းရွိ E.P.C ႐ုံးေရွ႕အတက္လမ္းတြင္ ကုန္စိမ္းတင္လာသည့္ ကားတစ္စီးသည္ သစ္ပင္အားဝင္တိုက္ရာမွ (၁)ဦး ေသဆုံး၍ (၂)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာ ၁ဝ ရက္) နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္း E.P.C ႐ုံးေရွ႕ရွိ မႏၲေလး-ျပင္ဦးလြင္ကားလမ္း၊ အတက္လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း တုသိတာလူမႈကူညီေရးအသင္းမွ သိရသည္။
အဆိုပါျဖစ္စဥ္မွာ မႏၲေလးဘက္မွ ျပင္ဦးလြင္ဘက္သို႔ ကားေမာင္းသူအပါအဝင္ အမ်ိဳးသား (၄)ဦးပါဝင္သည့္ ကုန္စိမ္းမ်ား တင္ေဆာင္လာေသာ ဟိုင္းလပ္ကားသည္ မႏၲေလး-ျပင္ဦးလြင္ကားလမ္း၊ အတက္လမ္းတြင္ သစ္ပင္အားဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မနက္ (၆)နာရီေက်ာ္ေလာက္က ျဖစ္သြားတာပါ။ ကားေပၚမွာက အားလုံးေပါင္း ေယာက်ာ္းေတြပဲ(၄)ေယာက္ပါလာတယ္။ ငွက္ေပ်ာတို႔၊ ကုန္စိမ္းေတြတင္တဲ့ကားပါ။ ဘယ္လိုျဖစ္သြားတာလဲေတာ့ မသိဘူးဗ်။ အတက္တစ္လမ္း၊ အဆင္းတစ္လမ္း လမ္းက သီးျခားႀကီးကို ဘယ္ဘက္လမ္းက သစ္ပင္ကိုဝင္တိုက္တာ” ဟု တုသိတာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
အထက္ပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းမွာ အခင္းျဖစ္ရာေနရာတြင္ ထိခိုက္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ၿပီး ကားေပၚတြင္ လိုက္ပါလာသူမ်ားထဲမွ (၂)ဦးသည္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ၎တို႔အား တုသိတာလူမႈကူညီေရးအသင္းမွ ျပင္ဦးလြင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
“ဒဏ္ရာရတဲ့သူ ႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ ေခါင္းေတြ၊ ဘာေတြထိသြားတာဆိုေတာ့ နည္းနည္းေတာ့ စိုးရိမ္ရတယ္။ ဒါေပမယ့္ သတိေတာ့ မလစ္ပါဘူး” ဟု အဆိုပါလူမႈကူညီေရးအသင္းမွ ဆက္လက္ေျပာသည္။