ဂျာမန်စစ်တပ်တွင် စစ်လက်နက်ပစ္စည်းများ အလုံအလောက်မရှိတော့ကြောင်း ဂျာမနီအစိုးရဆို
1773
ဖြိုးခန့် (NP News) - အောက်တိုဘာ ၁၁
ဂျာမန်စစ်တပ်တွင် စစ်ပွဲ၌အသုံးပြုရန် လက်နက်ကျည်ဆန်များသည် တစ်ရက် (သို့မဟုတ်) နှစ်ရက်စာအတွက် သာကျန်ရှိတော့ကြောင်း ဂျာမန်သတင်းဌာန Business Insider (BI) က အောက်တိုဘာလ(၈)ရက်တွင် ဖော်ပြခဲ့သည်။
ဂျာမန်သတင်းဌာန Business Insider (BI) ၏ ပြောကြားချက်အရ နေတိုးအဖွဲ့၏ စည်းကမ်းသတ်မှတ်ချက်များတွင် အဖွဲ့ဝင်တစ်နိုင်ငံသည် အနည်းဆုံးရက်ပေါင်း (၃ဝ)ကြာတိုက်ရမည့် တိုက်ပွဲအတွက် လက်နက်ကျည်ဆန် အလုံအလောက်ရှိရမည်ဟု သတ်မှတ်ထားသော်လည်း ဂျာမနီသည် အဆိုပါစည်းကမ်းများနှင့် ကိုက်ညီမှုမရှိကြောင်း ဖော်ပြထားသည်။
အဆိုပါပြဿနာသည် နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး စစ်လက်နက်ပစ္စည်းများ အလုံအလောက်မရှိသောကြောင့် စစ်ရေးလေ့ကျင့်မှုများတွင်လည်း အခက်အခဲများရှိခဲ့ကြောင်းသိရသည်။
ရုရှားသည် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဂျာမနီသည် အမေရိကန်ဦးဆောင် သော အနောက်နိုင်ငံများနှင့်အတူရပ်တည်ခဲ့ပြီး ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးခဲ့ရာ သိုလှောင် ထားသော စစ်လက်နက်ပစ္စည်းများ တဖြည်းဖြည်းလျော့နည်းလာခဲ့ကြောင်းသိရသည်။
ဂျာမနီသည် မောင်းသူမဲ့လေယာဥ်ပစ်သေနတ်များအတွက် ကျည်ပေါင်း(၅၃ဝဝဝ)၊ သေနတ်များအတွက် ကျည်ပေါင်း (၂၁ ဒသမ ၈) သန်းနှင့် bunker ဖျက်ဒုံးကျည်အစင်း(၅ဝ) တို့ကို ယူကရိန်းထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဂျာမနီလုံခြုံရေးနှင့်ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရေးအဖွဲ့ (BDSV) ၏ စီအီးအို Hans Christoph Atzpodien က “သိုလှောင်ထားတဲ့ စစ်တပ်ရဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအမိန့်တွေ မထားဘူးဆိုရင် အခြေအနေတွေဟာ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
သတင်းရင်းမြစ်များ၏ပြောပြချက်အရ စစ်လက်နက်ပစ္စည်းများပိုမိုထုတ်လုပ်ရန် ကာကွယ်ရေးကုမ္ပဏီများကို သိသာထင်ရှားသော အမိန့်ပေးမှုများလည်း မရှိသေးကြောင်းသိရသည်။ ဂျာမနီပါလီမန်၏ ကာကွယ်ရေး ကော်မရှင်နာ Eva Hoegl က စစ်လက်နက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းရန်အတွက် နောက်ထပ်ယူရို ၂ဝ ဘီလျံ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
ဂျာမန်ကာကွယ်ရေးဝန်ကြီး Christine Lambrecht သည် ယခုလအစောပိုင်းတွင် ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်း မြို့ Odessa သို့သွားရောက်ခဲ့ပြီး ယူကရိန်းအတွက် လိုအပ်တာမှန်သမျှကို ဆက်လက်ပံ့ပိုးနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
zawgyi version
ဂ်ာမန္စစ္တပ္တြင္ စစ္လက္နက္ပစၥည္းမ်ား အလုံအေလာက္မရွိေတာ့ေၾကာင္း ဂ်ာမနီအစိုးရဆို
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၁၁
ဂ်ာမန္စစ္တပ္တြင္ စစ္ပြဲ၌အသုံးျပဳရန္ လက္နက္က်ည္ဆန္မ်ားသည္ တစ္ရက္ (သို႔မဟုတ္) ႏွစ္ရက္စာအတြက္ သာက်န္ရွိေတာ့ေၾကာင္း ဂ်ာမန္သတင္းဌာန Business Insider (BI) က ေအာက္တိုဘာလ(၈)ရက္တြင္ ေဖာ္ျပခဲ့သည္။
ဂ်ာမန္သတင္းဌာန Business Insider (BI) ၏ ေျပာၾကားခ်က္အရ ေနတိုးအဖြဲ႕၏ စည္းကမ္းသတ္မွတ္ခ်က္မ်ားတြင္ အဖြဲ႕ဝင္တစ္ႏိုင္ငံသည္ အနည္းဆုံးရက္ေပါင္း (၃ဝ)ၾကာတိုက္ရမည့္ တိုက္ပြဲအတြက္ လက္နက္က်ည္ဆန္ အလုံအေလာက္ရွိရမည္ဟု သတ္မွတ္ထားေသာ္လည္း ဂ်ာမနီသည္ အဆိုပါစည္းကမ္းမ်ားႏွင့္ ကိုက္ညီမႈမရွိေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါျပႆနာသည္ ႏွစ္ေပါင္းမ်ားစြာၾကာေနၿပီျဖစ္ၿပီး စစ္လက္နက္ပစၥည္းမ်ား အလုံအေလာက္မရွိေသာေၾကာင့္ စစ္ေရးေလ့က်င့္မႈမ်ားတြင္လည္း အခက္အခဲမ်ားရွိခဲ့ေၾကာင္းသိရသည္။
႐ုရွားသည္ ေဖေဖာ္ဝါရီလတြင္ ယူကရိန္းႏိုင္ငံကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ဂ်ာမနီသည္ အေမရိကန္ဦးေဆာင္ ေသာ အေနာက္ႏိုင္ငံမ်ားႏွင့္အတူရပ္တည္ခဲ့ၿပီး ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းမ်ားေထာက္ပံ့ေပးခဲ့ရာ သိုေလွာင္ ထားေသာ စစ္လက္နက္ပစၥည္းမ်ား တျဖည္းျဖည္းေလ်ာ့နည္းလာခဲ့ေၾကာင္းသိရသည္။
ဂ်ာမနီသည္ ေမာင္းသူမဲ့ေလယာဥ္ပစ္ေသနတ္မ်ားအတြက္ က်ည္ေပါင္း(၅၃ဝဝဝ)၊ ေသနတ္မ်ားအတြက္ က်ည္ေပါင္း (၂၁ ဒသမ ၈) သန္းႏွင့္ bunker ဖ်က္ဒုံးက်ည္အစင္း(၅ဝ) တို႔ကို ယူကရိန္းထံ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ဂ်ာမနီလုံၿခဳံေရးႏွင့္ကာကြယ္ေရးပစၥည္းမ်ား ထုတ္လုပ္ေရးအဖြဲ႕ (BDSV) ၏ စီအီးအို Hans Christoph Atzpodien က “သိုေလွာင္ထားတဲ့ စစ္တပ္ရဲ႕ စစ္လက္နက္ ပစၥည္းေတြနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာအမိန္႔ေတြ မထားဘူးဆိုရင္ အေျခအေနေတြဟာ ဘယ္ေတာ့မွ တိုးတက္လာမွာ မဟုတ္ပါဘူး” ဟု ဆိုသည္။
သတင္းရင္းျမစ္မ်ား၏ေျပာျပခ်က္အရ စစ္လက္နက္ပစၥည္းမ်ားပိုမိုထုတ္လုပ္ရန္ ကာကြယ္ေရးကုမၸဏီမ်ားကို သိသာထင္ရွားေသာ အမိန႔္ေပးမႈမ်ားလည္း မရွိေသးေၾကာင္းသိရသည္။ ဂ်ာမနီပါလီမန္၏ ကာကြယ္ေရး ေကာ္မရွင္နာ Eva Hoegl က စစ္လက္နက္ပစၥည္းမ်ား ျပန္လည္ျဖည့္တင္းရန္အတြက္ ေနာက္ထပ္ယူ႐ို ၂ဝ ဘီလ်ံ လိုအပ္ေၾကာင္း ေျပာဆိုခဲ့သည္။
ဂ်ာမန္ကာကြယ္ေရးဝန္ႀကီး Christine Lambrecht သည္ ယခုလအေစာပိုင္းတြင္ ယူကရိန္းေတာင္ပိုင္း ဆိပ္ကမ္း ၿမိဳ႕ Odessa သို႔သြားေရာက္ခဲ့ၿပီး ယူကရိန္းအတြက္ လိုအပ္တာမွန္သမွ်ကို ဆက္လက္ပံ့ပိုးေနမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။