ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းတောင်တက်ကားဂိတ်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဘုရားဖူးပြည်သူ(၃)ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၉)ဦးထိခိုက်ဒဏ်ရာရရှိ

2660

NP News - အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်ပွန်းစခန်းတောင်တက်ကားဂိတ်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဘုရားဖူးပြည်သူ(၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁၂ ရက်) နံနက် ၁ဝ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ကင်ပွန်းစခန်းတောင်တက်ကားဂိတ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
“အဲဒီမှာ တောင်တက်ကားဂိတ်ကို လက်နက်ငယ်နဲ့ပစ်သွားတာပေါ့။ ကျွန်တော်တို့ကတော့ အခုအချိန်မှာ PDF လို့ပဲ သုံးသပ်တာပေါ့။ ၄ဝ(မမ) လက်နက်ငယ်နဲ့ပစ် လိုက်တယ်။ ပစ်လိုက်တော့ ထိသွားတာပေါ့နော်။ သေဆုံးတာတော့ အမျိုးသမီး (၃)ဦးပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက NP News ကို အတည်ပြုပြောကြားထားသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဘုရားဖူးပြည်သူ အမျိုးသမီး(၃)ဦးမှာ သေဆုံးခဲ့ပြီး အမျိုးသား(၉)နှင့် အမျိုးသမီး(၁ဝ)ဦး စုစုပေါင်း (၁၉)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လတ်တလောတွင် ကျိုက်ထိုဆေးရုံးသို့ ပို့ဆောင်ကုသပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
သေဆုံးခဲ့သော အမျိုးသမီး(၃)ဦးမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေ ထိုင်သူများဖြစ်ကြောင်းသိရပြီး ဒေါ်ခင်မ၊ ဒေါ်အေးအေးကြည်၊ ဒေါ်ကျော့ကေခိုင်တို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ် ခတ်ခဲ့ရာ နှစ်ဖက်အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒီဟာတွေက မလုပ်သင့်ဘူးဆိုတဲ့အကြောင်းကို ပြောချင်တယ်။ မလုပ်သင့်ဘူးပေါ့။ အများပြည်သူတွေ ဘုရားဖူးသွားတဲ့နေရာလေ။ ကျွန်တော်တို့လည်း တော်တော်စိတ်မကောင်းဖြစ်ရပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက ပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအနက် (၁ဝ)ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး KNLA တပ်မဟာ (၁) နှင့် PDF တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

zawgyi verison
က်ိဳက္ထီး႐ိုးဘုရား ကင္ပြန္းစခန္းေတာင္တက္ကားဂိတ္၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ဘုရားဖူးျပည္သူ(၃)ဦးထက္မနည္းေသဆုံးခဲ့ၿပီး (၁၉)ဦးထိခိုက္ဒဏ္ရာရရွိ
NP News - ေအာက္တိုဘာ ၁၂
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ က်ိဳက္ထီး႐ိုးဘုရားေတာင္ေျခရွိ ကင္ပြန္းစခန္းေတာင္တက္ကားဂိတ္၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ဘုရားဖူးျပည္သူ(၃)ဦးထက္မနည္း ေသဆုံးခဲ့ၿပီး (၁၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၁၂ ရက္) နံနက္ ၁ဝ နာရီ ၂၅ မိနစ္အခ်ိန္ခန႔္တြင္ ကင္ပြန္းစခန္းေတာင္တက္ကားဂိတ္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ သည္။
“အဲဒီမွာ ေတာင္တက္ကားဂိတ္ကို လက္နက္ငယ္နဲ႔ပစ္သြားတာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ အခုအခ်ိန္မွာ PDF လို႔ပဲ သုံးသပ္တာေပါ့။ ၄ဝ(မမ) လက္နက္ငယ္နဲ႔ပစ္ လိုက္တယ္။ ပစ္လိုက္ေတာ့ ထိသြားတာေပါ့ေနာ္။ ေသဆုံးတာေတာ့ အမ်ိဳးသမီး (၃)ဦးေပါ့” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာခြင့္ရ ဦးေအာင္ၾကည္သိန္းက NP News ကို အတည္ျပဳေျပာၾကားထားသည္။
ထိုသို႔ ပစ္ခတ္မႈျဖစ္စဥ္အတြင္း ဘုရားဖူးျပည္သူ အမ်ိဳးသမီး(၃)ဦးမွာ ေသဆုံးခဲ့ၿပီး အမ်ိဳးသား(၉)ႏွင့္ အမ်ိဳးသမီး(၁ဝ)ဦး စုစုေပါင္း (၁၉)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး လတ္တေလာတြင္ က်ိဳက္ထိုေဆး႐ုံးသို႔ ပို႔ေဆာင္ကုသေပးေနေၾကာင္း ၎က ဆက္လက္ေျပာသည္။
ေသဆုံးခဲ့ေသာ အမ်ိဳးသမီး(၃)ဦးမွာ ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေန ထိုင္သူမ်ားျဖစ္ေၾကာင္းသိရၿပီး ေဒၚခင္မ၊ ေဒၚေအးေအးၾကည္၊ ေဒၚေက်ာ့ေကခိုင္တို႔ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကလည္း ျပန္လည္ပစ္ ခတ္ခဲ့ရာ ႏွစ္ဖက္အၾကား အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ဒီဟာေတြက မလုပ္သင့္ဘူးဆိုတဲ့အေၾကာင္းကို ေျပာခ်င္တယ္။ မလုပ္သင့္ဘူးေပါ့။ အမ်ားျပည္သူေတြ ဘုရားဖူးသြားတဲ့ေနရာေလ။ ကြၽန္ေတာ္တို႔လည္း ေတာ္ေတာ္စိတ္မေကာင္းျဖစ္ရပါတယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕မွ ေျပာခြင့္ရ ဦးေအာင္ၾကည္သိန္းက ေျပာသည္။
အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားအနက္ (၁ဝ)ဦးသည္ စိုးရိမ္ရသည့္အေျခအေနတြင္ ရွိေနေၾကာင္း သိရသည္။
နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး KNLA တပ္မဟာ (၁) ႏွင့္ PDF တို႔က လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္ျခင္းျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။