မြန်မာနိုင်ငံမှထုတ်လုပ်သည့် ကားတာယာများကို ဝယ်ယူရန် ဘရာဇီးနိုင်ငံဘက်က ကမ်းလှမ်း

 3538

ပုံစာ - MEC မှထုတ်လုပ်လျက်ရှိသည့် TRI STAR အမှတ်တံဆိပ်တာယာများ

ဖူးပြည့် (NP News) - အောက်တိုဘာ ၁၃

ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့အခြေစိုက် Sunamerica ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ တာယာထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ဘရာဇီးနိုင်ငံသို့ တာယာတင်ပို့လိုပါက ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း အဆိုပြုကမ်းလှမ်းထားသည်ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်း၌ထုတ်လုပ်သည့် အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မနှင့် ထရပ်ကား တာယာများကို ဝယ်ယူရန်စိတ်ဝင်စားကြောင်း ပြောကြားလာသည်ဟု ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် တာယာများတင်ပို့ ရောင်းချလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်းသိရသည်။

အဆိုပါ Sunamerica ကုမ္ပဏီသည် The National Institute of Metrology Quality and Technology အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး သိရိလင်္ကာ၊ တ ရုတ်၊ ပါကစ္စတန်နိုင်ငံတို့မှ မော်တော်ဆိုင်ကယ် နှင့် စက်ဘီးတာယာများ ဝယ်ယူတင်သွင်းလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ပုဂ္ဂလိကနှင့်အစိုးရပိုင်တာယာစက်ရုံများရှိပြီး မြန်မာစီးပွားရေးကော်ပိုရေး ရှင်း တာယာစက်ရုံ (ရွာမ)သည် TRI STAR အမှတ်တံဆိပ်တာယာများထုတ် လုပ်ကာ အမေရိကန်၊ ပါရာဂွေး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ ဗီယက်နမ်၊ တူရကီ၊ အာဖဂန်နစ္စတန်၊ ရုရှား၊ မလေးရှားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အစီးရေ (၉) သိန်းခွဲခန့်ရှိကာ တစ်နှစ်လျှင် တာ ယာလိုအပ်ချက်အနေဖြင့် (၂ ဒသမ ၆)သန်းခန့်ရှိပြီး ၎င်းတို့အနက် တာယာ(၂) သန်းခန့်အား ပြည်ပမှတင်သွင်းနေရကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံမွထုတ္လုပ္သည့္ ကားတာယာမ်ားကို ဝယ္ယူရန္ ဘရာဇီးႏိုင္ငံဘက္က ကမ္းလွမ္း
ဖူးျပည့္ (NP News) - ေအာက္တိုဘာ ၁၃

ဘရာဇီးႏိုင္ငံ၊ ေဆာ္ပိုလိုၿမိဳ႕အေျခစိုက္ Sunamerica ကုမၸဏီသည္ ျမန္မာႏိုင္ငံရွိ တာယာထုတ္လုပ္သည့္ စက္႐ုံမ်ားအေနျဖင့္ ဘရာဇီးႏိုင္ငံသို႔ တာယာတင္ပို႔လိုပါက ပူးေပါင္းေဆာင္႐ြက္ႏိုင္ပါေၾကာင္း အဆိုျပဳကမ္းလွမ္းထားသည္ဟု ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲမွ သိရသည္။

၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံ ေဈးကြက္အတြင္း၌ထုတ္လုပ္သည့္ အခ်င္းဝက္ ၁၃ လက္မ၊ ၁၄ လက္မႏွင့္ ထရပ္ကား တာယာမ်ားကို ဝယ္ယူရန္စိတ္ဝင္စားေၾကာင္း ေျပာၾကားလာသည္ဟု ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲက ေျပာသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံမွ စိတ္ဝင္စားသည့္ ကုမၸဏီမ်ားအေနျဖင့္ တာယာမ်ားတင္ပို႔ ေရာင္းခ်လိုပါက ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ေၾကာင္းသိရသည္။

အဆိုပါ Sunamerica ကုမၸဏီသည္ The National Institute of Metrology Quality and Technology အသိအမွတ္ျပဳလက္မွတ္ရရွိထားၿပီး သိရိလကၤာ၊ တ ႐ုတ္၊ ပါကစၥတန္ႏိုင္ငံတို႔မွ ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ စက္ဘီးတာယာမ်ား ဝယ္ယူတင္သြင္းလ်က္ရွိေၾကာင္း သိရသည္။

ျပည္တြင္း၌ ပုဂၢလိကႏွင့္အစိုးရပိုင္တာယာစက္႐ုံမ်ားရွိၿပီး ျမန္မာစီးပြားေရးေကာ္ပိုေရး ရွင္း တာယာစက္႐ုံ (႐ြာမ)သည္ TRI STAR အမွတ္တံဆိပ္တာယာမ်ားထုတ္ လုပ္ကာ အေမရိကန္၊ ပါရာေဂြး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစၥတန္၊ ကိုလံဘီယာ၊ ဗီယက္နမ္၊ တူရကီ၊ အာဖဂန္နစၥတန္၊ ႐ုရွား၊ မေလးရွားႏွင့္ ထိုင္ဝမ္ႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်လ်က္ရွိေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္ ေမာ္ေတာ္ယာဥ္အစီးေရ (၉) သိန္းခြဲခန႔္ရွိကာ တစ္ႏွစ္လွ်င္ တာ ယာလိုအပ္ခ်က္အေနျဖင့္ (၂ ဒသမ ၆)သန္းခန႔္ရွိၿပီး ၎တို႔အနက္ တာယာ(၂) သန္းခန႔္အား ျပည္ပမွတင္သြင္းေနရေၾကာင္းသိရသည္။

Picture

Htun Aung Kyaw

13/10/2022 13:52

ပြည်တွင်းက ဆိုင်ကယ်တွေသုံးဖို့လဲ ထိုင်းက DURO တို့ Dunlop တို့ရဲ့ တာယာအရည်အသွေးနဲ့ ညီမျှတာမျိုး အတန်းစားသုံးလေးမျိူးလောက်ဖြစ်ဖြစ် ထုတ်သင့်တယ်ပါတယ်။ အခု‌လက်ရှိ ဆိုင်ကယ်တွေအတွက် ထုတ်လားတော့မသိဘူး🤔

Related news

© 2021. All rights reserved.