လေယာဉ်ခရီးစဉ်လက်မှတ်များ လိမ်လည်ရောင်းချမှုများရှိနေကြောင်း MAI အသိပေး

962

ယွန်း (NP News) - အောက်တိုဘာ ၁၃
တရားဝင်လက်မှတ် အရောင်းကိုယ်စားလှယ်များ၏အမည်ကို အလွဲသုံးစားလုပ်၍ လေယာဉ်ခရီးစဉ်လက်မှတ်များကို အတုအပပြုလုပ်ပြီး လိမ်လည်ရောင်းချနေမှုများ ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)က အသိပေးထုတ်ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)က အောက်တိုဘာလ(၁၂)ရက်၊ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် လေကြောင်းလိုင်းများ၏ လေယာဉ်ခရီးစဉ်လက်မှတ်များကို မသမာသူများမှ အတုအပများပြုလုပ်၍ ခရီးသည်များထံ လိမ်လည်ရောင်းချနေခြင်းများ ရှိနေကြောင်း MAI မှဆိုသည်။
အဆိုပါ လိမ်လည်ရောင်းချနေသူများသည် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် တရားဝင်လက်မှတ် အရောင်းကိုယ်စားလှယ်များ၏အမည်ကို အလွဲသုံးစားလုပ်၍ လည်းကောင်း၊ တစ်ဆင့်ခံ လက်မှတ်အရောင်းကိုယ်စားလှယ်များအဖြစ် account များနှင့် pageများ အတုပြုလုပ်၍ အယောင်ဆောင်လိမ်လည်မှုများ ရှိနေကြောင်း MAI မှ အသိပေးထားသည်။
ထို့ကြောင့် MAI နှင့် Air KBZ၏ ခရီးသည်များ အနေဖြင့် လေယာဉ်လက်မှတ်လိမ်လည် ရောင်းချခံရခြင်းမှ ရှောင်ရှားနိုင်ရန် ဝယ်ယူထားသည့် လက်မှတ်များ မှန်ကန်မှုရှိ၊ မရှိကို ငွေးမပေးချေမီ MAI နှင့် Air KBZ၏ တရားဝင် website များတွင် PNR (သို့မဟုတ်) e-ticket number ဖြင့် ကိုယ်တိုင်ဝင်ရောက် စစ်ဆေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)က အသိပေးထုတ်ပြန်ထား သည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် ၁၉၉၃ ခုနှစ်မှစ၍ ပြည်ပခရီးစဉ်များ ပျံသန်းခဲ့သည်။
MAI သည် ရန်ကုန်မြို့နှင့် စင်္ကာပူ၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ ဂါယာ၊ ကွမ်ကျိုးနှင့် ကာလကတ္တားမြို့များအကြား လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့်ပြင် မန္တလေးမြို့နှင့် ဘန်ကောက်မြို့အကြားတွင်လည်း လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲပေးနေသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကွမ်ကျိုး၊ ဟန်ကျိုး၊ ဟီဖေး၊ နန်ချောင့်နှင့် ဖူကျိုးအပါအဝင် လေယောဉ်ပျံသန်းမှုလမ်းကြောင်း ၅ ကြောင်းကိုလည်း ပြေးဆွဲပေးလျက်ရှိပြီး ၂ဝ၁၃ ခုနှစ်၊ မတ်လတွင် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့နှင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တို့သို့ စင်းလုံးငှားလေကြောင်းပျံသန်းမှုများကို စတင်ဆောင်ရွက်ခဲ့သည်။

zawgyi version
ေလယာဥ္ခရီးစဥ္လက္မွတ္မ်ား လိမ္လည္ေရာင္းခ်မႈမ်ားရွိေနေၾကာင္း MAI အသိေပး
ယြန္း (NP News) - ေအာက္တိုဘာ ၁၃
တရားဝင္လက္မွတ္ အေရာင္းကိုယ္စားလွယ္မ်ား၏အမည္ကို အလြဲသုံးစားလုပ္၍ ေလယာဥ္ခရီးစဥ္လက္မွတ္မ်ားကို အတုအပျပဳလုပ္ၿပီး လိမ္လည္ေရာင္းခ်ေနမႈမ်ား ရွိေနေၾကာင္း အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္း (MAI)က အသိေပးထုတ္ျပန္ထားသည္။
အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္း(MAI)က ေအာက္တိုဘာလ(၁၂)ရက္၊ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ယခုအခါတြင္ ေလေၾကာင္းလိုင္းမ်ား၏ ေလယာဥ္ခရီးစဥ္လက္မွတ္မ်ားကို မသမာသူမ်ားမွ အတုအပမ်ားျပဳလုပ္၍ ခရီးသည္မ်ားထံ လိမ္လည္ေရာင္းခ်ေနျခင္းမ်ား ရွိေနေၾကာင္း MAI မွဆိုသည္။
အဆိုပါ လိမ္လည္ေရာင္းခ်ေနသူမ်ားသည္ လူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚတြင္ တရားဝင္လက္မွတ္ အေရာင္းကိုယ္စားလွယ္မ်ား၏အမည္ကို အလြဲသုံးစားလုပ္၍ လည္းေကာင္း၊ တစ္ဆင့္ခံ လက္မွတ္အေရာင္းကိုယ္စားလွယ္မ်ားအျဖစ္ account မ်ားႏွင့္ pageမ်ား အတုျပဳလုပ္၍ အေယာင္ေဆာင္လိမ္လည္မႈမ်ား ရွိေနေၾကာင္း MAI မွ အသိေပးထားသည္။
ထို႔ေၾကာင့္ MAI ႏွင့္ Air KBZ၏ ခရီးသည္မ်ား အေနျဖင့္ ေလယာဥ္လက္မွတ္လိမ္လည္ ေရာင္းခ်ခံရျခင္းမွ ေရွာင္ရွားႏိုင္ရန္ ဝယ္ယူထားသည့္ လက္မွတ္မ်ား မွန္ကန္မႈရွိ၊ မရွိကို ေငြးမေပးေခ်မီ MAI ႏွင့္ Air KBZ၏ တရားဝင္ website မ်ားတြင္ PNR (သို႔မဟုတ္) e-ticket number ျဖင့္ ကိုယ္တိုင္ဝင္ေရာက္ စစ္ေဆးႏိုင္ရန္ အျပည္ျပည္ဆိုင္ရာ ျမန္မာ့ေလေၾကာင္းလိုင္း (MAI)က အသိေပးထုတ္ျပန္ထား သည္။
အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္း (MAI) သည္ ၁၉၉၃ ခုႏွစ္မွစ၍ ျပည္ပခရီးစဥ္မ်ား ပ်ံသန္းခဲ့သည္။
MAI သည္ ရန္ကုန္ၿမိဳ႕ႏွင့္ စကၤာပူ၊ ကြာလာလမ္ပူ၊ ဘန္ေကာက္၊ ဂါယာ၊ ကြမ္က်ိဳးႏွင့္ ကာလကတၱားၿမိဳ႕မ်ားအၾကား ေလေၾကာင္းခရီးစဥ္မ်ား ပ်ံသန္းေျပးဆြဲလ်က္ရွိသည့္ျပင္ မႏၲေလးၿမိဳ႕ႏွင့္ ဘန္ေကာက္ၿမိဳ႕အၾကားတြင္လည္း ေလေၾကာင္းခရီးစဥ္မ်ား ပ်ံသန္းေျပးဆြဲေပးေနသည္။ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံအၾကား ကြမ္က်ိဳး၊ ဟန္က်ိဳး၊ ဟီေဖး၊ နန္ေခ်ာင့္ႏွင့္ ဖူက်ိဳးအပါအဝင္ ေလေယာဥ္ပ်ံသန္းမႈလမ္းေၾကာင္း ၅ ေၾကာင္းကိုလည္း ေျပးဆြဲေပးလ်က္ရွိၿပီး ၂ဝ၁၃ ခုႏွစ္၊ မတ္လတြင္ ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ႏွင့္ ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕တို႔သို႔ စင္းလုံးငွားေလေၾကာင္းပ်ံသန္းမႈမ်ားကို စတင္ေဆာင္႐ြက္ခဲ့သည္။