မြန်မာနိုင်ငံရဲ့လျှပ်စစ်စွမ်းအင်သုံး ကားစျေးကွက်ကို တရုတ် HOZON Auto ကုမ္ပဏီ ဝင်ရောက်လုပ်ကိုင်မယ်

 2540

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၅

တရုတ်လျှပ်စစ် မော်တော်ယာဉ် ကော်ပိုရေးရှင်း HOZON Auto ဟာ မြန်မာနိုင်ငံရဲ့လျှပ်စစ်ကား (NEV) စျေးကွက်ကို ဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံအခြေစိုက် Grand Sirius Company Limited ("GSE") နဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။

အဆိုပါသဘောတူညီချက်များအရ HOZON Auto ကုမ္ပဏီဟာ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီနဲ့ NETA U မော်ဒယ်လ် လျှပ်စစ်စွမ်းအင်သုံးကား နဲ့ NETA V မော်ဒယ်လ် လျှပ်စစ် စွမ်းအင်သုံးကားများကို မိတ်ဆက်ရောင်း ချသွားမှာဖြစ်သလို လိုအပ်တဲ့ဝန်ဆောင်မှုများ ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအစိုးရဟာ လာမယ့်နှစ်များအတွင်း မြန်မာနိုင်ငံရဲ့လျှပ်စစ်စွမ်းသုံး ကားစျေးကွက်ပိုမိုကောင်းမွန်လာစေဖို့ ပိုမိုကောင်းမွန်တဲ့မူဝါဒများထုတ်ပြန်ခဲ့ကြောင်း၊ ဓါတ်ဆီနဲ့ ဒီဇယ်စျေးနှုန်းမြင့်တက်ခြင်းက ဒေသခံများကို လျှပ်စစ်စွမ်းအင်သုံးကားများ ပိုမိုသုံးစွဲလာအောင်တွန်းအားပေးသလိုဖြစ်လာစေလာခဲ့ကြောင်း HOZON Auto ကုမ္ပဏီကပြောပါတယ်။

မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်းအင်သုံးကားစျေးကွက်နဲ့ပတ်သက်ပြီး အလွန်ကောင်းမွန်တဲ့အလားလာကောင်းတွေ ရှိနေကြောင်းသိရပါတယ်။ အဆိုပါ HOZON Auto က စက်တင်ဘာလလယ်အထိ ပြည်ပ စျေးကွက်အသီးသီးမှ လျှပ်စစ်စွမ်းအင်သုံးကားအစီးရေ ပေါင်း ၅၂ဝဝ ခန့် အော်ဒါလက်ခံရရှိထားကြောာင်းဆိုပါတယ်။

zawgyi version
မြန်မာနိုင်ငံရဲ့လျှပ်စစ်စွမ်းအင်သုံး ကားဈေးကွက်ကို တရုတ် HOZON Auto ကုမ္ပဏီ ဝင်ရောက်လုပ်ကိုင်မယ်

တရုတ်လျှပ်စစ် မော်တော်ယာဉ် ကော်ပိုရေးရှင်း HOZON Auto ဟာ မြန်မာနိုင်ငံရဲ့လျှပ်စစ်ကား (NEV) ဈေးကွက်ကို ဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံအခြေစိုက် Grand Sirius Company Limited ("GSE") နဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။


မြန်မာအစိုးရဟာ လာမယ့်နှစ်များအတွင်း မြန်မာနိုင်ငံရဲ့လျှပ်စစ်စွမ်းသုံး ကားဈေးကွက်ပိုမိုကောင်းမွန်လာစေဖို့ ပိုမိုကောင်းမွန်တဲ့မူဝါဒများထုတ်ပြန်ခဲ့ကြောင်း၊ ဓါတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းမြင့်တက်ခြင်းက ဒေသခံများကို လျှပ်စစ်စွမ်းအင်သုံးကားများ ပိုမိုသုံးစွဲလာအောင်တွန်းအားပေးသလိုဖြစ်လာစေလာခဲ့ကြောင်း HOZON Auto ကုမ္ပဏီကပြောပါတယ်။

မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်းအင်သုံးကားဈေးကွက်နဲ့ပတ်သက်ပြီး အလွန်ကောင်းမွန်တဲ့အလားလာကောင်းတွေ ရှိနေကြောင်းသိရပါတယ်။ အဆိုပါ HOZON Auto က စက်တင်ဘာလလယ်အထိ ပြည်ပ ဈေးကွက်အသီးသီးမှ လျှပ်စစ်စွမ်းအင်သုံးကားအစီးရေ ပေါင်း ၅၂ဝဝ ခန့် အော်ဒါလက်ခံရရှိထားကြောာင်းဆိုပါတယ်။

Related news

© 2021. All rights reserved.