မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်အား လေအိတ်ရထားဖြင့် စတင်ပြေးဆွဲ

1625

NP News - အောက်တိုဘာ ၁၅
မော်လမြိုင်-ရန်ကုန် ရထားတွဲဆိုင်းအား ရိုးရိုးရထားအစား လေအိတ်ရထားတွဲဆိုင်းဖြင့် ပြေးဆွဲနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ လေအိတ်အထူးရထားပြေးဆွဲခြင်းအား ယနေ့ (အောက်တိုဘာလ ၁၅ ရက်) မှ စတင်ပြေးဆွဲခြင်းလည်းဖြစ်သည်။
ခရီးစဉ်အနေဖြင့် မော်လမြိုင်ဘူတာကြီးမှ နံနက် ၉ နာရီတွင် စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင်ရောက်ရှိမည်ဖြစ်ကာ ပြေးဆွဲချိန် ၁ဝ နာရီ နီးပါးသာကြာမြင့်မည်ဖြစ်ကြောင်း ၎င်းတို့မှ ထုတ်ပြန်ထားသည်။
လက်မှတ်ခ နှုန်းထားများအနေဖြင့် ယခင် ရိုးရိုးရထားနှုန်းထားအတိုင်း ပြောင်းလဲခြင်းမရှိသေးဘဲ ရိုးရိုတန်း မော်လမြိုင်မှ ရန်ကုန်ထိ ၃၅၅ဝ ကျပ်သာကျသင့်မည်ဖြစ်ပြီး အထက်တန်း (အထူးတန်း) ရန်ကုန်မှ မော်လမြိုင်ထိ ၇ဝ၅ဝ ကျပ်သာကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထက်တန်း (အထူးတန်း) လက်မှတ်များအား (၃)ရက်ကြိုတင် ရောင်းချပေးနေပြီး ရိုးရိုးတန်း လက်မှတ်များအား (၁)ရက် ကြိုတင်ရောင်းချပေးနေကြောင်း သိရသည်။
လေအိတ်ရထားရပ်တန့်မည့် ဘူတာများအနေဖြင့် မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း ၊ မရမ်းကုန်း ၊ ကျိုက်ထို ၊ ကျိုက္ကသာ ၊ မုပ္ပလင် ၊ သိမ်ဇရပ် ၊ ဝေါ၊ ပဲခူး ၊ တိုးကြောင်ကလေး ဘူတာများဖြစ်သည်။
လက်ရှိတွင် မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသည့် ညရထားခရီးစဉ်းများအား ယာယီရပ်နားထားလျက်ရှိကြောင်းလည်းသိရသည်။

zawgyi version
ေမာ္လၿမိဳင္-ရန္ကုန္ ရထားခရီးစဥ္အား ေလအိတ္ရထားျဖင့္ စတင္ေျပးဆြဲ
NP News - ေအာက္တိုဘာ ၁၅
ေမာ္လၿမိဳင္-ရန္ကုန္ ရထားတြဲဆိုင္းအား ႐ိုး႐ိုးရထားအစား ေလအိတ္ရထားတြဲဆိုင္းျဖင့္ ေျပးဆြဲေနၿပီျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီး ျပည္သူ႔ဆက္ဆံေရးဌာနမွ ထုတ္ျပန္ထားသည္။
အဆိုပါ ေလအိတ္အထူးရထားေျပးဆြဲျခင္းအား ယေန႔ (ေအာက္တိုဘာလ ၁၅ ရက္) မွ စတင္ေျပးဆြဲျခင္းလည္းျဖစ္သည္။
ခရီးစဥ္အေနျဖင့္ ေမာ္လၿမိဳင္ဘူတာႀကီးမွ နံနက္ ၉ နာရီတြင္ စတင္ထြက္ခြာၿပီး ရန္ကုန္ဘူတာႀကီးသို႔ ည ၇ နာရီ ၁၅ မိနစ္အခ်ိန္တြင္ေရာက္ရွိမည္ျဖစ္ကာ ေျပးဆြဲခ်ိန္ ၁ဝ နာရီ နီးပါးသာၾကာျမင့္မည္ျဖစ္ေၾကာင္း ၎တို႔မွ ထုတ္ျပန္ထားသည္။
လက္မွတ္ခ ႏႈန္းထားမ်ားအေနျဖင့္ ယခင္ ႐ိုး႐ိုးရထားႏႈန္းထားအတိုင္း ေျပာင္းလဲျခင္းမရွိေသးဘဲ ႐ိုး႐ိုတန္း ေမာ္လၿမိဳင္မွ ရန္ကုန္ထိ ၃၅၅ဝ က်ပ္သာက်သင့္မည္ျဖစ္ၿပီး အထက္တန္း (အထူးတန္း) ရန္ကုန္မွ ေမာ္လၿမိဳင္ထိ ၇ဝ၅ဝ က်ပ္သာက်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အထက္တန္း (အထူးတန္း) လက္မွတ္မ်ားအား (၃)ရက္ႀကိဳတင္ ေရာင္းခ်ေပးေနၿပီး ႐ိုး႐ိုးတန္း လက္မွတ္မ်ားအား (၁)ရက္ ႀကိဳတင္ေရာင္းခ်ေပးေနေၾကာင္း သိရသည္။
ေလအိတ္ရထားရပ္တန္႔မည့္ ဘူတာမ်ားအေနျဖင့္ မုတၱမ၊ ေပါင္၊ ဇင္းက်ိဳက္၊ ရင္းၿငိမ္၊ သထုံ၊ သိမ္ဆိပ္၊ ႏွင္းပုလဲ၊ ေတာင္စြန္း ၊ မရမ္းကုန္း ၊ က်ိဳက္ထို ၊ က်ိဳကၠသာ ၊ မုပၸလင္ ၊ သိမ္ဇရပ္ ၊ ေဝါ၊ ပဲခူး ၊ တိုးေၾကာင္ကေလး ဘူတာမ်ားျဖစ္သည္။
လက္ရွိတြင္ ေမာ္လၿမိဳင္-ရန္ကုန္ ေျပးဆြဲေနသည့္ ညရထားခရီးစဥ္းမ်ားအား ယာယီရပ္နားထားလ်က္ရွိေၾကာင္းလည္းသိရသည္။