မင်္ဂလာဒုံမြို့နယ်ရှိ မှန်ဘီလူးစက်ရုံမှ ဝန်ထမ်း(၃ဝဝ)ကျော် ခေါ်ယူသွားမည်

 1403

ယွန်း (NP News) - အောက်တိုဘာ ၁၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical (မှန်ဘီလူးစက်ရုံ)မှ တရုတ်စကားပြန် အပါအဝင် ဝန်ထမ်း(၃ဝဝ)ကျော် ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Asia Optical မှ ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အောက်တို ဘာလ(၁၅)ရက်က အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါမှန်ဘီလူးစက်ရုံမှ အခြေခံဝန်ထမ်း(၃ဝဝ)ဦး ခေါ်ယူသွားမည်ဖြစ်ပြီး အခြေခံပညာအလယ်တန်း အဆင့်အောင်မြင်ထားသူ အသက်(၁၈)နှစ်မှ (၃ဝ)နှစ်အတွင်း ဖြစ်ရန်လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်နှင့်အတူ အရပ် ၅ပေ ၂လက်မအထက် အဆောင်တွင် နေထိုင်နိုင်သူများကိုသာ ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ အသက်(၃ဝ)မှ (၃၇)နှစ်အတွင်းရှိ သန့်ရှင်းရေးဝန်ထမ်း အမျိုးသား(၂)ဦးကိုလည်း ထပ်မံခေါ်ယူသွားမည်ဖြစ်ပြီး တရုတ်ကျောင်း(အလယ်တန်း)နှင့် မြန်မာကျောင်း(အထက်တန်း) အဆင့်ရှိသော တရုတ်စကားပြန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၁ဝ)ဦးကိုလည်း အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အင်တာဗျူးဖြေဆိုခွင့်အား အောက်တိုဘာလ(၁၇)ရက်တွင် (၂)ကြိမ်ခွဲ၍ ဖြေဆိုခွင့်ပေးမည်ဖြစ်ပြီး အိမ်ထောင်စု ဇယား၊ မှတ်ပုံတင်၊ ကိုဗစ်ကာကွယ်ဆေးလက်မှတ်၊ ပညာအရည်အချင်းထောက်ခံစာ၊ ရဲစခန်း/ရပ်ကွက် ထောက်ခံစာများအား ယူ ဆောင်လာရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံရေးအခြေအနေများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုများကြောင့် ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်မှုများရှိနေသည်ကိုလည်း တွေ့ရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္ရွိ မွန္ဘီလူးစက္႐ုံမွ ဝန္ထမ္း(၃ဝဝ)ေက်ာ္ ေခၚယူသြားမည္
ယြန္း (NP News) - ေအာက္တိုဘာ ၁၆

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ မဂၤလာဒုံစက္မႈဇုန္ရွိ Myanmar Asia Optical (မွန္ဘီလူးစက္႐ုံ)မွ တ႐ုတ္စကားျပန္ အပါအဝင္ ဝန္ထမ္း(၃ဝဝ)ေက်ာ္ ေခၚသြားမည္ျဖစ္ေၾကာင္း သိရသည္။

Myanmar Asia Optical မွ ၎တို႔၏လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေအာက္တို ဘာလ(၁၅)ရက္က အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါမွန္ဘီလူးစက္႐ုံမွ အေျခခံဝန္ထမ္း(၃ဝဝ)ဦး ေခၚယူသြားမည္ျဖစ္ၿပီး အေျခခံပညာအလယ္တန္း အဆင့္ေအာင္ျမင္ထားသူ အသက္(၁၈)ႏွစ္မွ (၃ဝ)ႏွစ္အတြင္း ျဖစ္ရန္လိုအပ္ေၾကာင္း သိရသည္။

ထို႔ျပင္ ကိုဗစ္(၁၉)ကာကြယ္ေဆးထိုးၿပီးေၾကာင္း လက္မွတ္ႏွင့္အတူ အရပ္ ၅ေပ ၂လက္မအထက္ အေဆာင္တြင္ ေနထိုင္ႏိုင္သူမ်ားကိုသာ ေခၚယူမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အလားတူ အသက္(၃ဝ)မွ (၃၇)ႏွစ္အတြင္းရွိ သန႔္ရွင္းေရးဝန္ထမ္း အမ်ိဳးသား(၂)ဦးကိုလည္း ထပ္မံေခၚယူသြားမည္ျဖစ္ၿပီး တ႐ုတ္ေက်ာင္း(အလယ္တန္း)ႏွင့္ ျမန္မာေက်ာင္း(အထက္တန္း) အဆင့္ရွိေသာ တ႐ုတ္စကားျပန္ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း(၁ဝ)ဦးကိုလည္း အဆိုပါစက္႐ုံတြင္ အလုပ္လုပ္ကိုင္ႏိုင္ရန္ ေခၚယူသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အင္တာဗ်ဴးေျဖဆိုခြင့္အား ေအာက္တိုဘာလ(၁၇)ရက္တြင္ (၂)ႀကိမ္ခြဲ၍ ေျဖဆိုခြင့္ေပးမည္ျဖစ္ၿပီး အိမ္ေထာင္စု ဇယား၊ မွတ္ပုံတင္၊ ကိုဗစ္ကာကြယ္ေဆးလက္မွတ္၊ ပညာအရည္အခ်င္းေထာက္ခံစာ၊ ရဲစခန္း/ရပ္ကြက္ ေထာက္ခံစာမ်ားအား ယူ ေဆာင္လာရမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

ႏိုင္ငံေရးအေျခအေနမ်ားႏွင့္ ကိုဗစ္-၁၉ ကပ္ေရာဂါ၏ ႐ိုက္ခတ္မႈမ်ားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စားဝတ္ေနေရးအတြက္ အလုပ္အကိုင္အခြင့္အလမ္း လိုအပ္မႈမ်ားရွိေနသည္ကိုလည္း ေတြ႕ရသည္။

Picture

Omi mi

16/10/2022 23:13

ဘယ်ကို ခေါ်သွားမှာ လဲသိချင်တာ

Related news

© 2021. All rights reserved.